ကိုယ်နဲ့ အမြဲတမ်းလိုက်မယ့်သူ
ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။တတိယမြောက်
မိဘုရားကိုလည်း ချစ် တာပါပဲ။ အိမ်နီးချင်းတိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့်ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူစိုးရိမ်နေတတ်ပါတယ်။ဒုတိယမြောက် မိဘုရားကို
ချစ်တာကျတော့ တစ်မျိုး.. အဲဒီ မိဘုရားကို သူ့ရဲ့တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့တိုင်ပင်လေ့ရှိပြီးမိဘုရားကလည်း အမြဲကူညီ ဖြေရှင်း ပေး
ပါတယ်။ ပထမဦးဆုံး မိဘုရားကတော့ဘုရင်ကြီး အပေါ်မှာ တော်တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်းနှစ်နှစ်ကာကာကို ချစ်ခင် မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့သူ့ကို
တစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။တစ်ရက်မှာတော့ ဘုရင်ကြီးဟာ အသည်းအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘဝသက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကိုပြန်လည်
စဉ်းစားမိပြီး “ငါ့မှာ မိဘုရားလေးယောက် ရှိတယ်.. ဒါပေမယ့် ငါသေရတော့ တစ်ယောက်ထဲပါလား” လို့တွေးမိတော့တယ်။ နောက် တော့သူကသူ့ရဲ့စတုတ္ထမြောက်မိဘုရားကိုခေါ်ပြီးမေးလိုက်တယ်..။”အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်
နော်..မင်းကိုကောင်းပေ့၊ လှပေ့ဆိုတဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကိုချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်း ဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့အတူတူ လိုက်သေနိုင်မလား” ။ မိဘုရားက “လုံးဝပဲ” လို့ ပြန်ပြောလိုက်တယ်။နောက်ထပ် စကား တစ်လုံး တ
လေမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစား ရစေပါတယ်။ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာတတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။”ငါဟာမင်းကို ငါ့ဘဝနဲ့ ချီပြီး ချစ်ခဲ့တယ်။ ခုတော့ ငါ
သေရတော့မယ်.. မင်းငါနဲ့တူတူ လိုက်သေနိုင်မလား”။ “မသေနိုင်ပါဘူးရှင်… ဘဝဆိုတာကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ.. ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့လက်ထပ်မှာပေါ့” လို့ ဖြေလိုက်တယ်။
ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက်တောင့်တင်း သွားလေရဲ့။နောက်တော့ ဒုတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ “ငါဟာ အမြဲ တမ်းပဲမင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူ ရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူ
