လိမ္မာပါးနပ်ဖို့တော့ လိုပါမယ်

လိမ္မာပါးနပ်ဖို့တော့ လိုပါမယ်


 — 25.06.2022 10:22 Thuta MM Daily
ဘုရင်ကြီးတစ်ပါးမှာ သူအလွန်ယုံကြည်ကိုးကွယ်တဲ့ ဗေဒင်ဆရာတစ်ယောက် ရှိတယ်။ တစ်ရက်မှာ ဗေဒင်ဆရာက ဘုရင်ကြီး အင်မတန်ချစ်မြတ်နိုးတဲ့

မိဖုရားငယ်လေးဟာ ၈ ရက်အတွင်း သေဆုံးမယ်လို့ ဗေဒင်ဟောလိုက်တယ်။ တကယ်လည်း မိဖုရားငယ်လေးဟာ ၈ ရက်မြောက်နေ့မှာ အသတ်ခံရပြီး သေဆုံးသွားတယ်။













ဘုရင်ကြီးဟာ စိတ်အရမ်းထိခိုက်သွားတယ်။ ဗေဒင်ဆရာဟာ သူဟောပြောတာ မှန်တယ်ဆိုတာကို နန်းတွင်းက လူတွေ အားလုံးကို သိစေချင်လို့ မိဖုရားလေးကို သတ်လိုက်တာလား

၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကပဲ သတ်သွားတာလားဆိုတာ ဘုရင်ကြီး သေသေချာချာ မသိဘူး။ သက်သေမရှိလို့ စွပ်စွဲလို့လည်း မရဘူး။













ဒါပေမဲ့ ဗေဒင်ဆရာ ဟောလိုက်လို့ သူမြတ်နိုးလှတဲ့ မိဖုရားလေး သေရတာဆိုပြီး ဘုရင်ကြီးဟာ ဗေဒင်ဆရာကို သတ်ပစ်ချင်နေတယ်

။နောက်တနေ့မှာ ဘုရင်ကြီးက သူ့အစောင့်စစ်သားတွေကို ခုလို မှာထားတယ်။ ဗေဒင်ဆရာ သူ့အခန်းထဲ ဝင်လာတဲ့အခါ သူလက်နဲ့ အချက်ပြလိုက်မယ်။ အစောင့်အားလုံးက ဗေဒင်ဆရာကို ဝိုင်းဖမ်းချုပ်ကြပြီး













နန်းတော်ပြတင်းပေါက်က ပစ်ချလိုက်ဖို့ပါ။ ဗေဒင်ဆရာကို ပေတစ်ရာအမြင့်ကနေ မြေပြင်ပေါ်ပြုတ်ကျ သေစေဖို့ပါ။ဗေဒင်ဆရာ ရောက်လာတယ်။

ဘုရင်ကြီးက အစောင့်တွေကို လက်မပြခင် သူ့မှာ သိချင်တာ တစ်ခုရှိလို့ ဗေဒင်ဆရာကို ခုလို မေးလိုက်ပါတယ်။ “ဆရာဟာ ဗေဒင်ပညာကို အရမ်းကျွမ်းကျင်တယ်။ သူများတွေရဲ့ ကံကြမ္မာကိုလည်း အတိအကျ ဟောနိုင်တယ်











Post a Comment

Previous Post Next Post

Comments