မိန်းမ ပျိုကလေးတိုင်းလိုချင်နေတဲ့ SKIN GLOW ဖြစ်စေဖို့ ပြုလုပ်ပေးရမယ့်အဓိကအချက် များ
— 27.06.2022 13:44 Thuta MM Daily
မိန်းကလေးတိုင်းက အခုနောက်ပိုင်းမှာ မျက်နှာလေး Glow ဖြစ်နေတာမျိုးကို လိုချင်ကြပါတယ်။
ဒီလို Glow ဖြစ်ချင်လို့ Highlighter တွေသုံးတာဟာ ခဏလေးပဲ Glow ဖြစ်နေမှာပါ။ အသားအရေကိုသာ သေချာဂရုစိုက်ပေးရင် မျက်နှာလေးက သဘာဝ အတိုင်း Glow ဖြစ်လာမှာပါ။
ဒါကြောင့် မိန်းကလေးတိုင်းလိုချင်နေတဲ့ Skin Glow ဖြစ်စေဖို့ ပြုလုပ်ပေးရမယ့်အဓိကအချက်တွေကို ပြောပြပေးလိုက်ပါတယ်။
ရေများများသောက်ပါ။အသားအရေလှချင်တယ်၊ မျက်နှာလေး သဘာဝအတိုင်း Glow ဖြစ်ချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးက ရေများများသောက်ပေးဖို့ပါပဲ။
တစ်နေ့ကို ရေ ၄ လီတာတော့ ပုံမှန်သောက်ပေးဖို့ လိုပါတယ်။ ရေများများသောက်ပေးခြင်းက ခန္ဓာကိုယ်အသားအရေနဲ့ မျက်နှာအသားအရေကိုပါ ကြည်လင်ပြီးလှပစေပါတယ်။
Cleansing သေချာလုပ်ပေးပါ။ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် Cleansing သေချာမလုပ်ထားရင် မျက်နှာက ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။ ဒါကြောင့် မျက်နှာကို သေချာလေး Cleansing လုပ်ပေးဖို့လိုပါတယ်။
Double Cleansing လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။Moisturizeမျက်နှာအသားအရေကောင်းပြီး Glow ချင်ရင်တော့ Skincare Step တွေကို သေချာလိမ်းပေးမှာဖြစ်မှာပါ။
အရေးအကြီးဆုံးကတော့ Moisturizer ကို အမြဲလိမ်းပေးဖို့ပါပဲ။ ရေဓာတ်ပြည့်တဲ့ မျက်နှာအသားအရေလေးရဖို့ အပြင်သွားတဲ့အခါတိုင်းမှာ Mist လေးတွေကိုလည်း ဆောင်ထားပြီး ဖြန်းပေးဖို့ မမေ့ပါနဲ့။
Water Mist လေးတွေဆို ပိုကောင်းပါတယ်။Sheet Mask ပုံမှန်ကပ်ပေးပါ။ကိုရီးယားမလေးတွေရဲ့ အသားအရေလေးသိပ်ကောင်းနေတာ Sheet Mask လေးတွေအမြဲကပ်ပေးလို့ပါ။
Sheet Mask ပုံမှန်ကပ်ပေးခြင်းက မျက်နှာအသားအရေကို သိသိသာသာကိုပြောင်းလဲလာစေပါတယ်။ ၃ ရက်တစ်ခါ (သို့) တစ်ပတ်တစ်ခါလောက် ပုံမှန်ကပ်ပေးဖို့ လိုပါတယ်Sunscreen ကိုမမေ့ပါနဲ့။
ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် Sunscreen ကိုလိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။ Sunscreen မလိမ်းပဲ အပြင်မထွက်ပါနဲ့။
Lotion လိမ်းပြီးတိုင်းမှာ Sunscreen ကိုလိမ်းပေးပါ။ နေအရမ်းပူရင် လေးနာရီခြားတစ်ခါလောက် Sunscreen ကို ပြန်လိမ်းပေးပါ။
အစားအသောက်ဂရုစိုက်ပါ။အစားအသောက်တွေကိုစားတဲ့အခါမှာ အသီးအရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။
နေ့တိုင်းစားပေးရင် ပိုကောင်းပါတယ်။ အရည်ရွှမ်းတဲ့အသီးတွေကိုလည်း များများစားပေးပါ။ ဆီကြော်မုန့်တွေကိုရှောင်ပြီး Green Tea (သို့) မုန်လာဥနီဖျော်ရည်ကို နေ့တိုင်းသောက်ပါ။

إرسال تعليق