ပိုမြင့်တဲ့နေရာအထိ ပျံသန်းကြည့်လိုက်ပါ
တခါက မြစ်ဘေးက သစ်ပင်တပင်မှာ ငှက်သားအမိ နှစ်ကောင် နေထိုင်ပါတယ်။ တနေ့တော့ ငှက်ငယ်ကလေးဟာ သစ်ပင်တပင်မှ တပင် ကူးလူး ပျံသန်းနေရင်း အတွေးတခု ပေါ်လာတာနဲ့ သူ့အမေကို မေးလိုက်ပါတယ်။”မေမေရယ် သစ်ပင်တွေ ကလည်း
အနိမ့်အမြင့် မတူကြဘူးနော်။ သားတို့ ဘေးက ကောင်းပေ့၊ မြင့်ပေ့ ဆိုတဲ့ သစ်ပင်ကိုလည်း ဟိုကျီးမဲ မိသားစုက ကြီးစိုးထား တယ်နော်။ အားငယ် လိုက်တာ မေမေရယ်” တဲ့။အဲဒါနဲ့ ငှက်မကြီးလည်း သူ့သားရဲ့ စကားကို သဘော သိပ်မတွေ့တာနဲ့ “လာ
လိုက်ခဲ့” ဆိုပြီး ခပ်မြင့်မြင့်ကို ပျံတက် သွားပါတယ်။ ဒီလိုနဲ့ မြေပြင်နဲ့ အတန်အသင့် အမြင့်ကို ရောက်တဲ့ အခါ သူ့သားကို အောက်ကို ငုံ့ကြည့်ခိုင်း လိုက်ပါတယ်။ပြီးတော့ ငှက်မကြီးက “သားရေ သစ်ပင် အားလုံးကို မြင်ရတဲ့ အမြင့်ကနေ ကြည့်
လိုက်တော့ သူတို့ရဲ့ အမြင့်တွေဟာ အရေးပါသေးသလား။ အားလုံးဟာ မြေပြင်မှာပဲ ရှိနေကြတာပါ။ နောက်ပြီး မေမေတို့ နေတဲ့ သစ်ပင်က ပိုတောင် ကြီးနေသေးတယ် သားရဲ့ ကြည့်လိုက်ပါဦး။အပွင့်အခက်တွေ ဝေဆာပြီး ပြန့်ကားတဲ့ အကိုင်းအလက်
တွေနဲ့ တော်တော်လေး လှနေပါတယ် သားရယ်။ သစ်ပင်အနိမ့် အမြင့်ကို မေမေတို့ မပြင်နိုင်ကြဘူး ဒါပေမယ့် မေမေတို့ ရှုမြင်တဲ့ ပုံစံကို ပြင်လိုက်တယ်လေ။ ဒီအခါ စိတ်သက်သာရာ ရလာတယ်မလား သား။ဘဝမှာ မလိုလား အပ်တဲ့ အရာတွေကို မနှိုင်းယှဉ်နဲ့။
တခါတခါ သစ်ပင်မြင့်မှာ ရပ်နားမိ လေလေ လေပိုတိုက် ခံရလေလေ ဖြစ်လိမ့်မယ်။စိတ်မညစ် ပါနဲ့သား အပင်ဖျားတွေထက် ပိုမြင့်အောင် ပျံသန်းကြည့်လိုက် စမ်းပါ။ တိုက်လာတဲ့ လေကိုပါ လေဟုန် စီးပစ်နိုင်တယ်ဆိုတာ တွေးရလိမ့်မယ်သား။
နောက်ပြီး မျက်စိတဆုံး အမြင်နဲ့ပဲ ဘယ်တော့မှ မဆုံးဖြတ်နဲ့ သားရေ။ အားလုံးကို မြင်ရတဲ့ အမြင့်ကို ပျံနိုင်အောင်ကြိုးစား။ အပေါ်စီးကနေ ကြည့်နိုင်ဖို့ ကြိုးစား။အောက်မှာ ဘာမဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ အချိန် ကုန်နေကြတဲ့ သူတွေ၊ ကိုယ့်မှာ ရှိတဲ့ အရာကို
