ကျွန်မနေနိုင်သွားခဲ့ပြီ
Messenger မှာ
ဘယ်သူကများစာပို့ထားမလည်းဆိုပြီး
ကျွန်မစိတ်မဝင်စားတော့ဘူး
လတစ်လကုန်ဆုံးလို့
နေ့သစ်ရဲ့ ပထမဆုံးရက်မှာ
ကျွန်မဖုန်းထဲက အဝင်ကောတွေမရှိလည်း
ကျွန်မ ဝမ်းမနည်းတတ်တော့ဘူး
နေမကောင်းတဲ့အခါ
ဘယ်သူမှ ဂရုမစိုက်ပေးလို့လည်း
ကျွန်မ အားမငယ်တော့ဘူး
ကျွန်မစိတ်တွေ ပြိုကျနေတဲ့အချိန်မှာ
ဘယ်သူမှ အနားမှာရှိနေမပေးလို့လည်း
သိမ်ငယ်စိတ်တွေ မဝင်တော့ဘူး
အရင်တုန်းက ဘယ်သူမှမရှိရင် မဖြစ်တဲ့ကျွန်မ
အခုတော့
ဘယ်သူမှမရှိလည်း နေနိုင်သွားခဲ့ပြီ
ကျွန်မသိခဲ့ရတာတစ်ခု
ဘယ်သူမှ ကျွန်မအနားမှာ အကြာကြီးရှိနေချင်ကြတာမဟုတ်ဘူး
ဒါကြောင့်
ကျွန်မအတွက် ကျွန်မရှိနေရုံနဲ့လုံလောက်တယ် ။
ဖားစည်ရည်ကျော်

إرسال تعليق