ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘဝကိုဖြတ်သန်းပါ
ဘီလ်ဟာ အသက် ၄၀အရွယ် လူကြီးတစ်ယောက်ဖြစ်ပါတယ်။ ။ သူနေထိုင်ရာ ရွာကလေးကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့လူကြီးတစ်ယောက်ပါ။ သူ့ရဲ့အဝတ်စတွေပါတဲ့အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ကျောပေါ်တင်သွားပြီး မြို့
ဈေးကို သွားရောင်းရပါတယ်။ သူ့မှာ အသက် ၁၅နှစ်ခန့်ရှိတဲ့သားတစ်ယောက်လည်းရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ ဘီလ်ရဲ့ မြည်းဟာ သူ့ရဲ့ အဝတ်ထုပ်ကို သယ်သွားရပြီး အပြန်ချိန်မှာတော့
ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင်ရောင်းလိုက်နိုင်ပါတယ်။ ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကိုပြန်လာခဲ့ကြပါတယ်။ သူတို့အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်မှာ မြည်းနဲ့အတူ သူတို့သားအဖဟာ လမ်းလျှောက်ရင်းပြန်လာခဲ့ပါတယ်။
လမ်းမှာ အခြားလူ၂ယောက်ကို တွေ့ပါတယ်။ ထိုလူ၂ယောက်က ဘီလ်တို့သားအဖကို ကြည့်ပြီး သူတို့အချင်းချင်းပြောကြပါတယ်။ “ဒီသားအဖဟာ အင်မတန် တုံးအလိုက်တာ။ မြည်းတစ်ကောင်ပါတာကို ကောင်းကောင်းအသုံးမချဘူး။ မြည်းနဲ့အတူ
လမ်းလျှောက်ပြန်လာသတဲ့။” လို့ပြောပါတယ်။ ထိုစကားကို ဘီလ်တို့သားအဖကြားတဲ့အခါမှာတော့ ဘီလ်ရဲ့သားက သူ့အဖေကိုပြောပါတယ်။ “အဖေ…..အဖေပဲ မြည်းကိုစီးပြီးလာခဲ့လိုက်ပါ။” သားဖြစ်သူရဲ့စကားကို လက်ခံပြီး ဘီလ်က မြည်း
ပေါ်စီးလိုက်လာပါတယ်။ မကြာခင်မှာပဲ လူကြီးတစ်ယောက်က မြည်းစီးလာတာကိုမြင်လိုက်ရပြီး ထိုလူကြီးက ဘီလ်တို့သားအဖကို လှမ်းအော်ပြောလိုက်ပါတယ်။ “ဟေ့……မင်းရဲ့သားကိုလည်း ငဲ့ပါအုံး။ မင်းသားကိုကြည့်ရတာ အင်မတန်မောနေပုံရ
တယ်။ သူ့ကိုပဲ မြည်းစီးခိုင်းလိုက်ပါလား။ မင်းက အဖေဖြစ်ပြီး လမ်းလျှောက်ခဲ့ပါလား” လို့ ပြောပြန်ပါတယ်။ ဘီလ်ကထိုစကားကိုကြားတဲ့အခါ သူ့သားကို “ဟုတ်တယ်..သားရေ သားပဲမြည်းစီးလာခဲ့ပါတော့ အဖေလမ်းလျှောက်လိုက်မယ်” ဆိုပြီး မြည်း
ကို သူ့သားကိုစီးခိုင်းရပြန်ပါတယ်။ လမ်းတစ်ဝက်လောက်အရောက်မှာပဲ နောက်ထပ်လူစိမ်းတစ်ယောက်နဲ့တွေ့ပြန်ပါတယ်။ ထိုလူစိမ်းက အော်ပြန်ပါတယ်။ “ဟဲ့….ကောင်လေး မင်းက မသိတတ်လိုက်တာ၊ မင်းအဖေကအသက်ကြီးနေပြီလေ။ မင်း