တန်ဖိုး မထားတတ်ဘဲ တခြားသူတွေရဲ့ အကြောင်းအရာတွေ ကိုသာ စိတ်ဝင်စားပြီး စိတ်အားငယ် နေသူတွေလည်း အများကြီး သား။ကျီးတွေက အုပ်စု တောင့်ကြတယ်၊ အမေတို့က သားအမိ နှစ်ကောင်တည်း။ ဒါပေမယ့် တောင်သူ
ဦးကြီးတွေ ဘယ်သူ့ကို ချစ်ကြတယ် ထင်သလဲ။ အမေတို့ကိုပေါ့ သား။ အမေတို့လည်း သူတို့လို အဆင်းမွဲ၊ အဆင်းမဲတာ ပဲလေ။ ဒါပေမယ့် အမေတို့က သူတို့ထက် အသံသာတယ်လေ သားရဲ့။ဒီလိုပဲ သားရေ ကိုယ့်မှာ အားသာချက်တွေ အများကြီး ရှိ
တယ် အဲဒါကို သိအောင် ကြိုးစား။ ကိုယ့်ကိုယ်ကို တန်ဖိုးထား။ ဘဝဆိုတာ တခြားသူတွေရဲ့ ဘဝနဲ့ ခိုင်းနှိုင်းဖို့ မဟုတ်ဘူး။ အကျိုးရှိဖို့၊ တန်ဖိုးရှိဖို့နဲ့ ကိုယ်တိုင် တည်ဆောက်ယူဖို့ပါ။ ဘယ်တော့မှ မမေ့ပါနဲ့ သား”သင့်ရဲ့ ဘဝကို အမြဲတမ်း တန်ဖိုးထပ်
ပေါင်းထည့် နေဖို့က သင့်ရဲ့တာဝန်ပါ။ တပါးသူတွေကြောင့် စိတ်ပျက် အားငယ်မှုတွေကို သင့်ရဲ့ ဘဝထဲ ထပ်ပေါင်းထည့်နေဖို့ သင့်မှာတာဝန် မရှိသလို အချိန်လည်းမရှိပါဘူး။ သတိပြုကြည့်လိုက်ပါ။
Credit – ကောင်းစံသာ (ရေကြည်)
Zawgyi ဖြင့်ဖတ်ပါ
တခါက ျမစ္ေဘးက သစ္ပင္တပင္မွာ ငြက္သားအမိ ႏွစ္ေကာင္ ေနထိုင္ပါတယ္။ တေန႔ေတာ့ ငြက္ငေယၠလးဟာ သစ္ပင္တပင္မွ တပင္ ကူးလူး ပ်ံသန္းေနရင္း ေအၾတးတခု ေပၚလာတာနဲ႔ သူ႔အေမကို ေမးလိုက္ပါတယ္။ေမေမရယ္ သစ္ပင္ေတြ ကလည္း
အနိမ့္အျမင့္ မတူၾကဘူးေနာ္။ သားတို႔ ေဘးက ေကာင္းေပ့၊ ျမင့္ေပ့ ဆိုတဲ့ သစ္ပင္ကိုလည္း ဟိုက်ီးမဲ မိသားစုက ႀကီးစိုးထား တယ္ေနာ္။ အားငယ္ လိုကၱာ ေမေမရယ္ တဲ့။အဲဒါနဲ႔ ငွက္မႀကီးလည္း သူ႔သားရဲ႕ စကားကို ေသဘာ သိပ္မေတြ႕တာနဲ႔ လာ
လိုက္ခဲ့ ဆိုၿပီး ခပ္ျမင့္ျမင့္ကို ပ်ံတက္ သြားပါတယ္။ ဒီလိုနဲ႔ ေျမျပင္နဲ႔ အတန္အသင့္ အျမင့္ကို ေရာက္တဲ့ အခါ သူ႔သားကို ေအာက္ကို ငုံ႔ၾကည့္ခိုင္း လိုက္ပါတယ္။ၿပီးေတာ့ ငွက္မႀကီးက သားေရ သစ္ပင္ အားလုံးကို ျမင္ရတဲ့ အျမင့္ကေန ၾကည့္
လိုက္ေတာ့ သူတို႔ရဲ႕ အျမင့္ေတြဟာ အေရးပါေသးသလား။ အားလုံးဟာ ေျမျပင္မွာပဲ ရွိေနၾကတာပါ။ ေနာက္ၿပီး ေမေမတို႔ ေနတဲ့ သစ္ပင္က ပိုေတာင္ ႀကီးေနေသးတယ္ သားရဲ႕ ၾကည့္လိုက္ပါဦး။အပြင့္အခက္ေတြ ေဝဆာၿပီး ျပန႔္ကားတဲ့ အကိုင္းအလက္
