ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာပါ…

ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာပါ…
25.06.2022 22:52 မြန်မာ မြင်ကွင်းစုံ


အဖေပြောဖူးတယ်… တစ်ချို့လူတွေက ဆင်းရဲသင့်လို့ကို ဆင်းရဲနေတာတဲ့… အစပိုင်းက ကျွန်တော် အဲဒီစကားကို နားမလည်ဘူးဗျ။ ဘယ်လိုမျိုး ဆင်းရဲသင့်လို့ ဆင်းရဲနေတာလဲပေါ့… ဘယ်လိုလူတွေက ဆင်းရဲသင့်နေလို့လဲပေါ့။





အဲဒီစကားက ကိုယ်တိုင်ကြုံမှပဲ နားလည်ခဲ့ရတာ။ ကျွန်တော် အရင်က စီးပွားရေးတွေ လုပ်တော့ အောင်မြင်တယ်ပဲ ပြောရမယ်။ ဘဏ်အကောင့်ထဲ သိန်းထောင်ဂဏန်း ရှိခဲ့ဖူးတယ်ပေါ့ဗျာ။





ငွေလေး ဘာလေး ရှိလာတော့ လိုအပ်မှန်း မသိ မလိုအပ်မှန်း မသိ လျှောက်ဝယ်တဲ့ ဇာတ်လမ်းက စေတာ့တာပဲ။ Honda Fit လေး စ စီးတယ်။ သိပ်မကြာသေးဘူး လမ်းမှာ ရပ်ထားတဲ့ Wish တစ္စီး လှလို့ဆိုပြီး Honda Fit ကို အရွုံးခံ ရောင်းပြီး… Wish ကို ဝယ်ပြန်ရော။





Wish စီးတာ မကြာသေးဘူး… သူငယ်ချင်းတွေက မင်းအနေထားကြီးနဲ့ Alphard လောက်တော့ စီးသင့်နေပြီ။ ဆီဖိုးလည်း တတ်နိုင်တာပဲ ဘာညာ ပြောတာနဲ့ Wish ကို ပြန်ရောင်း။ ပြန်ရောင်းတော့ ထပ် ရှုံးတယ်။





Alphard ထပ်ဝယ်တော့ ငွေက ထပ်လိုက်ရ ပြန်ရော။ ငွေက တစ်စစနဲ့ ရှုံးနေတာကို သတိ မထားမိတာ။ အဲဒါလည်း အားမရေသးဘူး။ Ford ကား Showroom ရှေ့ရောက်တော့ Ford ကြီး လိုချင်ပြန်ရော။ အကောင့်ထဲမှာ ငွေရှိတာပဲလေ ဆိုပြီး ထပ် ဝယ်လိုက်ပြန်ရော။





ကိုယ့် ဝင်ငွေထက် ထွက်ငွေ တွေက များနေတာကို သတိ မထားမိဘဲ… ကိုယ့်ရဲ့လိုချင်စိတ်ကို မထိန်းနိုင်ခဲ့တာဗျ။စီးတီးမတ် တစ်ခါသွားရင်… လိုတာကော မလိုတာကော ဝယ်။ တစ်ခါ ရှင်းရင် နှစ်သိန်းသုံးသိန်း။ ပြီးရင် ဘာမှလည်း အဖတ် မတင်ဘူး။



ကားတွေ ဝယ်နေတဲ့သူတွေ၊ စီးတီးမတ်သွားတဲ့လူတွေကို ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်ဟာကို ဝင်ငွေနဲ့ ထွက်ငွေ မမျှတာကို သတိမထားမိတာကို ဥပမာ ပြောပြတာပါ။ဒီလိုနဲ့ လုပ်ငန်းတွေ ရှုံးပြီး… ဝင်ငွေတွေ ရပ်သွားတဲ့အချိန်မှာလည်း





အသုံးအဖြုန်းကတော့ မရပ်နိုင်သေးဘူး။ ဘယ်အချိန်မှ ရပ်လဲဆိုတော့… မွဲသွားမှပဲ ရပ်တော့တာ။ဝင်ငွေ ထွက်ငွေ မမျှတရင်လည်း ဆင်းရဲသင့်တဲ့ လူစာရင်းထဲ… ထိပ်ဆုံးက ပါနေပြီဗျ။ ငွေရှာဖို့ အရေးကြီးပေမယ့်… ရှာလာတဲ့ငွေကို ထိန်းသိမ်းတတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။





ရတာ တစ်လဆယ်သိန်းဆို ဆယ်သိန်းလုံး သုံးမပစ်သင့်ဘူး ဆိုတာ လူတိုင်းသိပေမယ့်… လိုက်နာဖို့ကျတော့ ခက်ခဲတယ်။ ဆယ်သိန်းဝင်လို့ ငါးသိန်းသုံးပြီး ငါးသိန်းစုနိုင်ရင်တော့… အကောင်းဆုံးပေါ့။





အခုဒီစာဖတ်နေတဲ့သူတွေကို ကျွန်တော် ပြောချင်ပါတယ်… ဝင်ငွေတွေကို အကုန်မသုံးပါနဲ။့ မလိုအပ်တာတွေ သိပ်မဝယ်ပါနဲ့။ နောက်ပိုင်းဆို ငွေရှာရ ပိုခက်ခဲနိုင်ပါတယ်။ ငွေစုပါ။ စုလာတဲ့ငွေကို ရင်းနှီးမြှုပ်နှံပါ။





