ငွေကုန်ကြေးကျသက်သာပြီး အမြဲစမတ်ကျလှပနေစေမယ့် နည်းလမ်း (၇) ခု

ငွေကုန်ကြေးကျသက်သာပြီး အမြဲစမတ်ကျလှပနေစေမယ့် နည်းလမ်း (၇) ခု

















 — 21.06.2022 15:39 Love Media

အမြဲတမ်းစတိုင်ကျ လှပနေဖို့အတွက် ဈေးကြီးတဲ့ အဝတ်အစားတွေ ဖြစ်နေဖို့ မလိုပါဘူး။ အဝတ်အစားတွေကို လိုက်ဖက်ညီအောင် ရွေးချယ်တတ်ဖို့ပဲ အရေးကြီးတာပါ။ အဲဒါကြောင့် ငွေကုန်ကြေးကျသက်သာပြီး အမြဲတမ်းစမတ်ကျသူ ဖြစ်နေဖို့အတွက် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။


၁။ Polyester နဲ့ချုပ်လုပ်ထားတဲ့အထည်တွေ


အဝတ်အစားကို ရွေးချယ်တဲ့အခါ ဈေးကြီးတယ်လို့ ထင်စေရတဲ့ ပိုး၊ ဖဲ၊ တွီဒ်ထည်တွေကို ရွေးချယ်ပါ။ Polyester နဲ့ချုပ်လုပ်ထားတဲ့ အထည်တွေက ဈေးပေါတယ်လို့ ထင်ရပြီး ကြာရှည်လည်း မခံပါဘူး။


၂။ တည်ငြိမ်တဲ့အရောင်


အရောင်ကို ရွေးတော့မယ်ဆိုရင် အနက်ရောင်၊ မီးခိုးရောင်၊ နေဗီပြာ၊ ကြေးနီရောင်၊ အဖြူရောင်တို့ကို ရွေးချယ်ပါ။ အဲဒီလိုအရောင်တွေက အခြားဘယ်အရောင်နဲ့ဖြစ်ဖြစ်၊ ဘယ်လိုလက်ကိုင်အိတ်နဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။


၃။ ခန္ဓာကိုယ်နဲ့ ချပ်ချပ်ကပ်ကပ်ဖြစ်တဲ့အဝတ်အစား


ခန္ဓာကိုယ်နဲ့ ချပ်ကပ်ပြီး သပ်ရပ်တဲ့အဝတ်အစားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။ Size ပွတွေ၊ size လွန်တွေက နေရာတိုင်းမှာ ဝတ်ဖို့ မသင့်တော်ပါဘူး။


၄။ နေရာတိုင်းမှာ သင့်တော်မယ့်အဝတ်အစား


သင်သွားလေ့သွားထရှိတဲ့ နေရာအများစုနဲ့ ကိုက်ညီတဲ့ အဝတ်အစားတွေကို ရွေးချယ်တာက ငွေကုန်ကြေးကျ သက်သာစေပါတယ်။ အပြင်ထွက်လည်တဲ့အခါမှာလည်း လှပစေသလို အစည်းအဝေးတက်တဲ့အခါမှာလည်း တင့်တယ်နေစေမယ့် အဝတ်အစားတွေကို ရွေးချယ်ပါ။


၅။ အဝတ်အစားရွေးချယ်မှု


အဝတ်အစားဝယ်ဖို့ ငွေကို ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် ဝယ်သင့်တဲ့အဝတ်အစားနဲ့ မဝယ်လည်းဖြစ်တဲ့အဝတ်အစားဆိုပြီး နှစ်မျိုးခွဲလိုက်ပါ။


ကုတ်အင်္ကျီ၊ ဂျာကင်၊ အတွင်းခံအဝတ်အစား၊ အလုပ်အတွက် အဝတ်အစား၊ ရာသီဥတုနဲ့ လိုက်ဖက်တဲ့အဝတ်အစား၊ အရည်အသွေးကောင်းတဲ့ အဝတ်အစားတွေက ဝယ်သင့်တဲ့ အမျိုးအစားထဲမှာပါ ပါဝင်ပါတယ်။ ခဏလောက်ပဲ ခေတ်စားတဲ့အဝတ်အစား၊ ရာသီဥတုနဲ့ မလိုက်ဖက်တဲ့အဝတ်အစား၊ အိမ်နေရင်းအဝတ်အစားတွေက မဝယ်လည်း အဆင်ပြေတဲ့ အဝတ်အစားတွေပါပဲ။


၆။ လက်ဝတ်ရတနာ


လက်ဝတ်ရတနာတွေက သင့်ကို အများကြီး ပေါ်လွင်လှပစေတဲ့အရာပါ။ လက်ဝတ်ရတနာဝယ်မယ် ဆိုရင်လည်း အဝတ်အစားအများစုနဲ့ ကိုက်ညီမယ့် ဒီဇိုင်းမျိုးကိုသာ ရွေးချယ်ပါ။ တစ်ခါတရံမှာ လက်ဝတ်ရတနာတွေဝယ်တဲ့အခါ အရိုးရှင်းဆုံးက အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။


၇။ အဝတ်အစားတွေကို မီးပူတိုက်ပါ။


အဝတ်အစားတွေကို မီးပူတိုက်လိုက်တဲ့အခါ လုံးဝအသစ်အတိုင်းဖြစ်သွားပြီး ဝတ်လိုက်ရင်လည်း သပ်သပ်ရပ်ရပ် ဖြစ်သွားစေပါတယ်။ အဝတ်အစားကို မီးပူမတိုက်ဘဲ ဝတ်ရင် အဝတ်အစားရဲ့အလှလည်း ပေါ်လွင်မှာမဟုတ်ပါဘူး။


Bonus


အဝတ်အစားဝယ်တဲ့အခါ အသေးစိတ်ကနေ စပြီး ကြည့်ပါ။ ပါးလျတဲ့ပိတ်စနဲ့ ချုပ်ထားတဲ့အဝတ်အထည်တွေကို မရွေးချယ်သင့်ပါဘူး။ ဒါ့အပြင် လောလောဆယ်ရေပန်းစားနေတဲ့ အဝတ်အစားပုံစံတွေပေါ် မူတည်ပြီးတော့လည်း ဝယ်ယူပါ။ ဒါ့အပြင် ရိုးရှင်းတဲ့အဝတ်အစားတွေက ဘယ်ခေတ်မှာဖြစ်ဖြစ် မရိုးသွားဘဲ လှပနေမှာပါ။

Zombie (lovemedia)

Post a Comment

أحدث أقدم

Comments