The Mask ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ် ရောင်းမထွက်သေး သောကြောင့် ပဉ္စမအကြိမ် ဈေးလျှော့ပေးလာ၊ မူလခေါ်ဈေးအောက် ကန်ဒေါ်လာ ၉ သန်းအထိ ဈေးလျှော့ပေး - iMyanmarHouse.com


[Unicode]

ဂျင်မ်ကာရေး (Jim Carrey) သည် ဟာသရုပ်ရှင်ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သူ ဖြစ်သည်။

သို့သော် ဂျင်မ်ကာရေးအနေဖြင့် လော့စ်အိန်ဂျလိစံအိမ်ကို ရောင်းထုတ်ရန် ကြိုးစားနေသည်မှာ ၂ နှစ်ခန့်ရှိ ခဲ့ပြီဖြစ်ပြီး ရောင်းမထွက်သောကြောင့် အကြိမ်ကြိမ် ဈေးလျှော့ပေးခဲ့သည့်တိုင် ယနေ့အထိ ဝယ်လက်မပေါ် သေးသောကြောင့် ယခုအခါတွင်လည်း ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်း ထပ်မံဈေးလျှော့ ပေးခဲ့ရခြင်းနှင့် စပ်လျဉ်းပြီး ဟာသသရုပ်ဆောင် ဂျင်မ်ကာရေး ပျော်ရွှင်နိုင်ခြင်း ရှိမည်လားဟူသည်မှာ သံသယဖြစ်ဖွယ်ရှိသည်။

အသက် ၆၂ နှစ်ရှိပြီဖြစ်သော ဂျင်မ်ကာရေးသည် အိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၉ ခန်းပါ လော့စ်အိန်ဂျလိစံအိမ်ကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်းအထိ ဈေးခေါ်ခဲ့သည်။

ကမ္ဘာကျော် ရုပ်ရှင်မင်းသားပိုင်ဆိုင်ခဲ့သည့်အပြင် ဓာတ်ပုံရိုက်ရန် အလွန်ကောင်းသည့် amenities များ ပါဝင်သည့်တိုင် ရောင်းမထွက်သောကြောင့် ၂ လအကြာတွင် ကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်းသို့ ဈေးလျှော့ ပေးခဲ့သည်။

(ဆက်စပ်သတင်း)

The Mask ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်းဖြင့် ရောင်းမည်

https://www.imyanmarhouse.com/news/read/1072802

 

သို့တိုင် ရောင်းမထွက်ခဲ့။

ထို့ကြောင့် ဂျင်မ်ကာရေးက ထိုနှစ်အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂၃ ဒသမ ၉၅ သန်းသို့ ထပ်မံ ဈေးလျှော့ပေးကာ ဝယ်လက်မျှော်ခဲ့ပြန်သော်လည်း စိတ်ပျက်စရာသာ ကြုံရပြန်သည်။

(ဆက်စပ်သတင်း)

The Mask ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိမှ စံအိမ်ကြီး ရောင်းမထွက် သောကြောင့် ကန်ဒေါ်လာ ၂၄ သန်းသိို့ ဈေးလျှော့ပေးလာ

https://www.imyanmarhouse.com/news/read/1100125

 

သို့နှင့် ဂျင်မ်ကာရေးက နည်းတစ်မျိုးပြောင်းကာ ဈေးကွက်တင်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလတွင် ကန်ဒေါ်လာ ၂၁ ဒသမ ၉ သန်းသို့ တတိယအကြိမ် ဈေးလျှော့ပေးပြီး အရောင်းဈေးကွက်တွင် ၄ လခန့် ထားရှိခဲ့၏။

(ဆက်စပ်သတင်း)

ဂျင်မ်ကာရေးက လော့စ်အိန်ဂျလိစံအိမ်ကို အဆက်မပြတ် ဈေးလျှော့ပေးနေသော်လည်း ရောင်းမထွက် သောကြောင့် တတိယအကြိမ် ဈေးလျှော့ပေးလာပြန်

https://www.imyanmarhouse.com/news/read/1112311

 

(ဂျင်မ်ကာရေးသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီမှစတင်ကာ ယခုအချိန်ထိ၅ ကြိမ်တိုင် ဈေးလျှော့ပေးခဲ့သည်။ ဓာတ်ပုံ-Realtor)

 

