You never miss the water till the well runs dry. တဲ့။ လူတယောက်ရဲ့တန်ဖိုးကို သူမရှိတော့မှ သိကြတဲ့အခါမျိုးမှာလည်း ဒီဆိုရိုးကိုသုံးတတ်ကြတယ်။

လူတချို့က အလကားရနေတဲ့ အရာဆိုရင် ခပ်ပေါ့ပေါ့ဘဲ၊ တန်ဖိုးမထားမိတတ်ကြတာများတယ်။ အဲဒီလို သဘောထားတတ်တာကို take it for granted လို့ English မှာသုံးတယ်။ ခပ်ပေါ့ပေါ့ဘဲ၊ ပုံမှန်ဒီလိုပဲ ဆက်ရှိနေမှာပဲလို့ အပိုင်တွက်ထားတတ်တာမျိုး။
ပုံမှန် အလွယ်တကူ၊ အလကားရနေတဲ့ အရာ၊ အရင်လိုမရတော့ဘူးဆိုမှ သူ့ကို တမ်းတကြ၊ သူ့တန်ဖိုးကို နားလည်တတ်ကြတာလည်း လူ့သဘာဝပါပဲ။
အဲဒီသဘောကို အင်္ဂလိပ်စကားမှာ ဆိုရိုးတစ်ခုရှိတယ်။
ရေတွင်းထဲက ရေ ထွက်နေသရွေ့၊ ခပ်လို့ရနေသရွေ့၊ ရေရဲ့တန်ဖိုးကို ပေါ့ပေါ့ဘဲ သဘောထားကြတယ်။ ရေတွင်း ခန်းခြောက်သွားပြီ၊ ရေခပ်လို့မရတော့ဘူးဆိုတော့မှ အရင် အလွယ်တကူရနေခဲ့တဲ့ ရေကို လွမ်းမိကြတာမျိုးကို


You never miss the water till the well runs dry. တဲ့။
လူတယောက်ရဲ့တန်ဖိုးကို သူမရှိတော့မှ သိကြတဲ့အခါမျိုးမှာလည်း ဒီဆိုရိုးကိုသုံးတတ်ကြတယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

Previous Post Next Post

Comments