လိုက်သေနိုင်မလား အ ချစ်ရယ်”။”ဝမ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး..အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်”လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်
ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။အဲ ဒီအချိန်မှာပဲ “ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေမယ်.. ရှင်ဘယ်သွားသွားရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ” ဆိုတဲ့ အသံကို ကြား လိုက်ရတယ်။ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင် ကြည့်
လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူ တွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီးဝေဒနာခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကိုပြောလိုက်တယ် “ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘဝမှာ
အခွင့်အရေးရှိမယ်ဆိုရင် ငါ ပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောလိုက်တယ်။ကျွန်တော်တို့တွေရဲ့ ဘဝမှာလည်းဇနီးလေးယောက် ရှိပါတယ်..။ စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်း
ကောင်း ကျွေးမွေးပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။ တတိယမြောက်ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာတစ်ပါးသူ လက်ထဲ ရောက်သွားတာပဲလေ။ ဒုတိယမြောက် ဇနီးကတော့
ကျွန်တော်တို့ရဲ့ မိသားစုနဲ့ သူငယ် ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီးဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံးလုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့ အချိန်မှာ အသုဘ လိုက်ပို့မယ်..နောက်တော့
အုတ်ဂူလေးဆီ လာကြမယ်.. ဆုတောင်းပေးကြမယ်။ အဲ. ပထမဆုံးဇနီးကတော့ ကျွန်တော်တို့တွေရဲ့ .. စိတ်(ကုသိုလ်စိတ်-အကုသိုလ်စိတ်)ပဲပေါ့ဗျာ။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာ နောက်ကိုလိုက်နိုင်တဲ့ သူတွေပေါ့။အဲဒီတော့
ကျွန်တော်တို့တွေ လုပ်သင့်တာက ကိုယ့်ရဲ့ စိတ်ဓါတ်၊စိတ်အင်အားကို ခုကတည်းက တောင့်တင်း ခိုင်မာအောင် လုပ်ကြဖို့ပါပဲ။ပြောရမယ်ဆိုရင် ကိုယ်သေချိန်မှာ ဘဝကူးကောင်းအောင် ခုကတည်းက ပြင်ဆင်ထားသင့်တာပေါ့။ ကျွန်တော်တို့ ကျင်လည်ရာ သံသရာမှာ သူကသာ အဓိကဖြစ်ပါတယ်။ဒီအတွက် အဆင်သင့်နဲ့ အကောင်းဆုံး ဖြစ်နေမှာပဲပေ့ါ။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
