အိမ်မှာ သန်းတွေနဲ့ ကြမ်းပိုးတွေကို ဖယ်ရှားချင်တဲ့အခါ ဒီနည်းတွေကို အသုံးပြုပါ
— 22.06.2022 09:50 Love Media
လှေးနှင့် ကြမ်းပိုးတွေက အိမ်မှာ ကျက်စားနိုင်တဲ့ အများဆုံး ပိုးမွှားတွေဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေနားကနေ ကပ်ပါလာနိုင်သလို အသီးအရွက်တွေ၊ လမ်းတွေပေါ်ကနေလည်း သင့်အ၀တ်အစားတွေနှင့် ခန္ဓာကိုယ်မှာ ကပ်ပါလာနိုင်ပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေရှိရင် တိရစ္ဆာန်ဆရာဝန်နှင့် တိုင်ပင်ပါ။
တကယ်လို့ သင့်ခွေးလေး၊ ကြောင်လေးရဲ့ အမွှေးတွေပေါ်မှာ အကောင်သေးသေးလေးတွေ သွားတာကို မြင်နေရတယ် ဆိုရင်တော့ အပြင်ကနေ ပိုးမွှားတွေ ကပ်ပါလာပါပြီ။
- သင့်ခွေး ဒါမှမဟုတ် ကြောင်ကို ဆေးခေါင်းလျှော်ရည်နဲ့ ရေချိုးပေးပါ။ သန်းတွေက အမွေးအမြင်မှာ မတွယ်ကပ်ဘဲ ရေထဲကို ပြုတ်ကျသွားပါတယ်။
- ဆပ်ပြာရည်၊ လိမ်းဆေး ဒါမှမဟုတ် အခြားထုတ်ကုန်တစ်ခုခုကို တိရစ္ဆာန်ရဲ့ မျက်လုံးနားအနီး မလိမ်းပါနဲ့။
- သင့်အိမ်မွေးတိရစ္ဆာန်ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီကို ခေါ်သွားပါ။
ဆရာဝန်က မှက်တွေကို ကုသဖို့ အကောင်းဆုံး ကြိုတင်ကာကွယ်မှုတွေကို ပြောပြပါလိမ့်မယ်။
- သင့်ကြောင်အတွက် ခွေးလှေးချဆေးကို ဘယ်တော့မှ မသုံးပါနဲ့။ ကြောင်အတွက် အလွန်အဆိပ်ပြင်းတဲ့ permethrin တွေပါနေပါတယ်။
သင့်အိမ်အတွင်းပိုင်းကို ဖုန်စုပ်ပါ။
- အရေးကြီးဆုံးက အိမ်ရဲ့ ထောင့်တိုင်းကို သေချာ သန့်ရှင်းရေးလုပ်ပါ။
- ကော်ဇောတွေ၊ ပရိဘောဂတွေနှင့် ကူရှင်တွေအားလုံးကို ဖုန်စုပ်ပါ။ ဒီနည်းနဲ့ လှေးတွေ၊ ဥတွေနှင့် သားလောင်းတွေကို စုပ်ယူနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ထပ်လုပ်ပါ။
- သင့်မှာ ခွေး ဒါမှမဟုတ် ကြောင်တွေရှိရင် သူတို့တရေးတမော အိပ်လေ့ရှိတဲ့ နေရာတွေကို သေချာစွာ ဖုန်စုပ်ပါ။
- ဖုန်စုပ်ပြီးတာနဲ့ ဖုန်စုပ်အိတ်ကို ဖယ်ရှားပြီး သင့်အိမ်အပြင်ဘက်မှာရှိတဲ့ အမှိုက်ပုံးထဲကို တိုက်ရိုက်ထည့်ပါ။
- ပြီးရင် ကြမ်းပြင်တွေကို မိမိနှစ်သက်ရာ ပိုးသတ်ဆေးနဲ့ ဖြန်းပါ။ အက်ကွဲကြောင်းတွေနှင့် ထောင့်တွေအပြင် အိပ်ရာအောက်တွေကို သေချာဖြန်းပါ။
သင့်အဝတ်အစားအားလုံးကို ရေနွေးနဲ့ဆေးပါ။
