မိနစ်တိုင်းကို Plan ချတတ်ဖို့လိုတယ်
တစ်နေ့တာရဲ့ မိနစ်တိုင်းကို Plan ချတတ်ဖို့လိုတယ်။
အများစုက ဒီလို Plan ချတာ လွတ်လပ်မှု မရှိဘူး ပြောလိမ့်မယ်။
ဒါပေမယ့် စနစ်ကျတဲ့ တစ်နေ့တာက လွတ်လပ်မှုကို ဖန်တီးပေးတယ်။
Plan မရှိတဲ့သူဟာ အချိန်တိုင်းမှာ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ ဝေဝါးနေတယ်၊ မပြီးပြတ်သေးတဲ့ ဝတ္တရားတွေအတွက် တွေးပူနေတယ်၊ သွေးဆောင်မှုတွေနောက်လိုက်ရင်း အာရုံလွင့်နေတယ်။
တစ်ဖက်မှာ Plan ချထားတဲ့သူက မိနစ်တိုင်းမှာ ကိုယ်လုပ်ရမယ့် တာဝန်တွေ ပြတ်သားတယ်၊ လုပ်ရမယ့် အချိန်မှာလည်း ထမင်းမေ့ဟင်းမေ့ အာရုံစိုက်လုပ်နိုင်တယ်။
ကိုယ်လုပ်နေသမျှက သမိုင်းပေးတာဝန်နဲ့ ထပ်တူကျအောင် ဒီဇိုင်းဆွဲပြီးသားဖြစ်လို့ သံသယတွေ မရှိဘူး။
အလုပ်တစ်ခုကို ဘယ်အချိန်လုပ်မလဲဆိုတဲ့အစား၊ ဒီအလုပ်ကို ဘယ်လိုအကောင်းဆုံး လုပ်မလဲဆိုတာ လွတ်လွတ်လပ်လပ် စဉ်းစားနိုင်လာလို့ တိုးတက်မှုတွေ မြင်လာရတယ်။
ကိုယ်က အိမ်ကြီးတစ်အိမ်ဆို တစ်ရက်တာရဲ့ အချိန်ကအုတ်ခဲတွေပဲ။
ကိုယ်တည်ဆောက်ချင်တဲ့ အိမ်ပုံစံပေါ်မူတည်ပြီး ဒီအချိန်အုတ်ခဲတွေကို အသုံးပြုရတယ်။
ကိုယ်ရောက်ချင်တဲ့ ဘဝအမြင့်ကို ရောက်ဖို့သေချာချင်ရင်၊ မိနစ်တိုင်းကို အလေအလွင့်မဖြစ်အောင် Plan ချတတ်ဖို့ လိုလိမ့်မယ်။
ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

Post a Comment