(မြင့်မားသော မျက်နှာကြက်များရှိကာ သဘာဝအလင်း အလွန်ကောင်းသော စံအိမ်ကို မူလက ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်း ဈေးခေါ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

 

(ဓာတ်ပုံရိုက်ရန် အလွန်ကောင်းသော စံအိမ်ဖြစ်သော်လည်း ဂျင်မ်ကာရေးမှာ ဝယ်လက်ရှာမတွေ့ဘဲ အကြိမ်ကြိမ် ဈေးလျှော့ပေးနေရသည်။ ဓာတ်ပုံ-Realtor)

 

(စံအိမ်နောက်ဘက်တွင် ရေတံခွန်ပါသော ရေကန်၊ ဧည့်ဂေဟာအိမ်၊ sauna ၊ ရေနွေးငွေ့ခန်း၊ meditation နေရာအပြင် အခြားအရာများစွာ ရှိသည်။ ဓာတ်ပုံ-Realtor)

 

ယခုဈေးခေါ်ထားသည်မှာ ကန်ဒေါ်လာ ၁၉ ဒသမ ၇၅ သန်း ဖြစ်သည်။

ယခုဈေးဖြင့် ရောင်းထွက်လျှင် ၁၉၉၄ ခုနှစ်က ဂျင်မ်ကာရေး ဝယ်ယူထားခဲ့သော ဈေးနှုန်းထက် ကန်ဒေါ်လာ ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းခန့် မြတ်စွန်းနေဆဲ ဖြစ်သည်။

 

(ပန်းခြံစည်းရိုးကာ မျက်နှာစာကြောင့် အများမြင်ကွင်းမှ ပိတ်ကာပေးထားရာ နေထိုင်သူများအဖို့ privacy ကောင်းစွာ ရရှိစေမည်ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(meditation နှင့် ယောဂနေရာ။ ဓာတ်ပုံ-Realtor)

 

(မီဒီယာခန်းမ။ ဓာတ်ပုံ-Realtor)

 

(ဧည့်သည်များ အပန်းဖြေနိုင်မည့်နေရာများစွာ ပါဝင်သည်။ ဓာတ်ပုံ-Realtor)

 

(တင်းနစ်ကွင်း။ ဓာတ်ပုံ-Realtor)

 

Brentwood ကဲ့သို့ ထိပ်တန်းနေရာတွင် တည်ရှိပြီး ၂ ဧက ကျယ်သော ခြံဝန်းကြီးအတွင်း လှပစိမ်းလန်းသော ပန်းဥယျာဉ်များ ပါဝင်ကာ ဟောလိဝုဒ် ကမ္ဘာကျော်ရုပ်ရှင်မင်းသား ပိုင်ခဲ့သောစံအိမ်ဖြစ်လျက် ရောင်းမထွက် ဖြစ်နေခြင်းမှာ ထူးဆန်းနေပြီး နားလည်ရန် ခက်သော ပုစ္ဆာတစ်ခု ဖြစ်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jim Carrey Slashes Price of L.A. Mansion for a 4th Time—Knocking an Almighty $9 Million Off the Original Ask (realtor)

Photo Credit-Realtor

 

[Zawgyi]

The Mask ရုပ္ရွင္ကားျဖင့္ ကမၻာေက်ာ္ခဲ့သူ ဂ်င္မ္ကာေရးက ေလာ့စ္အိန္ဂ်လိစံအိမ္ ေရာင္းမထြက္ေသး ေသာေၾကာင့္ ပဥၥမအၾကိမ္ ေစ်းေလွ်ာ့ေပးလာ၊ မူလေခၚေစ်းေအာက္ ကန္ေဒၚလာ ၉ သန္းအထိ ေစ်းေလွ်ာ့ေပး

ဂ်င္မ္ကာေရး (Jim Carrey) သည္ ဟာသရုပ္ရွင္ဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္ခဲ့သူ ျဖစ္သည္။