- သင့်အိမ်ရဲ့ ပတ်ဝန်းကျင်ကို ရှင်းနေတဲ့အချိန်မှာ အင်္ကျီတွေကို ပိုးမွှားတွေ ကပ်နေနိုင်တာကြောင့် သင့်အဝတ်အစားတွေကို သေချာလျှော်ပါ။ အိပ်ယာခင်းတွေ၊ မျက်နှာသုတ်ပဝါတွေ၊ စောင်တွေနှင့်လိုက်ကာတွေကို ရေနွေးနဲ့ ဆေးကြောပါ။
- သင့်မှာ အိမ်မွေးတိရစ္ဆာန်တွေရှိရင် သူတို့ရဲ့ ပန်းကန်တွေ၊ အရုပ်တွေနဲ့ စောင်တွေကိုလည်း ရေနွေးနဲ့ လျှော်ပါ။
- အဝတ်လျှော်စက်နဲ့ လျှော်ရင် အမြင့်ဆုံးအပူချိန် (50°C အထက်) မှာထားပေးပါ။ ဒါ့အပြင် လေမှုတ်စက်ကို အသုံးပြုတဲ့အခါ အမြင့်ဆုံးပါဝါမှာ အနည်းဆုံး 1 နာရီထားပါ။ ဒါမှ ပိုးကောင်တွေနဲ့ သူတို့ရဲ့ သားလောင်းတွေကို ရှင်းပြီးသားဖြစ်မှာပါ။
ခြံတွင်းအမှိုက်တွေကို ဖယ်ရှားပါ။
ခြံကို သန့်ရှင်းရေးလုပ်ပြီးရင် ပေါင်းပင်နဲ့ မြက်တွေကို သေချာလေး ဖယ်ထားပါ။။ သင့်နေရာက သန့်ရှင်းပြီး နေရောင်ရရှိနေသရွေ့ အင်းဆက်တွေ ပျံ့နှံ့နိုင်ချေနည်းပါးပါတယ်။ စိုစွတ်ပြီး မကောင်းတော့တဲ့ သစ်သားတွေ ရှိမရှိကိုလည်း သေချာလေးစစ်ပါ။
သင့်ခွေးလေး၊ ကြောင်လေးတွေ သွားဆော့တတ်တဲ့ မြက်ခင်းနေရာတွေမှာ ဆေးတွေကို ဖျန်းထားပါ။ မဟုတ်ရင် သူတို့ကနေတစ်ဆင့် အိမ်ထဲကို ကပ်ပါလာနိုင်ပါတယ်။
အသိအမှတ်ပြု ပိုးမွှားထိန်းချုပ်ရေး ဆေးတွေကိုသာ အသုံးပြုပါ။
ပိုးသတ်ဆေး ဒါမှမဟုတ် မှိုသတ်ဆေးကို ဝယ်ပြီးရင် သင့်ကော်ဇောတွေ၊ ပရိဘောဂတွေနှင့် ကူရှင်တွေကို သေချာဖြန်းပါ။ ဂျောင်ကျတဲ့နေရာတွေကိုလည်း မမေ့ပါစေနဲ့။ အဲ့နေရာမှာ သားလောင်းတွေ အပေါက်များပါတယ်။
ဆေးဖြန်းရင် ဖြန်းတဲ့သူကပဲ အိမ်ထဲမှာနေသင့်ပြီး ကျန်တဲ့သူတွေနဲ့ တိရစ္ဆာန်လေးတွေကတော့ အပြင်မှာ ထွက်နေသင့်ပါတယ်။ အိမ်အပြင်ဘက်သုံးတဲ့ ဆေးတွေကိုလည်း မြက်ခင်းနှင့် ချုံပုတ်တွေပေါ်မှာ တိုက်ရိုက်ဖြန်းပေးပါ။
အင်းဆက်ပိုးမွှားတွေ မကြိုက်တဲ့ အပင်စိုက်ထားပါ။
ပတ်ဝန်းကျင်ကို မွှေးကြိုင်ရုံသာမကပဲ အင်းဆက်ပိုးမွှားတွေကို သဘာဝအတိုင်း တွန်းလှန်နိုင်တဲ့ အပင်အချို့လည်း ရှိပါတယ်။ ဒီအပင်တွေက သင့်အိမ်မွေးတိရစ္ဆာန်တွေအပေါ် သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် အိမ်တွင်းအိမ်ပြင်ထဲမှာ စိုက်နိုင်ပါတယ်။
- ဂေါ်ဖီထုပ်
- ပင်စိမ်း
- အော်ရီဂနို
- သံပုရာ
- ယူကလစ်
- ရူ
- လာဗင်ဒါ
- ငရုတ်ကောင်း
- citronella
စတဲ့အပင်တွေက အင်းဆက်ပိုးမွှားတွေ မကြိုက်တဲ့အပင်တွေပါပဲ။
Zombie (lovemedia)







إرسال تعليق