စာဖတ်တဲ့အခါ Notes ဘယ်လို ထုတ်မလဲ?

စာဖတ်တဲ့အခါ Notes ဘယ်လို ထုတ်မလဲ?


Dream Lab က စာအုပ်တွေ ဖတ်ပြီးတဲ့အခါ ဘာတွေ ဖတ်လိုက်လဲ ဆိုတာ မမှတ်မိဘဲ ဖြစ်နေလား?

စာအုပ်ထဲက အကြောင်းအရာတွေကို သေချာနားမလည်ဘဲ လက်တွေ့ဘဝမှာ အသုံးမချနိုင်ဘဲ ဖြစ်နေလား?

ဒါဆိုရင်‌တော့ စာဖတ်ရင်းနဲ့ Notes ထုတ်တဲ့ နည်းလမ်းကို သိထားဖို့ လိုပါလိမ့်မယ်။

စာအုပ်ဖတ်တဲ့အခါ မှတ်စုမှတ်ခြင်းက စာလေ့လာတဲ့အခါပဲ ဖြစ်ဖြစ်၊ Development စာအုပ်တွေ ဖတ်တဲ့အခါပဲ ဖြစ်ဖြစ် အကျိုးကျေးဇူးတွေ ရစေပါလိမ့်မယ်။

- စာအုပ်ထဲက အကြောင်းအရာတွေနဲ့ အိုင်ဒီယာတွေကို စုစည်း‌ပေးပါတယ်။
- စာဖတ်တဲ့အခါမှာ အာရုံစူးစိုက်နေစေဖို့ ကူညီပေးပါတယ်။
- ဖတ်ခဲ့ဖူးတာတွေကို မှတ်တမ်းတင်ထားပြီး နောင်တစ်ချိန် ပြန်လိုချင်တဲ့အခါ ရှာဖွေရလွယ်ကူစေပါတယ်။
- စာအုပ်ဖတ်နေချိန်မှာ နက်နက်ရှိုင်းရှိုင်း တွေးနိုင်စေပါတယ်။
- စာအုပ်ရဲ့ အဓိက အိုင်ဒီယာနဲ့ အနှစ်ချုပ်ကို ရစေပါတယ်။

ဒီတော့ Notes ထုတ်တော့မယ်ဆိုရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နည်းလမ်းတိုင်းက ကိုယ်နဲ့ အဆင်ပြေမှာ မဟုတ်တဲ့အတွက် ကိုယ်နဲ့ ကိုက်ညီတဲ့ နည်းလမ်းကို ရွေးချယ်တတ်ဖို့တော့ လိုအပ်ပါတယ်။

👉 စာအုပ်နဲ့ မှတ်စုမှတ်ခြင်း

ဒါကတော့ သမားရိုးကျ သဘာဝ နည်းလမ်းပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ စာရွက်နဲ့ မှတ်တာထက် စာအုပ်တစ်အုပ် သတ်သတ်မှတ်မှတ် ထားစေချင်ပါတယ်။ ကိုယ့်လက်ရေးနဲ့ ကိုယ်ဆိုတော့ ပိုမှတ်မိလွယ်ပြီး ကိုယ့်စိတ်ကြိုက် အသေးစိတ်လို့လဲ ရပါသေးတယ်။ 

အဓိက စကားလုံးတွေ၊ စကားစုတွေနဲ့ စာကြောင်းတွေကို ချရေးထားပြီး မြင်သာစေဖို့အတွက် Highlight လုပ်တာမျိုး၊ ပုံလေးတွေ သုံးတာမျိုးကိုလဲ ပြုလုပ်လို့ရပါသေးတယ်။

