ဆန်တိုဖူး/ ခေါင်ရှောက် အလွယ်တကူလုပ်စားနည်းလေးပါ
ဆန်တိုဖူး/ ခေါင်ရှောက် အလွယ်တကူလုပ်စားနည်းလေးပါ
ဆန်မှုန့်ကျိုဖို့အဆင်မပြေဖြစ်နေတာကြောင့် မွှေးပြောင်းဖူးကော်မှုန့်နဲ့စမ်းလုပ်စားကြည့်တာပါ တချို့က ခေါင်ရှောက်(ရှမ်းအခေါ်)/ ဂျယ်လီခေါက်ဆွဲသုပ် ကို ပန်းဂျုံမှုန့်/ ပဲတီစိမ်းမှုန့်နဲ့လုပ်ကြတယ်
ကျိုနည်း
……………………….
မွှေး ၁၅၀ ဂရမ်တစ်ထုပ်ကို ရေအနည်းငယ်နဲ့ အရင်ဖျော်ပါတယ် ရေတလီတာကို အိုးထဲထည့် ပွက်အောင်မကျိုပဲ ရေပူပေါင်းအသီးလေး တွေထတဲ့အချိန် ရေဖျော်ထားတဲ့အမှုန့်တွေ ထည့်ကျိုရပါတယ် မွှေရင်းနဲ့ ပျစ်လာပြီဆို ခွက်ထဲထည့်ပြီးအအေးခံထားလို့ရပါပြီ
ပါဝင်တာတွေကတော့
ကြက်သွန်ဆီချက် /ဂျင်းထောင်းရည်/ဆီတိုဖူး/ပဲငပိနှစ်/ခရမ်းချဉ်သီးအနှစ်ချက်/မှုန်ညင်းချဉ်(သို့) ကတက်ချဉ်ရည်/ကြာညှို့/ဆား/ဟင်းခပ်မှုန့်
အရမ်းစားချင်နေလို့လုပ်စားကြည့်တာပါ
အကြိုက်တူတွေရှိရင် ခုလို home stay မှာအလွယ်တကူလုပ်စားကြည့်ပါ အရမ်းလွယ်ပါတယ် ☺️☺️👏🥰😍🤗
Credit khaing wah
……………………….
Credit khaing wah
إرسال تعليق