"English Speaking" စကားပြောအတွက် အားဖြည့်ဝါကျများ (၁၅)

"English Speaking" 
စကားပြောအတွက် အားဖြည့်ဝါကျများ (၁၅)


 321. I have always been careful with money.
ငါ ပိုက်ဆံကို အမြဲ ဂရုစိုက်သုံးတယ်။ (အပိုကိစ္စတွေအတွက် မဖြုန်းဘူး)

 322. I'd go crazy if I lived here.
ငါသာဒီမှာနေရရင်တော့ ရူးလိမ့်မယ်။

 323. Is it within walking distance?
လမ်းလျှောက်သွားလောက်အောင် နီးသလား။

 324. Always try to live within your income.
OR
Always try to live within your means.
ကိုယ့်ဝင်ငွေထက် ပိုမသုံးပါနဲ့။ (ရှာနိုင်တာထက် ပိုမသုံးနဲ့)

 325. She was caught using a crib sheet in the exam.
စာမေးပွဲမှာ ဖွက်ယူလာတဲ့ မှတ်စုစာရွက်ကနေ သူ စာခိုးချနေတုန်း ဖမ်းမိသွားတယ်။ (crib sheet အစား cheat sheet လို့လည်း သုံးနိုင်တယ်။)

 326. You can't keep using your bad back as an excuse.
ကျောကုန်းနာနေလို့ဆိုတာကိုပဲ မင်း ဆင်ခြေပေးနေလို့ မရဘူးလေ။

 327. Please use the cooking oil sparingly as it is quite expensive.
ဈေးအတော်လေးကြီးလို့ ဆီကို ချွေတာသုံးပါ။

 328. Can't you see he's just using you for his own ends?
သူ့ရဲ့ကိုယ်ကျိုးအတွက်သာ မင်းကို အသုံးချနေတာကို မင်း သဘောမပေါက်ဘူးလား။

 329. Yes. I felt used.
​ဟုတ်တယ်။ ငါ ခေါင်းပုံဖြတ်ခံလိုက်ရသလို ခံစားရတယ်။

 330. I am busy at the moment.
ငါ အခု အလုပ်များနေတယ်။

 331. I said "yes" to him in a moment of weakness.
စိတ်မထိန်းနိုင် (စိတ်ယိမ်းယိုင်)တဲ့အချိန်လေးမှာ သူ့ကို ရတယ်လို့ ငါ ပြောခဲ့မိတယ်။

 332. I'm telling you all this man to man.
ငါ မင်းကို ဒီကိစ္စတွေကို ယောက်ျားအချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောပြနေတာ။

 333. You can’t keep a good man down.
တကယ်အောင်မြင်ချင်သူက မဖြစ်ဖြစ်အောင် လုပ်မှာပဲ။

 334. She was more of a hindrance than a help.
သူက ကူညီရာမရောက်ဘဲ အနှောင့်အယှက်/အဟန့်အတားဖြစ်နေတယ်။

 335. I felt refreshed in mind and body.
ကိုယ်ရော စိတ်ပါ လန်းဆန်းသွားတယ်။

 336. He had the body of a man and the mind of a child.
သူက ခန္ဓာကိုယ်ကသာ လူကြီး၊ အသိဉာဏ်ကတော့ ကလေးသာသာပဲ။

 337. When I saw the exam questions, my mind just went blank.
စာမေးပွဲမေးခွန်းတွေကိုလည်း တွေ့လိုက်ရော ငါ့စိတ်ထဲ ဗလာကြီးဖြစ်သွားတော့တာပဲ။ (ဖတ်ထားတာတွေ ဘာမှ မမှတ်မိတော့ဘူး)

 338. The thought never crossed my mind!
ငါ အဲဒီလို ဘယ်တော့ကမှ မစဉ်းစားမိခဲ့ဘူး။

 339. I’m sorry I didn’t tell you. It completely slipped my mind.
မင်းကို ငါ မပြောမိဘူး။ လုံးဝမေ့သွားတယ်ကွာ။

 340. We are looking for a place to eat.
ငါတို့ စားဖို့ ဆိုင်ရှာနေတာ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
January 14, 2023

Post a Comment

أحدث أقدم

Comments