ပတ်ဝန်းကျင်ကောင်းက အရေးကြီးတယ်..

ပတ်ဝန်းကျင်ကောင်းက အရေးကြီးတယ်..


တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာနှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုရရှိတဲ့ စိုက်ပျိုးသူတစ်ယောက်ရှိတယ်။တစ်နေ့မှာတော့ ဘုရင်မြင်းမြတ်ဟာအကောင်းဆုံး ပြောင်းဖူးစိုက်ပျိုးနည်းကို လေ့လာသင်ယူဖို့ သူ့အစေခံအချို့ကို စေလွှတ်





လိုက်တယ်။ဘုရင်ရဲ့ လူယုံတွေဟာ ပြောင်း ဖူးစိုက်ပျိုးနည်းကို စိတ်ဝင်တစားလေ့လာကြတယ်။ ဒီအခါမှာအကောင်းဆုံးစိုက်ပျိုးသူဟာ သူနဲ့ခြံချင်းကပ်လျက် တခြားပြောင်းဖူးစိုက်ပျိုးသူတွေကို သူရဲ့အကောင်းဆုံးမျိုးစေ့တွေ အမြဲမျှဝေပေးတတ်တဲ့





အကြောင်းသူတို့တွေသိရှိလာခဲ့တယ်။”ဘာလို့ ခင်ဗျားရဲ့အကောင်းဆုံးမျိုးစေ့တွေကိုလိုက်ဝေနေရတာလဲ””သူတို့တွေ ခင်ဗျားမျိုးစေ့တွေကို ရသွားရင်နောက်နှစ်မှာ ခင်ဗျားကို ကျော်တက်သွားမှာပေါ့” လို့ ဘုရင့်လူယုံတွေထဲက ခေါင်းဆောင်ဖြစ်သူက ပြော





လိုက်တယ်။ “ဝတ်မှုန်ကူးခြင်း အကြောင်းကိုတကယ်မသိတာလား ဆရာတို့”” ဒီပြောင်း ဖူးပင်တွေ ရင့်မှည့်လာကြတဲ့အခါလေအဝှေ့မှာ တစ်ခြံနဲ့ တစ်ခြံမှာရှိတဲ့ပြောင်းဖူးပင်တွေဟာ ဝတ်မှုန်ကူးကြတယ်””တကယ်လို့ ကျွန်တော့်နဲ့ကပ်လျက်ပြောင်းဖူး







ခြံက အရည်အသွေးညံ့တဲ့ ပြောင်းဖူးတွေ ဖူးရင်ကျွန်တော့်ခြံက ပြောင်းဖူးတွေလဲ အောင်မြင်စရာ အကြောင်းမရှိပါဘူး” “ကျွန်တော့်ခြံထဲက ပြောင်းဖူးတွေကိုအောင်မြင်ဖြစ်ထွန်းစေချင်တယ်ဆိုရင်ကျွန်တော့်ခြံနီးချင်းတွေရဲ့ ပြောင်းဖူးပင်တွေကိုလည်း





မြှင့်တင်ပျိုးထောင်မှ ရပါလိမ့်မယ်”လို့ပြောင်းဖူးစိုက်ပျိုးသူက ဖြေလိုက်ပါတယ်။”ကျွန်တော်တို့ လူ့ဘဝတွေဟာလဲဒီလိုပဲမဟုတ်လား””ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ပတ်ဝန်းကျင်ကိုလဲ ငြိမ်းချမ်းပျော်ရွှင်





ဖို့ ဖန်တီးပေးရမယ်””ကျွန်တော်တို့ အ ဆင့်အတန်းမြင့်မြင့်တန်ဖိုးရှိရှိရှင်သန်နေထိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်ကိုလဲ တန်ဖိုးရှိအောင် လက်တွဲကူ မြှင့်တင်ပေးဖို့လိုတယ်”” တကယ်တော့ ဘဝရဲ့တန်ဖိုးဆိုတာ ဒီဘဝတစ်ခုထဲ





သီးသန့်ဖြစ်တည်နေလို့မရဘူး။ဒီဘဝနဲ့ထိစပ်နေတဲ့ အရာတွေကို လှပအောင်တန်ဖိုးရှိအောင် ခြယ်သခြင်းကကို ဒီဘဝရဲ့တန်ဖိုးကို ပိုမိုတောက်ပြောင်စေတာပဲ”” သင့်အနေနဲ့ အကောင်းဆုံးပြောင်းဖူးကိုလိုချင်သလား””အကောင်းဆုံး ပြောင်းဖူးအတွက် အကောင်းဆုံးပတ်ဝန်းကျင်ကိုဖန်တီးဖို့ မမေ့လိုက်ပါနဲ့”





Credit ~မူရင်း

Zawgyi ဖြင့်ဖတ်ပါ

ပတ္ဝန္းက်င္ေကာင္းက အေရးႀကီးတယ္..



