ပုသိမ်မြို့မှ နိုင်ငံရေးအကျဥ်းသားအချို့၏ ရုံးထုတ်စစ်ဆေးရာသို့ အမှုစစ်ဒုရဲအုပ် လာရောက်ရန် ပျက်ကွက်မှုများကြောင့် အမှုများကြန့်ကြာနေ

ပုသိမ်မြို့မှ နိုင်ငံရေးအကျဥ်းသားအချို့၏ ရုံးထုတ်စစ်ဆေးရာသို့ အမှုစစ်ဒုရဲအုပ် လာရောက်ရန် ပျက်ကွက်မှုများကြောင့် အမှုများကြန့်ကြာနေ


ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်အကျဥ်းထောင်အတွင်းမှ နိုင်ငံရေးအကျဥ်းသားအချို့၏ ထောင်တွင်းတရားရုံး၌ ရုံးထုတ်စစ်ဆေးရာသို့ အမှုစစ်ဒုရဲအုပ် လာရောက်ရန် ပျက်ကွက်မှုကြောင့် အမှုများ ကြန့်ကြာနေကြောင်း နိုင်ငံရေးအကျဥ်းသားအရေးကူညီပေးနေသူများထံမှ သိရသည်။

မြစ်မခသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်း အပါအဝင် ပုသိမ်အကျဥ်းထောင်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံရေးအကျဥ်းသားအချို့၏ ရုံးထုတ်စစ်ဆေးရာသို့ အမှုစစ်ဒုရဲအုပ် ဝင်ဌေး လာရောက်ရန် ပျက်ကွက်မှု ၃ ကြိမ်အထိနေသည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

" မနေ့က ကိုမျိုးမင်းထွန်းရဲ့ ရုံးချိန်က အမှုစစ် ဗိုလ်လေးဝင်ဌေးမလာလို့ မစစ်ဖြစ်ဘူး။ ၃၀ ရက်နေ့ ပြန်ချိန်းထားတယ်။ ခွင့်ရက်ရှည်ယူထားလို့ မလာဖြစ်တာလို့ ပြောတယ်။ ဒီတစ်ခေါက် ​ရုံးချိန်းပျက်ကွက်တာ ၃ ကြိမ်ရှိပြီ။ တခြားအကျဥ်းသားတွေလည်းရှိတယ်။ သူမလာလို့ ရုံးချိန်းပြန်ချိန်ရတာ ၃၊ ၄ ယောက်ရှိတယ်" ဟု ပုသိမ်အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အမှုစစ် ဒုရဲအုပ်ဝင်းဌေးမှာ ပုသိမ်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ခွင့်ရက်ရှည်ယူထားသည့်အတွက် နိုင်ငံရေးအကျဥ်းသားအချို့၏ ရုံးထုတ်စစ်ဆေးရာသို့ လာရောက်ရန်ပျက်ကွက်နေခြင်းဖြစ်သည်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့၏ ပြောဆိုချက်များအရ မတ်လ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပုသိမ်မြို့မရဲစခန်းအချုပ် ဖောက်ပြေးမှုနှင့် ပတ်သတ်ပြီး ဒုရဲအုပ်ဝင်းဌေးအား ရဲတပ်ဖွဲ့အတွင်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရှိရသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုသိမ်မြို့ရှိ အကျဥ်းထောင်တွင် ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၇၀ နီးပါးနှင့် အမျိုးသမီး ၂၀ ဦးခန့် စုစုပေါင်း ၃၀၀ နီးပါးအထိ ရှိနေပြီး ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်

#ပုသိမ်အကျဥ်းထောင် #နိုင်ငံရေးအကျဥ်းသား #​ရုံးထုတ်စစ်ဆေး #အမှုစစ် #ပျက်ကွက် 
#Ayeyarwaddy_Times

Post a Comment

Previous Post Next Post

Comments