ကြက်သားကို ထူးထူးခြားခြား စီချွမ်စတိုင်လ် ချက်နည်း

ကြက်သားကို ထူးထူးခြားခြား စီချွမ်စတိုင်လ် ချက်နည်း

ကြက်သားကို ထူးထူးခြားခြား စီချွမ်စတိုင်လ် ချက်စားမယ် 🐔🌶😍
ဟင်းချက်စရာဆိုလို့ ကြက်၊ ဝက်၊ ငါး၊ ပုစွန်၊ အမဲသားနဲ့ ဒီအသားတွေထဲမှာပဲ သံသရာလည်နေတော့ 🤯ဟင်းတွေမထပ်အောင် စဉ်းစားရတဲ့ မေမေတွေအတွက် ကြက်စီချွမ်ချက်နည်းလေး လက်တို့လိုက်ပါရစေ ❤ စီချွမ်စတိုင်ဆိုလို့ အရမ်းကြီးရှုးရှဲစပ်မနေပဲနဲ့ အစပ်ကိုအနံ့ပါတယ်ဆိုရုံနဲ့ အရောင်လေးလှအောင် သုံးထားလို့ ခံတွင်းလိုက်ရုံလေးစပ်တဲ့အတွက် ဘယ်လိုတွေတောင် စားကောင်းသလဲမေးမနေပါနဲ့ ❓ ဒီဟင်းလျာလေးက တရုတ်ပြည်မှာလည်း စီချွမ်ပြည်နယ်ရဲ့ ရိုးရာဟင်းတစ်ခွက်ဆိုတော့ကာ ပုံမှန်ချက်စားနေကျ ဟင်းလျာအရသာတွေကနေ ကွဲထွက်ပြီး ကြက်သားအရသာအသစ်လေး ခံစားရမှာပါ။







ပါဝင်ပစ္စည်းများ
👇👇👇👇👇👇
ကြက်ရင်ပုံသား ၃၀ ကျပ်သား (၄၉၀ ဂရမ်)
ဆီ ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက် ထမင်းစားဇွန်း တစ်ဝက်
ကြက်သားမှုန့် ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
ပြောင်းဖူးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့် လဘက်ရည်ဇွန်း တစ်ဝက်
ကြက်သွန်ဖြူ ၄ မွှာ (ထောင်းထားပြီး)
ဂျင်း ၃ စင်တီမီတာ (ထောင်းထားပြီး)
ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပြီး)
ငရုတ်နီအခြောက်တောင့် ၇ တောင့် (၁ လက်မအရွယ် လှီးထားပါ)
ရေ ထမင်းစားဇွန်း ၃ ဇွန်း
ရေနွေး ၁၀၀ မီလီလီတာ







ချက်ပြုတ်ပြင်ဆင်ပုံ
😋😋😋😋😋😋
၁။ ပထမဆုံး ကြက်သားကို တစ်ကိုက်စာ အတုံးခပ်လတ်လတ်လေးတွေ တုံးထားပေးပါ။ အရိုးတွေမပါအောင် ဂရုစိုက်ပြီးဖယ်ပေးပါ။
၂။ ပြီးရင် အဲ့ဒီကြက်သားတုံးတွေကို ကြက်သားမှုန့်ထမင်းစားဇွန်းတစ်ဝက်နဲ့ ပိုအရသာရှိအောင်နယ်၊ ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အကြည်/အနောက်၊ ပြောင်းဖူးမှုန့်တစ်ဇွန်းစာ ထည့်ပြီး သေချာလေး နှံ့အောင် နယ်နှပ်ထားပေးပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ မိနစ်၂၀လောက် ထည့်ထားပေးပါနော်။
၃။ ပြီးရင်တော့ ဆီကို အပူပေးထားပါ။ ရေခဲသေတ္တာထဲကနေ နပ်ထားတဲ့ ကြက်သားကို ထုတ်ပြီး ရွှေညိုရောင်သန်းလာတဲ့အထိ ကြော်ပြီး ဆီစစ်ထားပါ။
၄။ ပြီးတာနဲ့ မီးလေးနည်းနည်းလျှော့ပြီး ကျန်တဲ့ဆီလေးနဲ့ ကြက်သွန်ဖြူ၊ ဂျင်းတွေနဲ့ငရုတ်နီတောင့်ရှည်ကို ထည့်ပြီး ဆီပူတိုက်ပေးပါ။







၅။ အနံ့မွှေးလာပြီဆိုတာနဲ့ ခုနက ကြက်သားတုံးကြော်ကို ပြန်ထည့်ပြီး နှံ့နေအောင် မွှေပေးပါ။ ကျက်ခါနီးရင် ကြက်သားမှုန့်ထမင်းစားဇွန်းတစ်ဇွန်းကို ရေနွေးလေး ၁၀၀ မီလီလီတာလောက်နဲ့ ဖျော်ထားတဲ့ရေလောင်းပေးပါ။
၆။ ပြီးမှ ပြောင်းဖူးမှုန့်တစ်ဇွန်းစာကို ရေ၃ဇွန်းနဲ့ဖျော်ထားတဲ့ အရည်လောင်းပါမယ်။ ရေခမ်းတဲ့ထိ အိုးကိုမွှေပေးပါ။ အားလုံးပြီးတော့မှ အပေါ်က ကြက်သွန်မြိတ်အစိမ်းလေးတွေ ထပ်ထည့်မွှေပြီး အိုးကိုမီးဖိုပေါ်က ချလို့ ရပါပြီ။
၇။ ဒီလောက်ဆိုရင်တော့ အနံ့ရရုံနဲ့တင် မီးဖိုချောင်ကနေ ဟိုးအိမ်ရှေ့ခန်းအထိ သွားရည်ကျစေမယ့် ကြက်သားစီချွမ်ဟင်းလေးရပြီပေါ့။ Very Good ကြီးပါဆို ❗







😊😊😊 စီချွမ်စတိုင်ကြက်သားချက်တဲ့နေရာမှာ အစပ်အရသာအတွက် ငရုတ်သီးကို မိမိစိတ်ကြိုက်ထည့်ပေးပါ။ ကြိုက်တယ်ဆိုရင် အိုးပေါ်ကနေ ချတဲ့အခါ နှမ်းအနည်းငယ်နဲ့ သီဟိုဋ္ဌ်စေ့အနည်းငယ် ဖ​ြူးပေးပါ။ ကြက်သားကြော်တဲ့နေရာမှာလည်း အကြာကြီးမကြော်ပါနဲ့။ မာသွားတတ်လို့ပါ။

❌❌❌ မိမိမှင့် မိမိ၏မိသားစု ကျန်းမာရးအတွက် အချိုမှုန့်လျော့သုံးပေးပါ။














👇👇👇👇👇👇







😋😋😋😋😋😋









Post a Comment

أحدث أقدم

Comments