တစ္ခါတုန္းက တိုင္းျပည္တစ္ျပည္မွာႏွစ္စဥ္အေကာင္းဆုံးေျပာင္းဖူးဆုရရွိတဲ့ စိုက္ပ်ိဳးသူတစ္ေယာက္ရွိတယ္။တစ္ေန႔မွာေတာ့ ဘုရင္ျမင္းျမတ္ဟာအေကာင္းဆုံး ေျပာင္းဖူးစိုက္ပ်ိဳးနည္းကို ေလ့လာသင္ယူဖို႔ သူ႔အေစခံအခ်ိဳ႕ကို ေစလႊတ္





လိုက္တယ္။ဘုရင္ရဲ႕ လူယုံေတြဟာ ေျပာင္း ဖူးစိုက္ပ်ိဳးနည္းကို စိတ္ဝင္တစားေလ့လာၾကတယ္။ ဒီအခါမွာအေကာင္းဆုံးစိုက္ပ်ိဳးသူဟာ သူနဲ႔ၿခံခ်င္းကပ္လ်က္ တျခားေျပာင္းဖူးစိုက္ပ်ိဳးသူေတြကို သူရဲ႕အေကာင္းဆုံးမ်ိဳးေစ့ေတြ အၿမဲမွ်ေဝေပးတတ္တဲ့





အေၾကာင္းသူတို႔ေတြသိရွိလာခဲ့တယ္။ဘာလို႔ ခင္ဗ်ားရဲ႕အေကာင္းဆုံးမ်ိဳးေစ့ေတြကိုလိုက္ေဝေနရတာလဲသူတို႔ေတြ ခင္ဗ်ားမ်ိဳးေစ့ေတြကို ရသြားရင္ေနာက္ႏွစ္မွာ ခင္ဗ်ားကို ေက်ာ္တက္သြားမွာေပါ့ လို႔ ဘုရင့္လူယုံေတြထဲက ေခါင္းေဆာင္ျဖစ္သူက ေျပာ





လိုက္တယ္။ ဝတ္မႈန္ကူးျခင္း အေၾကာင္းကိုတကယ္မသိတာလား ဆရာတို႔ ဒီေျပာင္း ဖူးပင္ေတြ ရင့္မွည့္လာၾကတဲ့အခါေလအေဝွ႔မွာ တစ္ၿခံနဲ႔ တစ္ၿခံမွာရွိတဲ့ေျပာင္းဖူးပင္ေတြဟာ ဝတ္မႈန္ကူးၾကတယ္တကယ္လို႔ ကြၽန္ေတာ့္နဲ႔ကပ္လ်က္ေျပာင္းဖူး





ၿခံက အရည္အေသြးညံ့တဲ့ ေျပာင္းဖူးေတြ ဖူးရင္ကြၽန္ေတာ့္ၿခံက ေျပာင္းဖူးေတြလဲ ေအာင္ျမင္စရာ အေၾကာင္းမရွိပါဘူး ကြၽန္ေတာ့္ၿခံထဲက ေျပာင္းဖူးေတြကိုေအာင္ျမင္ျဖစ္ထြန္းေစခ်င္တယ္ဆိုရင္ကြၽန္ေတာ့္ၿခံနီးခ်င္းေတြရဲ႕ ေျပာင္းဖူးပင္ေတြကိုလည္း





ျမႇင့္တင္ပ်ိဳးေထာင္မွ ရပါလိမ့္မယ္လို႔ေျပာင္းဖူးစိုက္ပ်ိဳးသူက ေျဖလိုက္ပါတယ္။ကြၽန္ေတာ္တို႔ လူ႔ဘဝေတြဟာလဲဒီလိုပဲမဟုတ္လားကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္စြာေနထိုင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္ကိုလဲ ၿငိမ္းခ်မ္းေပ်ာ္႐ႊင္





ဖို႔ ဖန္တီးေပးရမယ္ကြၽန္ေတာ္တို႔ အ ဆင့္အတန္းျမင့္ျမင့္တန္ဖိုးရွိရွိရွင္သန္ေနထိုင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ လူမႈပတ္ဝန္းက်င္ကိုလဲ တန္ဖိုးရွိေအာင္ လၾကၱဲကူ ျမႇင့္တင္ေပးဖို႔လိုတယ္ တကယ္ေတာ့ ဘဝရဲ႕တန္ဖိုးဆိုတာ ဒီဘဝတစၡဳထဲ





သီးသန႔္ျဖစ္တည္ေနလို႔မရဘူး။ဒီဘဝနဲ႔ထိစပ္ေနတဲ့ အရာေတြကို လွပေအာင္တန္ဖိုးရွိေအာင္ ျခယ္သျခင္းကကို ဒီဘဝရဲ႕တန္ဖိုးကို ပိုမိုေတာက္ေျပာင္ေစတာပဲ သင့္အေနနဲ႔ အေကာင္းဆုံးေျပာင္းဖူးကိုလိုခ်င္သလားအေကာင္းဆုံး ေျပာင္းဖူးအတြက္ အေကာင္းဆုံးပတ္ဝန္းက်င္ကိုဖန္တီးဖို႔ မေမ့လိုက္ပါနဲ႔

Credit ~မူရင္း

Post a Comment

Previous Post Next Post

Comments