ေတြနဲ႔ ေတာ္ေတာ္ေလး လွေနပါတယ္ သားရယ္။ သစ္ပင္အနိမ့္ အျမင့္ကို ေမေမတို႔ မျပင္ႏိုင္ၾကဘူး ဒါေပမယ့္ ေမေမတို႔ ရႈျမင္တဲ့ ပုံစံကို ျပင္လိုက္တယ္ေလ။ ဒီအခါ စိတ္သက္သာရာ ရလာတယၼလား သား။ဘဝမြာ မလိုလား အပ္တဲ့ အရာေတြကို မႏႈိင္းယွဥ္နဲ႔။
တခါတခါ သစ္ပင္ျမင့္မွာ ရပၷားမိ ေလေလ ေလပိုတိုက္ ခံေရေလလ ျဖစ္လိမ့္မယ္။စိတ္မညစ္ ပါနဲ႔သား အပင္ဖ်ားေတြထက္ ပိုျမင့္ေအာင္ ပ်ံသန္းၾကည့္လိုက္ စမ္းပါ။ တိုကႅာတဲ့ ေလကိုပါ ေလဟုန္ စီးပစ္ႏိုင္တယ္ဆိုတာ ေတြးရလိမ့္မယ္သား။
ေနာက္ၿပီး မ္ကၥိတဆုံး အျမင္နဲ႔ပဲ ဘယ္ေတာ့မွ မဆုံးျဖတ္နဲ႔ သားေရ။ အားလုံးကို ျမင္ရတဲ့ အျမင့္ကို ပ်ံႏိုင္ေအာင္ႀကိဳးစား။ အေပၚစီးကေန ၾကည့္ႏိုင္ဖို႔ ႀကိဳးစား။ေအာက္မွာ ဘာမဟုတ္တဲ့ ၿပိဳင္ဆိုင္မႈေတြနဲ႔ အခ်ိန္ ကုန္ေနၾကတဲ့ သူေတြ၊ ကိုယ့္မွာ ႐ြိတဲ့ အရာကို
တႏၹိုး မထားတတ္ဘဲ တျခားသူေတြရဲ႕ အေၾကာင္းအရာေတြ ကိုသာ စိတ္ဝင္စားၿပီး စိတ္အားငယ္ ေနသူေတြလည္း အမ်ားႀကီး သား။က်ီးေတြက အုပၥဳ ေတာင့္ၾကတယ္၊ အေမတို႔က သားအမိ ႏွစ္ေကာင္တည္း။ ဒါေပမယ့္ ေတာင္သူ
ဦးႀကီးေတြ ဘယ္သူ႔ကို ခ်စ္ၾကတယ္ ထင္သလဲ။ အေမတို႔ကိုေပါ့ သား။ အေမတို႔လည္း သူတို႔လို အဆင္းမြဲ၊ အဆင္းမဲတာ ပဲေလ။ ဒါေပမယ့္ အေမတို႔က သူတို႔ထက္ အသံသာတယ္ေလ သားရဲ႕။ဒီလိုပဲ သားေရ ကိုယ့္မွာ အားသာခ်က္ေတြ အမ်ားႀကီး ႐ြိ
တယ္ အဲဒါကို သိေအာင္ ႀကိဳးစား။ ကိုယ့္ကိုယ္ကို တႏၹိုးထား။ ဘဝဆိုတာ တျခားသူေတြရဲ႕ ဘဝနဲ႔ ခိုင္းႏႈိင္းဖို႔ မဟုတၻဴး။ အက်ိဳးရွိဖို႔၊ တန္ဖိုးရွိဖို႔နဲ႔ ကိုယ္တိုင္ တည္ေဆာက္ယူဖို႔ပါ။ ဘယ္ေတာ့မွ မေမ့ပါနဲ႔ သားသင့္ရဲ႕ ဘဝကို အၿမဲတမ္း တန္ဖိုးထပ္
ေပါင္းထည့္ ေနဖို႔က သင့္ရဲ႕တာဝန္ပါ။ တပါးသူေတြေၾကာင့္ စိတ္ပ်က္ အားငယ္မႈေတြကို သင့္ရဲ႕ ဘဝထဲ ထပ္ေပါင္းထည့္ေနဖို႔ သင့္မွာတာဝန္ မ႐ြိသလို အခ်ိန္လည္းမရွိပါဘူး။ သတိျပဳၾကည့္လိုက္ပါ။
Credit ေကာင္းစံသာ (ေရၾကည္)

Post a Comment