Period Flu ဆိုတာ ဘာများလဲ!


Flu ဆိုတော့ တုပ်ကွေး ဒီတော့ Period Flu ဆိုတာက ရာသီလာချိန်မှာ ခံစားရတဲ့ တုပ်ကွေးပေါ့လို့ အဓိပ္ပါယ် မဖွင့်ဆိုခင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ ပြောချင်ပါတယ်။ 

Period fluဆိုတာက ကျန်းမာရေးပြဿနာပါ။ ဒါပေမယ့် Period flu ခံစားရတဲ့အခါ ခေါင်းကိုက်တာ၊ အစာခြေစနစ် မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာလိုမျိုး တုပ်ကွေးဆန်ဆန် လက္ခဏာတွေကို ခံစားရပါတယ်။ 

တုပ်ကွေးဆန်ဆန် လက္ခဏာတွေကို ခံစားကြရပေမယ့် ဒီလက္ခဏာတွေက တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ခံစားရတာမျိုးတော့ မဟုတ်ပါဘူး။ ရာသီလာခါနီးမှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲတာကြောင့် အခုလို လက္ခဏာမျိုးတွေကို ခံစားရတာပါ။   

Period flu လက္ခဏာတွေက ရာသီအကြိုလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလက္ခဏာကို မျိုးဥကြွေပြီးချိန်နဲ့ ရာသီသွေးမဆင်းခင် ကြားကာလမှာ ခံစားကြရပါတယ်။ ဒီလက္ခဏာတွေက ကြီးကြီးမားမား ထိခိုက်စေတာမျိုး မရှိသလို ပြင်းထန်လေ့ မရှိကြပါဘူး။ 

Period flu က စိုးရိမ်စရာ မရှိဘူးဆိုပေမယ့် ကုသပျောက်ကင်းနိုင်မယ့် ဆေးဝါးရယ်လို့လည်း တိတိပပ မရှိပါဘူး။ အိမ်တွင်းကုထုံးတွေနဲ့ပဲ သက်သာအောင် လုပ်လို့ရပါတယ်။ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ပါရာပါတဲ့ ဆေးလေးတွေ သောက်ပေးတာက နည်းလမ်းကောင်းပါ။

Period flu ခံစားနေရတာလား!

Period flu ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • လေပွတာ
  • ဟန်ချက်မညီသလို ခံစားရတာ
  • အစားတွေ အရမ်းစားချင်နေတာ
  • ဝမ်းချုပ်တာ၊ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ခံစားနေရတာ
  • ခေါင်းကိုက်တာ
  • အသံတွေကို မခံနိုင်တာ
  • အလင်းတွေကို မခံနိုင်တာ
  • ရင်သားတွေ နာကျင်နေတာ
  • အဆစ်တွေ ကိုက်ခဲတာ
  • ကြွက်သားတွေနာကျင်ကိုက်ခဲတာ
  • ဗိုက်ထဲကနာတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

ဒီလက္ခဏာတွေကို ရာသီမလာခင်ရက်တွေနဲ့ ရာသီအစပိုင်းရက်တွေမှာ ခံစားရနိုင်ပါတယ်။ 

Period flu ကို ဘာက ဖြစ်စေတာလဲ!

Period flu  ကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက ကိုယ်တွင်းမှာ  Prostaglandins မြင့်တက်ပြီး အီစထရိုဂျင်ဟော်မုန်း ကျဆင်းသွားတာကြောင့်ပါ။ ဒီအခြေအနေက သားအိမ်နံရံ ကြွက်သားတွေကို ကျုံစေပြီး ခန္ဓာကိုယ်မှာ မအီမသာဖြစ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ 

Prostaglandinsက နာကျင်ကိုက်ခဲမှုတွေကို ခံစားရနိုင်သလို ဝမ်းပျက်တာမျိုးကိုလည်း ခံစားရစေနိုင်ပါတယ်။ ကိုယ်တွင်းမှာ Prostaglandins မြင့်တက်လာချိန်မှာ ကိုယ်အပူချိန် မြင့်တက်လာပြီး မျိုးဥကြွေချိန်တလျှောက်မှာလည်း ကိုယ်အပူချိန်က မြင့်တက်နေမှာပါ။

ဒီအခြေအနေက ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်လို့ ခံစားရတဲ့ အနေအထားနဲ့ ခပ်ဆင်ဆင်ဖြစ်နေမှာပါ။ တကယ်ကတော့ တုပ်ကွေးမဟုတ်ဘဲ Period flu  ကို ခံစားနေရတာပါ။

The post Period Flu ဆိုတာ ဘာများလဲ! appeared first on LOTOSHINN.



Source link

Post a Comment

Previous Post Next Post

Comments