နောက်ကနေ ထိုင်လိုက်ခိုင်းလိုက်ပါလား” လို့ ပြောခံရပြန်ပါတယ်။ အဲဒါနဲ့ပဲ ဘီလ်နဲ့သူ့သားဟာ နှစ်ယောက်လုံးမြည်းပေါ်ကလိုက်ပါဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ နောက်ထပ်နေရာတစ်ခုအရောက်မှာ အခြားလူတစ်ယောက်နဲ့တွေ့ပြန်ပါတယ်။ ထိုလူက “
မင်းတို့သားအဖက အကြင်နာတရားခေါင်းပါးလှချည်လား၊ မြည်းတစ်ကောင်ကို နှစ်ယောက်လုံးဝိုင်းစီးကြတယ်ဆိုတော့ မြည်းကို အသေသတ်နေတာလား” လို့အမေးခံရပြန်ပါတယ်။ အဲဒါနဲ့ ဘီလ်နဲ့သူ့သားဟာ ထိုစကားကြောင့် ဘာမှထပ်မပြောနိုင်ကြ
တော့ပါဘူး။ ဒီပုံပြင်လေးက လူတိုင်းသိပြီးသားဖြစ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အခြားသူတွေရဲ့အထင်မြင်ကိုနားထောင်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့မဖြစ်ပါဘူး။ လူတိုင်းရဲ့စိတ်ကျေနပ်မှုအရ လိုက်ပြီးနေထိုင်မယ်ဆိုရင် ကိုယ့်ဘဝကိုယ်ဖြစ်ချင်တာ
တောင် ဘာမှန်းသိနိုင်မှာမဟုတ်တော့ပါဘူး။ ပြောချင်တာက လူတိုင်းရဲ့ကျေနပ်မှုရအောင်ကြိုးစားဖို့ဆိုတာ ဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ လူတိုင်းကမတူညီတဲ့အမြင်ရှိကြဘူး၊ မတူညီတဲ့ဘဝဖြတ်သန်းပုံတွေရှိကြပါတယ်။ အဲဒါကြောင့်
ကျွန်တော်တို့တွေက ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာလျှင် ဘဝကို အကောင်းဆုံးရင်ဆိုင်ဖြတ်သန်းရမှာဖြစ်ပါတယ်။
Credit ~မူရင်း
Zawgyi ဖြင့်ဖတ်ပါ
ဘီလ္ဟာ အသက္ ၄၀အ႐ြယ္ လူႀကီးတစ္ေယာက္ျဖစ္ပါတယ္။ ။ သူေနထိုင္ရာ ႐ြာကေလးကေန ၿမိဳ႕ေပၚကို တက္ၿပီး ပိတ္စေတြေရာင္းတဲ့လူႀကီးတစ္ေယာက္ပါ။ သူ႔ရဲ႕အဝတ္စေတြပါတဲ့အထုပ္ကို အၿမဲတမ္း သူ႔ျမည္းရဲ႕ေက်ာေပၚတင္သြားၿပီး ၿမိဳ႕
ေဈးကို သြားေရာင္းရပါတယ္။ သူ႔မွာ အသက္ ၁၅ႏွစ္ခန႔္ရွိတဲ့သားတစ္ေယာက္လည္းရွိပါေသးတယ္။ သူ႔သားေလးဟာ သူ႔ကို လိုက္ၿပီး ေဈးကူေရာင္းေပးတတ္ပါတယ္။ ဘီလ္ရဲ႕ ျမည္းဟာ သူ႔ရဲ႕ အဝတၳဳပၠို သယ္သြားရၿပီး အျပန္ခ်ိန္မွာေတာ့
ဘီလၠ သူ႔ရဲ႕ အဝတၳဳပၠို ကုန္ေအာင္ေရာင္းလိုက္ႏိုင္ပါတယ္။ ဘီလ္တို႔ သားအေဖၾတဟာ ေပ်ာ္ၿပီး အိမ္ကိုျပန္လာခဲ့ၾကပါတယ္။ သူတို႔အိမ္ကိုျပန္လာတဲ့လမ္းတစ္ေလွ်ာက္မွာ ျမည္းနဲ႔အတူ သူတို႔သားအဖဟာ လမ္းေလွ်ာက္ရင္းျပန္လာခဲ့ပါတယ္။
လမ္းမွာ အျခားလူ၂ေယာက္ကို ေတြ႕ပါတယ္။ ထိုလူ၂ေယာက္က ဘီလ္တို႔သားအဖကို ၾကည့္ၿပီး သူတို႔အခ်င္းခ်င္းေျပာၾကပါတယ္။ ဒီသားအဖဟာ အင္မတန္ တုံးအလိုကၱာ။ ျမည္းတစ္ေကာင္ပါတာကို ေကာင္းေကာင္းအသုံးမခ်ဘူး။ ျမည္းနဲ႔အတူ
