ရင့်ကျက်လာတဲ့ လက္ခဏာများ
(Signs of Maturity)
ရှင်းပြချင်စိတ် နည်းသွားတယ်။ငြင်းခုန်ရတာ
မုန်းလာတယ်။
တိတ်တိတ်လေးနေရတာ ကြိုက်လာတယ်။
Private Life ကို ပိုနှစ်သက်လာတယ်။
စွန့်လွှတ်သင့်တာတွေ စွန့်လွှတ်ပြီး ဆုပ်ကိုင်
သင့်တာ ဆုပ်ကိုင်ထားတယ်။လူတွေကို ပို
ခွင့်လွှတ်တတ်လာတယ်။
ညည်းညူနေတာလျှော့ပြီး ဘဝရဲ့အဆင်မပြေ
မှုတွေကို အကောင်းဆုံး ရင်ဆိုင်သွားတယ်။
Nothing Lasts Forever ဆိုတဲ့စကား
အတိုင်း ဘယ်အရာမှ မတည်မြဲဘူးဆိုတာ
ပိုလက်ခံတတ်လာပြီး တွယ်တာစိတ်တွေ
စွဲလန်းစိတ်တွေ လျှော့လာတယ်။
ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်တယ်။
နည်းနည်းသာပြောပြီး များများလုပ်တယ်။
သူများအကြောင်း တစ်ချိန်လုံးအတင်းပြော
တာထက် ကိုယ့်အတွက် အကျိုးရှိစေမဲ့
အရာတွေ ပိုလုပ်တတ်လာတယ်။ဥပမာ
စာပိုဖတ်လာတယ်၊တရားထိုင်တယ်။
ကိုယ့်ဘဝကို မကျေမနပ်မဖြစ်တော့ဘဲ
ကိုယ့်ကိုယ်ကိုယ် ပွေ့ဖက်ရင်း ပိုရှင်သန်
တတ်လာတယ်။
ဟန်ဆောင်ကောင်းလာတယ်။ငိုချင်နေရင်တောင်
ပြုံးပြပြီး သန်မာတဲ့ပုံစံအဖြစ်နဲ့ပေါ့။
စိတ်ခံစားချက်တွေကို ထိန်းချုပ်လာနိုင်တယ်။
အချစ်အတွက် အများကြီး မခံစားတော့ဘဲ
ဘဝတိုးတက်ရေးအတွက် ပိုအာရုံစိုက်ဖြစ်
တယ်။ဥပမာ ပိုက်ဆံ ပိုရှာမယ် အလုပ်ကြိုး
စားမယ် ပညာတွေ ဆက်သင်မယ်။
လူတိုင်း ကိုယ့်ကို သဘောမကျနိုင်ဘူးဆိုတာ
ပိုလက်ခံတတ်လာတယ်။ဘယ်လိုနေနေ
အမြင်ကတ်တဲ့လူရှိသလို ချစ်တဲ့လူ အနည်း
စုတော့ ရှိနေမှာပဲလို့ သိထားတယ်။
ကိုယ့်ပျော်ရွှင်မှုကို ပိုဦးစားပေးတတ်လာတယ်။
စိတ်အေးချမ်းခြင်းအတွက် သူများအပူကို
မယူသလို ကိုယ့်အပူလည်း သွားမပေးဘူး။
ငြိမ်းချမ်းတဲ့ရပ်ဝန်းဆီ ပိုချဉ်းကပ်နေတယ်။
#နူးနူးအောင်
23 December,22
Signs of maturity
(Signs of Maturity)
I don't want to explain. I have to argue
I started to hate it.
I started to like being quiet.
I started to like Private Life more.
Let go of what you should let go of
You hold it. More people
Learned to forgive.
Less complaining and inconvenience in life
I faced the best.
Nothing Lasts Forever
As nothing is permanent
Become more accepting and attached
I became less addicted.
Do your duty.
He said less and did more.
Talk about others all the time
Rather than benefit yourself
I learned to do more things. For example
I read more and meditated.
I am no longer dissatisfied with my life
Embrace yourself and live more
Learned.
Even if I want to cry
Smile and look strong.
You can control your emotions.
I no longer feel much for love
Focus more on improving life
For example, I will earn more money and work
I will eat and continue learning.
Everyone can't like you
Learned to accept more. How to live
There are few people who love people who have vision
I know it will be there.
I learned to prioritize my own happiness.
The heat of others for peace of mind
I don't take it and I don't give my own heat.
We are getting closer to the peaceful zone.
#Noo Noo Aung
23 December, 22

Post a Comment