ပညာတက် လူမိုက် သုံးယောက်
June 27, 2022
တခါတုန်းက မြို့ငယ်လေး တခုက သူငယ်ချင်း လေးယောက်ဟာ ဒိသာပါမောက္ခ ဆရာကြီး ထံမှာ သုံးနှစ် သုံးမိုး ပညာသင်ကြား ပြီးနောက် ပညာစုံလို့ မိမိမြို့ကို ပြန်လာကြတယ်။သူငယ်ချင်း လေးယောက် အနက် သုံးယောက်ဟာ ပညာ အလွန် ထူးချွန်ကြပြီး ဆရာကြီးရဲ့ မကြာခဏ ချီးကျူး ခံကြရသူတွေ ဖြစ်တယ်။လေးယောက်မြောက် သူငယ်ချင်း ကတော့ ပညာ သိပ်မထူးချွန် ပေမယ့် အလုပ် လုပ်ရာမှာတော့ လက်တွေ့ ကျကျ စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ လုပ်ကိုင် တတ်တယ်။ဒိလိုနဲ့ သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ရှိတဲ့ တောနက်ကြီး တခု အရောက်မှာ ခြင်္သေ့အရိုးစု တခုကို တွေ့တော့ ပညာထူးချွန်တဲ့ တယောက်က သူ့ရဲ့ ပညာကို ပြချင်တာနဲ့ ခြင်္သေ့ အရိုးတွေကို ဆက်စပ်ပြီး ခြင်္သေ့ရိုးစု လုပ်ပြလိုက်တယ်။နောက်တယောက် ကလည်း အားကျမခံ ခြင်္သေ့အရိုးစုမှာ ကြွက်သားတွေ၊ ခြင်္သေ့ အရေခွံတွေ ထည့်ပြ လိုက်တယ်။
နောက်တယောက်က “ငါလည်း မန်းမှုတ်ပြီး အသက် သွင်းပေးမယ်” လို့ ပြောလိုက်တယ်။ထိုအခါ စဉ်းစားဆင်ခြင် ဉာဏ်နဲ့ လုပ်ကိုင်တတ်တဲ့ သူက “အသက်တော့ မသွင်းပါနဲ့ အလွန် အန္တရာယ် များတယ်၊ အကုန် ဒုက္ခ ရောက်လိမ့်မယ်” ဆိုပြီး တားတယ်။ ဒါပေမယ့် ပညာပြချင်သူ တွေက နားမထောင် ကြပါဘူး။ဒါကြောင့် စဉ်းစားဆင်ခြင်ဉာဏ် ရှိသူက အကြီးဆုံး သစ်ပင်ကြီး ထိပ်အထိ တက်ပြီး စောင့်ကြည်တယ်။ကျန်တဲ့ သူငယ်ချင်းသုံးယောက်သား ပေါင်းပြီး အသက်သွင်း လိုက်ကြတာ ခြင်္သေ့ကြီးလည်း အသက်ဝင် လာရော ဘေးမှာ ရှိနေတဲ့ သုံးယောက် စလုံးကို သတ်စားလိုက် ပါတော့တယ်။ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အတတ်ပညာ တခုခု တတ်ထားရုံနဲ့ မလုံလောက် ပါဘူး။အသိပညာ စဉ်းစား ဆင်ခြင်ဉာဏ် မရှိပါက တတ်မြောက် ထားတဲ့ အတတ်ပညာက အကျိုးမဲ့ ဖြစ်စေနိုင်တာကို သတိပြုမိစေ လိုပါတယ်။
Credit – original
[zawgyi]
တခါတုန္းက ၿမိဳ႕ငယ္ေလး တခုက သူငယ္ခ်င္း ေလးေယာက္ဟာ ဒိသာပါေမာကၡ ဆရာႀကီး ထံမွာ သုံးႏွစ္ သုံးမိုး ပညာသင္ၾကား ၿပီးေနာက္ ပညာစုံလို႔ မိမိၿမိဳ႕ကို ျပန္လာၾကတယ္။သူငယ္ခ်င္း ေလးေယာက္ အနက္ သုံးေယာက္ဟာ ပညာ အလြန္ ထူးခြၽန္ၾကၿပီး ဆရာႀကီးရဲ႕ မၾကာခဏ ခ်ီးက်ဴး ခံၾကရသူေတြ ျဖစ္တယ္။ေလးေယာက္ေျမာက္ သူငယ္ခ်င္း ကေတာ့ ပညာ သိပ္မထူးခြၽန္ ေပမယ့္ အလုပ္ လုပ္ရာမွာေတာ့ လက္ေတြ႕ က်က် စဥ္းစား ဆင္ျခင္ဉာဏ္နဲ႔ လုပ္ကိုင္ တတ္တယ္။ဒိလိုနဲ႔ သူတို႔ရဲ႕ အိမ္ျပန္လမ္းမွာ ရွိတဲ့ ေတာနက္ႀကီး တခု အေရာက္မွာ ျခေသၤ့အ႐ိုးစု တခုကို ေတြ႕ေတာ့ ပညာထူးခြၽန္တဲ့ တေယာက္က သူ႔ရဲ႕ ပညာကို ျပခ်င္တာနဲ႔ ျခေသၤ့ အ႐ိုးေတြကို ဆက္စပ္ၿပီး ျခေသၤ့႐ိုးစု လုပ္ျပလိုက္တယ္။ေနာက္တေယာက္ ကလည္း အားက်မခံ ျခေသၤ့အ႐ိုးစုမွာ ႂကြက္သားေတြ၊ ျခေသၤ့ အေရခြံေတြ ထည့္ျပ လိုက္တယ္။ေနာက္တေယာက္က “ငါလည္း မန္းမႈတ္ၿပီး အသက္ သြင္းေပးမယ္” လို႔ ေျပာလိုက္တယ္။ထိုအခါ စဥ္းစားဆင္ျခင္ ဉာဏ္နဲ႔ လုပ္ကိုင္တတ္တဲ့ သူက “အသက္ေတာ့ မသြင္းပါနဲ႔ အလြန္ အႏၲရာယ္ မ်ားတယ္၊ အကုန္ ဒုကၡ ေရာက္လိမ့္မယ္” ဆိုၿပီး တားတယ္။ ဒါေပမယ့္ ပညာျပခ်င္သူ ေတြက နားမေထာင္ ၾကပါဘူး။ဒါေၾကာင့္ စဥ္းစားဆင္ျခင္ဉာဏ္ ရွိသူက အႀကီးဆုံး သစ္ပင္ႀကီး ထိပ္အထိ တက္ၿပီး ေစာင့္ၾကည္တယ္။က်န္တဲ့ သူငယ္ခ်င္းသုံးေယာက္သား ေပါင္းၿပီး အသက္သြင္း လိုက္ၾကတာ ျခေသၤ့ႀကီးလည္း အသက္ဝင္ လာေရာ ေဘးမွာ ရွိေနတဲ့ သုံးေယာက္ စလုံးကို သတ္စားလိုက္ ပါေတာ့တယ္။ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ အတတ္ပညာ တခုခု တတ္ထား႐ုံနဲ႔ မလုံေလာက္ ပါဘူး။အသိပညာ စဥ္းစား ဆင္ျခင္ဉာဏ္ မရွိပါက တတ္ေျမာက္ ထားတဲ့ အတတ္ပညာက အက်ိဳးမဲ့ ျဖစ္ေစႏိုင္တာကို သတိျပဳမိေစ လိုပါတယ္။
Post navigationPreviousPrevious post:
ကားသမားနှင့် ကားဘထ္ထရီ ပြဿနာ
NextNext post:
ငလက်ပြတ် ကြွက်တွင်းနှိုတ်ဆိုတဲ့ စကားအဓိပ္ပါယ်
RECENT POSTS
ဝက်လက်မြို့မဈေးကို မနက်တိုင်းဈေးဝယ်လာတဲ့ ဥစ္စာစောင့်မလေးအကြောင်း
ငလက်ပြတ် ကြွက်တွင်းနှိုတ်ဆိုတဲ့ စကားအဓိပ္ပါယ်
ပညာတက် လူမိုက် သုံးယောက်
ကားသမားနှင့် ကားဘထ္ထရီ ပြဿနာ
စည်းလုံးခြင်းသည် အင်အား
ARCHIVES
June 2022
May 2022
April 2022
March 2022
February 2022
January 2022
December 2021
November 2021
October 2021
September 2021
August 2021
July 2021
June 2021
May 2021
March 2021
February 2021
January 2021
December 2020
November 2020
October 2020
September 2020
August 2020
July 2020
June 2020
May 2020
April 2020
March 2020
February 2020
January 2020
December 2019
November 2019
October 2019
September 2019
August 2019
July 2019
June 2019
May 2019
April 2019
February 2019
January 2019
December 2018
November 2018
October 2018
September 2018
August 2018
Sar Pay Myoh Taw

إرسال تعليق