လမ္းေလွ်ာက္ျပန္လာသတဲ့။ လို႔ေျပာပါတယ္။ ထိုစကားကို ဘီလ္တို႔သားအဖၾကားတဲ့အခါမွာေတာ့ ဘီလ္ရဲ႕သားက သူ႔အေဖကိုေျပာပါတယ္။ ေအဖ..ေအဖပဲ ျမည္းကိုစီးၿပီးလာခဲ့လိုက္ပါ။ သားျဖစ္သူရဲ႕စကားကို လက္ခံၿပီး ဘီလၠ ျမည္း
ေပၚစီးလိုက္လာပါတယ္။ မၾကာခင္မွာပဲ လူႀကီးတစ္ေယာက္က ျမည္းစီးလာတာကိုျမင္လိုက္ရၿပီး ထိုလူႀကီးက ဘီလ္တို႔သားအဖကို လွမ္းေအာ္ေျပာလိုက္ပါတယ္။ ေဟ့မင္းရဲ႕သားကိုလည္း ငဲ့ပါအုံး။ မင္းသားကိုၾကည့္ရတာ အင္မတန္ေမာေနပုံရ
တယ္။ သူ႔ကိုပဲ ျမည္းစီးခိုင္းလိုက္ပါလား။ မင္းက အေဖျဖစ္ၿပီး လမ္းေလွ်ာက္ခဲ့ပါလား လို႔ ေျပာျပန္ပါတယ္။ ဘီလ္ကထိုစကားကိုၾကားတဲ့အခါ သူ႔သားကို ဟုတ္တယ္..သားေရ သားပဲျမည္းစီးလာခဲ့ပါေတာ့ အေဖလမ္းေလွ်ာက္လိုက္မယ္ ဆိုၿပီး ျမည္း
ကို သူ႔သားကိုစီးခိုင္းရျပန္ပါတယ္။ လမ္းတစ္ဝက္ေလာက္အေရာက္မွာပဲ ေနာက္ထပ္လူစိမ္းတစ္ေယာက္နဲ႔ေတြ႕ျပန္ပါတယ္။ ထိုလူစိမ္းက ေအာ္ျပန္ပါတယ္။ ဟဲ့.ေကာင္ေလး မင္းက မသိတတႅိုကၱာ၊ မင္းအေဖကအသက္ႀကီးေနၿပီေလ။ မင္း
ေနာက္ကေန ထိုင္လိုက္ခိုင္းလိုက္ပါလား လို႔ ေျပာခံရျပန္ပါတယ္။ အဲဒါနဲ႔ပဲ ဘီလ္နဲ႔သူ႔သားဟာ ႏွစ္ေယာက္လုံးျမည္းေပၚကလိုက္ပါဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ ေနာက္ထပ္ေနရာတစ္ခုအေရာက္မွာ အျခားလူတစ္ေယာက္နဲ႔ေတြ႕ျပန္ပါတယ္။ ထိုလူက
မင္းတို႔သားအဖက အၾကင္နာတရားေခါင္းပါးလွခ်ည္လား၊ ျမည္းတစ္ေကာင္ကို ႏွစ္ေယာက္လုံးဝိုင္းစီးၾကတယ္ဆိုေတာ့ ျမည္းကို အေသသတ္ေနတာလား လို႔အေမးခံရျပန္ပါတယ္။ အဲဒါနဲ႔ ဘီလ္နဲ႔သူ႔သားဟာ ထိုစကားေၾကာင့္ ဘာမွထပ္မေျပာႏိုင္ၾက
ေတာ့ပါဘူး။ ဒီပုံျပင္ေလးက လူတိုင္းသိၿပီးသားျဖစ္ၾကမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ဘဝမွာ အျခားသူေတြရဲ႕အထင္ျမင္ကိုနားေထာင္ၿပီး ဘယႅိုမြ ဆုံးျဖတ္လို႔မျဖစ္ပါဘူး။ လူတိုင္းရဲ႕စိတ္ေက်နပ္မႈအရ လိုက္ၿပီးေနထိုင္မယ္ဆိုရင္ ကိုယ့္ဘဝကိုယ္ျဖစ္ခ်င္တာ
ေတာင္ ဘာမွန္းသိႏိုင္မွာမဟုတ္ေတာ့ပါဘူး။ ေျပာခ်င္တာက လူတိုင္းရဲ႕ေက်နပ္မႈရေအာင္ႀကိဳးစားဖို႔ဆိုတာ ဘယ္ေတာ့မွ ျဖစ္ႏိုင္မွာမဟုတ္ပါဘူး။ လူတိုင္းကမတူညီတဲ့အျမင္ရွိၾကဘူး၊ မတူညီတဲ့ဘဝျဖတ္သန္းပုံေတြရွိၾကပါတယ္။ အဲဒါေၾကာင့္
ကြၽန္ေတာ္တို႔ေတြက ကိုယ့္ရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔သာလွ်င္ ဘဝကို အေကာင္းဆုံးရင္ဆိုင္ျဖတ္သန္းရမွာျဖစ္ပါတယ္။
Credit ~မူရင္း

Post a Comment