ဘဝအတွက် မှတ်သားစရာ အလွန်ကောင်းတဲ့သင်ခန်းစာ
— 25.06.2022 10:28 Thuta MM Daily
တခါတုန်းက လယ်သမားတစ်ယောက်မှာ ဆိတ် တကောင်ရယ် မြင်းတကောင် ရယ် မွေးထားတယ်။ တနေ့မှာ မြင်းဟာ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တော့ လယ်သမားကြီး က တရိစၧာန် ဆရာဝန် ကို ခေါ်ပြတယ်။ ဒါနဲ့ ဆရာဝန်က မြင်းကိုသေချာ စစ်ကြည့်ပြီး လယ်သမားကြီးကိုပြောတယ်။ ‘ခင်ဗျားမြင်းမှာ
ရောဂါပိုး ဝင်နေတယ် ဆေးကို ၃ ရက်ဆက်တိုက်လောက် တိုက်ရမယ် ၃ ရက် မြောက်တဲ့နေ့အထိ ကောင်း မလားဘူး ဆိုရင်တော့ မြင်းကို သတ်ရလိမ်မယ်။ မနက်ဖြန်ကစပြီး ကျွန်တော်ဆေးလာတိုက်ပေးမယ်’ ပြောပြောဆိုဆို ဆရာဝန်လည်း ပြန်သွားတယ်။ဆိတ်ကလည်း ဆရာဝန် က လယ်သမားကြီးကို ပြောနေတာတွေကို ဘေးကနေ ခိုးနားထောင်နေတယ်။
နောက်နေ့ရောက်တော့ ဆရာဝန်က ဆေးလာတိုက်တယ် ပြီးတော့ပြန်သွားတယ်။ ဆိတ်က မြင်းနားကိုကပ်ပြီး ပြောတယ်။ အားတင်းထားသူငယ်ချင်း အဲလိုမှ မဟုတ်ရင် သူတို့က မင်းကို တသတ်လုံးမနိုးသော အိပ်စပ်ခြင်းကို လုပ်ပေးလိမ့်မယ်။ ဆိတ်က မြင်းကို အားပေးရှာတယ်။ဒုတိယနေ့ ဆရာဝန်လာတယ်။မြင်းကို ဆေးတိုက်ပြီး ပြန်သွားတယ်။ ဆိတ်က မြင်းနား ကပ်လာပြီးပြောတယ်..
တော့ သူငယ်ချင်း ထတော့ မင်းမထရင် သူတို့ မင်းကို သတ်လိမ့်မယ်။ ထတော့ သူငယ်ချင်း ထတော့..တတိယနေ့.. မြင်းကို ဆေးတိုက်ပြီးချိန်မှာတော့ ဆရာဝန်က လယ်သမားကြီးကို လှမ်းပြောတယ်။ ၃ ရက်မြောက်ခဲ့ပြီ မနက်ဖြန်လာကြည့်လို့ ဒီအခြေအနေတိုင်းဆို ငါတို့ ဒီမြင်းကို သတ် ရလိမ့် မယ် အဲလိုမဟုတ်ရင် သူမှာရှိတဲ့ ပိုးမွားဟာ တရွာလုံးမှာ ရှိတဲ့ မြင်း တွေကို ကူးစပ်ကုန်လိမ့်မယ်။
ဆရာဝန်ပြန်သွား သွားခြင်းပဲ ဆိတ်ဟာ မြင်းနားကို သွားပြီး ပြောတယ်” ထတော့ သူငယ်ချင်း မင်းအတွက် ဒါဟာ နောက်ဆုံး အကြိမ်ပဲ အ ခုမှ မင်းထမရပ်ရင် မင်းအတွက် နောက်နေ့ဆိုတာ မရှိတော့ဘူး။ ငါမင်းကို တွဲထူမယ် အေး.. ဟုပ်ပြီကွ.. ဒါမှ ငါ့သူငယ်ချင်းကွ.. ဖြည်း ဖြည်းထ သတ္တိရှိစမ်းပါကွ.. ဖြည်းဖြည်း.. ရပ်နိုင်ပြီကွ.. ရပ်နိုင်ပြီ.ပြေး..ပြေး ဖြည်းဖြည်း..ဖြည်းဖြည်း..
နောက်ဆုံးတော့ မြင်းဟာ ဆိတ်ရဲ့ ဖေးမ အား ပေး ကူညီမှု့ကြောင့် အသက်ဘေးကနေ လွတ်ခဲ့ရတယ်။အဲ့အချိန်မှာပဲ အပြင်က ပြန်လာတဲ့ လယ်သမားကြီးဟာ သူမြင်း ခြံထဲမှာ လှည့် ပတ်ပြေးနေတာကို မြင်ရတော့ တော်တော်လေး ပျော်သွားတယ်’ ငါ့မြင်း ဟာ အကောင်းပဂတိ အတိုင်းပြန်ဖြစ်လာတယ်။ မယုံနိုင်စရာပဲ..
ဒီညတော့ အောင်ပွဲခံတဲအနေနဲ့ ဆိတ်ကို သတ်ပြီးစားကြမယ်’ ပြောလဲပြော ဆိတ်ကို ခြံထဲက ဆွဲထုပ်ပြီး ပေါ်စားပလိုက်ကြတယ်။လောကကြီးမှာ တခါတရံ တဦးတယောက် ကောင်းစားဖို့ အောင်မြင်ဖို့ ဘဝတခု ရပ်တည်နိုင်ဖို့ ထောက်ခံမှု ရဖို့ လူမသိ သူမသိ ပဲ ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ ရှိပါတယ်။ လူ့ဘောင် လူ့ အဖွဲ့စည်းထဲမှာလည်း
ထိုနည်းတူစွာပဲ အသိမှက်ပြုမှု့ ချီးမွမ်း ထိုက်တဲ့ သူနဲ့ ချီးမွမ်း ခံရတဲသူဟာ လွဲနေတာတွေရှိပါတယ်။ နောက်ဆုံးမှာ ဆိတ်လို မျိုး (လူ) တွေဟာ အမေ့ခံ လူတန်းစားထဲရောက်သွားတယ်. ဒါကတော့ ကျွန်တော်ရလိုက်တဲ့ ဘဝ သင်ခန်းစာပါ။
Credit – မူရင်းရေးသူကို

Post a Comment