သို႔ေသာ္ ဂ်င္မ္ကာေရးအေနျဖင့္ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ေရာင္းထုတ္ရန္ ၾကိဳးစားေနသည္မွာ ၂ ႏွစ္ခန္႔ရွိ ခဲ့ျပီျဖစ္ျပီး ေရာင္းမထြက္ေသာေၾကာင့္ အၾကိမ္ၾကိမ္ ေစ်းေလွ်ာ့ေပးခဲ့သည့္တိုင္ ယေန႔အထိ ဝယ္လက္မေပၚ ေသးေသာေၾကာင့္ ယခုအခါတြင္လည္း ကန္ေဒၚလာ ၂ ဒသမ ၁၅ သန္း ထပ္မံေစ်းေလွ်ာ့ ေပးခဲ့ရျခင္းႏွင့္ စပ္လ်ဥ္းျပီး ဟာသသရုပ္ေဆာင္ ဂ်င္မ္ကာေရး ေပ်ာ္ရႊင္ႏိုင္ျခင္း ရွိမည္လားဟူသည္မွာ သံသယျဖစ္ဖြယ္ရွိသည္။

အသက္ ၆၂ ႏွစ္ရွိျပီျဖစ္ေသာ ဂ်င္မ္ကာေရးသည္ အိပ္ခန္း ၅ ခန္း ၊ ေရခ်ဳိးခန္း ၉ ခန္းပါ ေလာ့စ္အိန္ဂ်လိစံအိမ္ကို ၂၀၂၃ ခုႏွစ္ ႏွစ္ဆန္းပိုင္းက စတင္အေရာင္းေစ်းကြက္တင္ခဲ့ျခင္းျဖစ္ျပီး ထုိစဥ္က ကန္ေဒၚလာ ၂၈ ဒသမ ၉ သန္းအထိ ေစ်းေခၚခဲ့သည္။

ကမၻာေက်ာ္ ရုပ္ရွင္မင္းသားပိုင္ဆိုင္ခဲ့သည့္အျပင္ ဓာတ္ပံုရိုက္ရန္ အလြန္ေကာင္းသည့္ amenities မ်ား ပါဝင္သည့္တိုင္ ေရာင္းမထြက္ေသာေၾကာင့္ ၂ လအၾကာတြင္ ကန္ေဒၚလာ ၂၆ ဒသမ ၅ သန္းသို႔ ေစ်းေလွ်ာ့ ေပးခဲ့သည္။

(ဆက္စပ္သတင္း)

The Mask ဇာတ္ကားျဖင့္ ကမၻာေက်ာ္ခဲ့သူ ဂ်င္မ္ကာေရးက ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကန္ေဒၚလာ ၂၆ ဒသမ ၅ သန္းျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1072802

သို႔တုိင္ ေရာင္းမထြက္ခဲ့။

ထို႔ေၾကာင့္ ဂ်င္မ္ကာေရးက ထိုႏွစ္ေအာက္တိုဘာလတြင္ ကန္ေဒၚလာ ၂၃ ဒသမ ၉၅ သန္းသို႔ ထပ္မံ ေစ်းေလွ်ာ့ေပးကာ ဝယ္လက္ေမွ်ာ္ခဲ့ျပန္ေသာ္လည္း စိတ္ပ်က္စရာသာ ၾကံဳရျပန္သည္။

(ဆက္စပ္သတင္း)

The Mask ရုပ္ရွင္ကားျဖင့္ ကမၻာေက်ာ္ခဲ့သူ ဂ်င္မ္ကာေရးက ေလာ့စ္အိန္ဂ်လိမွ စံအိမ္ၾကီး ေရာင္းမထြက္ ေသာေၾကာင့္ ကန္ေဒၚလာ ၂၄ သန္းသိုိ႔ ေစ်းေလွ်ာ့ေပးလာ

https://www.imyanmarhouse.com/news/read/1100125

သို႔ႏွင့္ ဂ်င္မ္ကာေရးက နည္းတစ္မ်ဳိးေျပာင္းကာ ေစ်းကြက္တင္ရန္ ဆံုးျဖတ္ခဲ့ျပီး ၂၀၂၄ ခုႏွစ္ ေမလတြင္ ကန္ေဒၚလာ ၂၁ ဒသမ ၉ သန္းသို႔ တတိယအၾကိမ္ ေစ်းေလွ်ာ့ေပးျပီး အေရာင္းေစ်းကြက္တြင္ ၄ လခန္႔ ထားရွိခဲ့၏။

(ဆက္စပ္သတင္း)