ဟိုးေရွးေရွးတုန္းကေပါ့ မိဘုရားေလးေယာက္ ရွိၿပီး သိပၠို ခ်မ္းသာႂကြယ္ဝတဲ့ဘုရင္ႀကီးတစ္ပါး ႐ြိသတဲ့။ ဘုရင္ႀကီးဟာ သူ႔ရဲ႕ စတုတၳေျမာက္ မိဘုရားကိုေတာ့အခ်စ္ဆုံးျဖစ္ၿပီး အေကာင္းဆုံး၊ အႏူးညံ့ဆုံး၊ အခ်ိဳမိန္ဆုံး ဆက္ဆံပါသတဲ့။တတိယေျမာက္
မိဘုရားကိုလည္း ခ်စ္ တာပါပဲ။ အိမ္နီးခ်င္းတိုင္းျပည္ေတြကိုလည္း တတိယေျမာက္ မိဘုရားကို ႂကြားေလ့ ရွိပါတယ္။ ဒါေပမယ့္ဒီမိဘုရားဟာ သူ႔ကို တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ထားသြားခဲ့မွာကိုေတာ့ သူစိုးရိမ္ေနတတ္ပါတယ္။ဒုတိယေျမာက္ မိဘုရားကို
ခ်စ္တာက်ေတာ့ တစ္မ်ိဳး.. အဲဒီ မိဘုရားကို သူ႔ရဲ႕တိုင္ပင္ေဖာ္၊ တိုင္ပင္ဖက္၊ ယုံၾကည္အားကိုရာအျဖစ္ ဘုရင္ႀကီးက မွတ္ယူတယ္။ျပသနာေတြ ျဖစ္လာတိုင္းမွာ ဒုတိယေျမာက္ မိဘုရားနဲ႔တိုင္ပင္ေလ့ရွိၿပီးမိဘုရားကလည္း အၿမဲကူညီ ေျဖရွင္း ေပး
ပါတယ္။ ပထမဦးဆုံး မိဘုရားကေတာ့ဘုရင္ႀကီး အေပၚမွာ ေတာ္ေတာ္သစၥာ ရွိပါတယ္။ ဘုရင္ႀကီးရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းေတြမွာ ပါဝင္ကိုင္တြယ္ေပးၿပီး ဘုရင္ႀကီးကိုလည္းႏွစ္ႏွစ္ကာကာကို ခ်စ္ခင္ ျမတ္ႏိုးပါတယ္။ ဒါေပမယ့္ ဘုရင္ႀကီးကေတာ့သူ႔ကို
တစ္ျခား မိဘုရားေတြေလာက္ မခ်စ္ပါဘူး။တစ္ရက္မွာေတာ့ ဘုရင္ႀကီးဟာ အသည္းအသန္ကို နာမက်န္း ျဖစ္ပါတယ္။ သူ႔ဘဝသက္တမ္း ကုန္ဆုံးေတာ့မွာကို သိေနတဲ့ ဘုရင္ႀကီးဟာ သူ႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြ၊ ဇိမ္ရွိရွိ ေနခဲ့ရတဲ့ အေၾကာင္းကိုျပန္လည္
စဥ္းစားမိၿပီး ငါ့မြာ မိဘုရားေလးေယာက္ ရွိတယ္.. ဒါေပမယ့္ ငါေသရေတာ့ တစ္ေယာက္ထဲပါလား လို႔ေတြးမိေတာ့တယ္။ ေနာက္ ေတာ့သူကသူ႔ရဲ႕စတုတၳေျမာက္မိဘုရားကိုေခၚၿပီးေမးလိုက္တယ္..။အခ်စ္ေရ.. ကိုယ္မင္းကို အခ္စ္ဆဳံးပဲ ဆိုတာ မင္းသိတယ္
ေနာ္..မင္းကိုေကာင္းေပ့၊ ေလြပ့ဆိုတဲ့ အဝတ္အစားေတြ၊ အသုံးအေဆာင္ေတြကိုခ်ီးျမႇင့္ခဲ့တယ္၊ မင္းကိုလည္း ငါ အရမ္း ဂ႐ုစိုက္ခဲ့တယ္.. မင္း ငါနဲ႔အတူတူ လိုက္ေသႏိုင္မလား ။ မိဘုရားက လုံးဝပဲ လို႔ ျပန္ေျပာလိုက္တယ္။ေနာက္ထပ္ စကား တစႅဳံး တ
ေလမွ မေျပာပဲ လွည့္ထြက္သြားခဲ့တယ္။ သူ႔ရဲ႕အေျဖစကားဟာ ဘုရင္ႀကီးရဲ႕ ႏွလုံးသားကို ဓါးနဲ႔မႊန္းသလိုပဲ ခံစား ရေစပါတယ္။ဝမ္းနည္းသြားတဲ့ ဘုရင္ႀကီးဟာတတိယေျမာက္ မိဘုရားကို ေခၚျပန္တယ္။ငါဟာမင္းကို ငါ့ဘဝနဲ႔ ခ်ီၿပီး ခ်စ္ခဲ့တယ္။ ခုေတာ့ ငါ
ေသရေတာ့မယ္.. မင္းငါနဲ႔တူတူ လိုက္ေသႏိုင္မလား။ မေသႏိုင္ပါဘူးရွင္ ဘဝဆိုတာေကာင္းတာေတြကို ခံစားဖို႔ ျဖစ္လာတာ.. ရွင္ေသရင္ ကြၽန္မ ေနာက္တစ္ေယာက္နဲ႔လက္ထပ္မွာေပါ့ လို႔ ေျဖလိုက္တယ္။