👉 Application များ အသုံးပြုခြင်း

နည်းပညာရဲ့ အကူအညီကို အပြည့်အဝအသုံးချပြီး Evernote, OneNote တို့လိုမျိုး Application တွေကို အသုံးပြုပြီးတော့လဲ မှတ်စုတွေ ထုတ်နိုင်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ Sync လုပ်လို့ရတဲ့အတွက် ကိုယ့်ရဲ့  Electronic Devices တွေ အကုန်လုံးမှာ ပြန်ကြည့်လို့ရမှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

စစချင်းမှာတော့ အသားကျဖို့ အချိန်ယူရပေမဲ့ အချိန်ကုန် သက်သာသလို Efficient ဖြစ်လှတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဓာတ်ပုံ၊ အသံဖိုင်နဲ့ ဗီဒီယိုဖိုင်တွေကိုလဲ ထည့်သွင်းလို့ရပါသေးတယ်။

👉 Mind Map ဆွဲခြင်း

နောက်ပိုင်း Notes ထုတ်တဲ့ နည်းလမ်းတွေထဲမှာ လူသိများလာတဲ့ နည်းလမ်းတစ်ခုကတော့ Mind Map ဆွဲခြင်း ဖြစ်ပါတယ်။ အဓိကအိုင်ဒီယာကို ဗဟိုပြုပြီး သစ်ကိုင်းပုံစံ ဖြန့်ကျက် စဥ်းစားတဲ့ နည်းလမ်း ဖြစ်ပါတယ်။ 

ဦးနှောက် အလုပ်လုပ်တဲ့ ပုံစံအတိုင်း စဥ်းစားတာ ဖြစ်တဲ့အတွက် ပိုထိရောက်ပြီး အဓိက စကားလုံးတွေကို ဆန်းသစ်တဲ့ ပုံစံတွေ၊ အရောင်တွေနဲ့ ဖန်တီးလို့ရတဲ့ အတွက် ပိုမှတ်မိစေပါတယ်။ စာအုပ်မှာ ကိုယ်တိုင် ဆွဲလို့ရသလို၊ Microsoft Word, Free Mind တို့လို Software တွေမှာလဲ အသုံးပြုလို့ရပါတယ်။

ဇယားပုံစံ မှတ်စု မှတ်တာမျိုးလို တခြား နည်းလမ်းများစွာ ရှိသေးတဲ့အတွက် ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ Notes ထုတ်တဲ့အခါမှာ သတိထားရမယ့် အချက်လေးတွေလဲ ရှိပါတယ်။ ဒါတွေကတော့

☑️ စာအုပ်ထဲက စကားလုံးတွေထက် ကိုယ့်ရဲ့ ကိုယ်ပိုင် စကားလုံးတွေကို အသုံးပြုပါ။
☑️ ရှုတ်ရှပ်ခတ်နေအောင် Highlight မလုပ်မိပါစေနဲ့
☑️ အိုင်ဒီယာတစ်ခု ပြီးအောင် ဖတ်ပြီးမှာ မှတ်စုထုတ်ပါ။
☑️ စာအုပ်ထဲကအတိုင်း အတိအကျရေးစရာ မလိုပါဘူး။ တိုတိုနဲ့ လိုရင်း အဓိက စကားလုံးတွေကို သုံးပါ။
☑️ ဆက်စပ်တွေးခေါ်မိတဲ့ အိုင်ဒီယာတွေကိုလဲ ချမှတ်ပါ။
☑️ Notes တွေကို ပြန်လည်လေ့လာပါ။ တွေးခေါ်ပါ။ ပစ်မထားပါနဲ့။

ဒါဆိုရင်တော့ စာဖတ်တဲ့အခါ ပိုပြီး ထိရောက်လာမှာ ဖြစ်သလို ဖတ်ပြီးတဲ့အခါမှာလဲ လက်တွေ့ဘဝမှာ အသုံးချနိုင်လာပါလိမ့်မယ်။

www.dreamlab.news 
နေ့စဥ် စာတစ်အုပ်ဖတ်ပါ။
#DreamLab #BookSummary #VideoBookSummary

Post a Comment

أحدث أقدم

Comments