ဂ်င္မ္ကာေရးက ေလာ့စ္အိန္ဂ်လိစံအိမ္ကို အဆက္မျပတ္ ေစ်းေလွ်ာ့ေပးေနေသာ္လည္း ေရာင္းမထြက္ ေသာေၾကာင့္ တတိယအၾကိမ္ ေစ်းေလွ်ာ့ေပးလာျပန္

https://www.imyanmarhouse.com/news/read/1112311

(ဂ်င္မ္ကာေရးသည္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီမွစတင္ကာ ယခုအခ်ိန္ထိ၅ ၾကိမ္တိုင္ ေစ်းေလွ်ာ့ေပးခဲ့သည္။ ဓာတ္ပံု-Realtor)

(ျမင့္မားေသာ မ်က္ႏွာၾကက္မ်ားရွိကာ သဘာဝအလင္း အလြန္ေကာင္းေသာ စံအိမ္ကို မူလက ကန္ေဒၚလာ ၂၈ ဒသမ ၉ သန္း ေစ်းေခၚခဲ့သည္။ ဓာတ္ပံု-Realtor)

(ဓာတ္ပံုရိုက္ရန္ အလြန္ေကာင္းေသာ စံအိမ္ျဖစ္ေသာ္လည္း ဂ်င္မ္ကာေရးမွာ ဝယ္လက္ရွာမေတြ႔ဘဲ အၾကိမ္ၾကိမ္ ေစ်းေလွ်ာ့ေပးေနရသည္။ ဓာတ္ပံု-Realtor)

(စံအိမ္ေနာက္ဘက္တြင္ ေရတံခြန္ပါေသာ ေရကန္၊ ဧည့္ေဂဟာအိမ္၊ sauna ၊ ေရေႏြးေငြ႔ခန္း၊ meditation ေနရာအျပင္ အျခားအရာမ်ားစြာ ရွိသည္။ ဓာတ္ပံု-Realtor)

ယခုေစ်းေခၚထားသည္မွာ ကန္ေဒၚလာ ၁၉ ဒသမ ၇၅ သန္း ျဖစ္သည္။

ယခုေစ်းျဖင့္ ေရာင္းထြက္လွ်င္ ၁၉၉၄ ခုႏွစ္က ဂ်င္မ္ကာေရး ဝယ္ယူထားခဲ့ေသာ ေစ်းႏႈန္းထက္ ကန္ေဒၚလာ ကန္ေဒၚလာ ၃ ဒသမ ၈ သန္းခန္႔ ျမတ္စြန္းေနဆဲ ျဖစ္သည္။

(ပန္းျခံဳစည္းရိုးကာ မ်က္ႏွာစာေၾကာင့္ အမ်ားျမင္ကြင္းမွ ပိတ္ကာေပးထားရာ ေနထိုင္သူမ်ားအဖို႔ privacy ေကာင္းစြာ ရရွိေစမည္ျဖစ္သည္။ ဓာတ္ပံု-Realtor)

(meditation ႏွင့္ ေယာဂေနရာ။ ဓာတ္ပံု-Realtor)

(မီဒီယာခန္းမ။ ဓာတ္ပံု-Realtor)

(ဧည့္သည္မ်ား အပန္းေျဖႏိုင္မည့္ေနရာမ်ားစြာ ပါဝင္သည္။ ဓာတ္ပံု-Realtor)

(တင္းနစ္ကြင္း။ ဓာတ္ပံု-Realtor)

Brentwood ကဲ့သို႔ ထိပ္တန္းေနရာတြင္ တည္ရွိျပီး ၂ ဧက က်ယ္ေသာ ျခံဝန္းၾကီးအတြင္း လွပစိမ္းလန္းေသာ ပန္းဥယ်ာဥ္မ်ား ပါဝင္ကာ ေဟာလိဝုဒ္ ကမၻာေက်ာ္ရုပ္ရွင္မင္းသား ပိုင္ခဲ့ေသာစံအိမ္ျဖစ္လ်က္ ေရာင္းမထြက္ ျဖစ္ေနျခင္းမွာ ထူးဆန္းေနျပီး နားလည္ရန္ ခက္ေသာ ပုစၦာတစ္ခု ျဖစ္ေနသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jim Carrey Slashes Price of L.A. Mansion for a 4th Time—Knocking an Almighty $9 Million Off the Original Ask (realtor)

Photo Credit-Realtor

 



Source link

Post a Comment

Previous Post Next Post

Comments