ဘုရင္ႀကီးရဲ႕ ႏွလုံးသားဟာ ေအးစက္ေတာင့္တင္း သြားေလရဲ႕။ေနာက္ေတာ့ ဒုတိယေျမာက္ မိဘုရားကိုလည္း ေခၚလိုက္တယ္။ ငါဟာ အၿမဲ တမ္းပဲမင္းရဲ႕ အကူအညီေတြကို ယူခဲ့တယ္.. မင္းကလည္း ျပသနာေတြကို ငါနဲ႔အတူတူ ရင္ဆိုင္ခဲ့တယ္။ ငါနဲ႔ တူတူ
လိုက္ေသႏိုင္မလား အ ခ်စ္ရယ္။ဝမ္းနည္းပါတယ္ရွင္.. ဒီတစ္ခါေတာ့ ကြၽန္မ ရွင့္ကို မကူညီႏိုင္ေတာ့ပါဘူး..အဲ ဒါေပမယ့္ ရွင့္ရဲ႕ အသုဘကိုေတာ့ ကြၽန္မ လိုက္ပို႔ေပးပါ့မယ္.. ရွင့္ရဲ႕အုတ္ဂူဆီသို႔လည္း ကြၽန္မ လာပါ့မယ္လို႔ ျပန္ေျဖလိုက္တယ္။ ဘုရင္
ႀကီးဟာ အေတာ္ေလးကို စိတ္ဆင္းရဲသြားတယ္။အဲ ဒီအခ်ိန္မွာပဲ ကြၽန္မ ရွင္နဲ႔ အတူတူ လိုက္ေသမယ္.. ရွင္ဘယ္သြားသြားရွင့္ေနာက္က ကြၽန္မလိုက္ဖို႔ အသင့္ပါပဲ ဆိုတဲ့ အသံကို ၾကား လိုက္ရတယ္။ဘုရင္ႀကီးဟာ ခ်က္ခ်င္းပဲ ေခါင္းေထာင္ ၾကည့္
လိုက္တယ္။ သူ႔ရဲ႕ ပထမဆုံး မိဘုရားကို သူ ေတြ႕လိုက္ရတယ္။ သူမဟာ အေတာ္ေလးကို ပိန္လွီးေနၿပီးေဝဒနာခံစားေနရပုံ ေပါက္ေနတယ္။ ဘုရင္ႀကီးဟာ ေနာက္ဆုံး အေနနဲ႔ သူမကိုေျပာလိုက္တယ္ ငါ မင္းကို ပိုဂ႐ုစိုက္ခဲ့သင့္တာ.. ေနာက္ ဘဝမြာ
အခြင့္အေရးရွိမယ္ဆိုရင္ ငါ ျပန္လည္ေပးဆပ္ဖို႔ ေမွ်ာ္လင့္ပါတယ္ လို႔ ေျပာလိုက္တယ္။ကြၽန္ေတာ္တို႔ေတြရဲ႕ ဘဝမွာလည္းဇနီးေလးေယာက္ ရွိပါတယ္..။ စတုတၳေျမာက္ ဇနီးေကတာ့ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ခႏၶာပါပဲ.. သူ႔ကို ဘယ္ေလာက္ပဲ ေကာင္း
ေကာင္း ေကြၽးေမြးျပဳစုခဲ့ပါေစ.. ေသသြားတဲ့ တစ္ေန႔မွာေတာ့ ထားခဲ့ရတာပါပဲ။ တတိယေျမာက္ဇနီးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ပိုင္ဆိုင္မႈေတြပါ။ ကိုယ္ေသသြားတဲ့ အခ်ိန္မွာတစ္ပါးသူ လက္ထဲ ေရာက္သြားတာပဲေလ။ ဒုတိယေျမာက္ ဇနီးေကတာ့
ကြၽန္ေတာ္တို႔ရဲ႕ မိသားစုနဲ႔ သူငယ္ ခ်င္းေတြေပါ့။ အသက္ရွင္ေနစဥ္မွာ အနားမွာရွိၿပီးဘယ္ေလာက္ပဲ ေကာင္းခဲ့ ေကာင္းခဲ့၊ သူတို႔ေတြ ကိုယ့္အတြက္ အမ်ားဆုံးလုပ္ေပးႏိုင္တာကေတာ့ ကိုယ္ေသသြားတဲ့ အခ်ိန္မွာ အသုဘ လိုက္ပို႔မယ္..ေနာက္ေတာ့
အုတ္ဂူေလးဆီ လာၾကမယ္.. ဆုေတာင္းေပးၾကမယ္။ အဲ. ပထမဆုံးဇနီးေကတာ့ ကြၽန္ေတာ္တို႔ေတြရဲ႕ .. စိတ္(ကုသိုလ္စိတ္-အကုသိုလ္စိတ္)ပဲေပါ့ဗ်ာ။ သူ တစ္ခုတည္းကသာ ေသသြားတဲ့ အခ်ိန္မွာ ကိုယ္ၾသားရာ ေနာက္ကိုလိုက္ႏိုင္တဲ့ သူေတြေပါ့။အဲဒီေတာ့
ကြၽန္ေတာ္တို႔ေတြ လုပ္သင့္တာက ကိုယ့္ရဲ႕ စိတ္ဓါတ္၊စိတ္အင္အားကို ခုကတည္းက ေတာင့္တင္း ခိုင္မာေအာင္ လုပ္ၾကဖို႔ပါပဲ။ေျပာရမယ္ဆိုရင္ ကိုယ္ေသခ်ိန္မွာ ဘဝကူးေကာင္းေအာင္ ခုကတည္းက ျပင္ဆင္ထားသင့္တာေပါ့။ ကြၽန္ေတာ္တို႔ က်င္လည္ရာ သံသရာမြာ သူကသာ အဓိကျဖစ္ပါတယ္။ဒီအတြက္ အဆင္သင့္နဲ႔ အေကာင္းဆုံး ျဖစ္ေနမွာပဲေပ့ါ။
Credit ~မူရင္း

Post a Comment