ကျွန်တော် ဝင်ငွေထွက်ငွေ မမျှလို့ မွဲဖူးလို့ စေတနာနဲ့ ရေးတာပါ။ ကျွန်တော်မှ မဟုတ်ဘူး… ငယ်သူငယ်ချင်းတစ်ယောက်လည်း ဒီလိုပဲ။ သူအဆင်ပြေနေတဲ့အချိန် ဘဏ်ထဲမှာ သိန်းနှစ်သောင်းကျော်ရှိတယ်။





သူကကျတော့ လောင်းကစားလုပ်တာ။ မြဝတီဘက် ကာစီနို သွားဆော့တာ… အခုဆို နေစရာ အိမ်တောင် မရှိတော့လို့ သူများအိမ် ကပ်နေနေရပြီ။ ဝင်ငွေထွက်ငွေ မချိန်တတ်တဲ့အပြင်… လောင်းကစားပါ ငြိသွားတော့ ဆင်းရဲသင့်တဲ့ လူစာရင်းထဲ ပါသွားတာပေါ့။





အရင်က ကိုယ်အသုံးမကျခဲ့ကြောင်း ကိုယ်ကျရှုံးခဲ့ကြောင်း ရေးရတာ သိပ်တော့ သက်တောင့်သက်သာ မရှိလှပေမယ့်… ကိုယ်တွေ သတိမထားခဲ့လို့ မွဲခဲ့ဖူးသလို ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်လို…့ ဒီစာကို ရေးပေးတာပါ။





အခု ယိုပေါက်တွေ ပိတ်လိုက်လို့… အရင်ထက် ပိုအဆင်ပြေနေပါပြီ။ ဆင်းရဲသင့်တဲ့သူက ဆင်းရဲနေဦးမှာမို့လို့… ဝင်ငွေနဲ့ ထွက်ငွေ အမြဲတမ်းချိန်ဆ အသုံးပြုနိုင်ကြပါစေ…။





မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။





Zawgyi ဖြင့်ဖတ်ပါ



အေဖေျပာဖူးတယ္ တစ္ခ်ိဳ႕လူေတြက ဆင္းရဲသင့္လို႔ကို ဆင္းရဲေနတာတဲ့ အစပိုင္းက ကြၽန္ေတာ္ အဲဒီစကားကို နားမလည္ဘူးဗ်။ ဘယ္လိုမ်ိဳး ဆင္းရဲသင့္လို႔ ဆင္းရဲေနတာလဲေပါ့ ဘယ္လိုလူေတြက ဆင္းရဲသင့္ေနလို႔လဲေပါ့။

အဲဒီစကားက ကိုယ္တိုင္ႀကဳံမွပဲ နားလည္ခဲ့ရတာ။ ကြၽန္ေတာ္ အရင္က စီးပြားေရးေတြ လုပ္ေတာ့ ေအာင္ျမင္တယ္ပဲ ေျပာရမယ္။ ဘဏ္အေကာင့္ထဲ သိန္းေထာင္ဂဏန္း ရွိခဲ့ဖူးတယ္ေပါ့ဗ်ာ။

ေငြေလး ဘာေလး ရွိလာေတာ့ လိုအပ္မွန္း မသိ မလိုအပ္မွန္း မသိ ေလွ်ာက္ဝယ္တဲ့ ဇာတ္လမ္းက ေစတာ့တာပဲ။ Honda Fit ေလး စ စီးတယ္။ သိပ္မၾကာေသးဘူး လမ္းမွာ ရပၳားတဲ့ Wish တစၥီး လွလို႔ဆိုၿပီး Honda Fit ကို အ႐ြဳံးခံ ေရာင္းၿပီး Wish ကို ဝယ္ျပန္ေရာ။

Wish စီးတာ မၾကာေသးဘူး သူငယ္ခ်င္းေတြက မင္းအေနထားႀကီးနဲ႔ Alphard ေလာက္ေတာ့ စီးသင့္ေနၿပီ။ ဆီဖိုးလည္း တတ္ႏိုင္တာပဲ ဘာညာ ေျပာတာနဲ႔ Wish ကို ျပန္ေရာင္း။ ျပန္ေရာင္းေတာ့ ထပ္ ရႈံးတယ္။

Alphard ထပ္ဝယ္ေတာ့ ေငြက ထပ္လိုက္ရ ျပန္ေရာ။ ေငြက တစ္စစနဲ႔ ရႈံးေနတာကို သတိ မထားမိတာ။ အဲဒါလည္း အားေမရသးဘူး။ Ford ကား Showroom ေရွ႕ေရာက္ေတာ့ Ford ႀကီး လိုခ်င္ျပန္ေရာ။ အေကာင့္ထဲမွာ ေငြရွိတာပဲေလ ဆိုၿပီး ထပ္ ဝယ္လိုက္ျပန္ေရာ။

ကိုယ့္ ဝင္ေငြထက္ ထြက္ေငြ ေတြက မ်ားေနတာကို သတိ မထားမိဘဲ ကိုယ့္ရဲ႕လိုခ်င္စိတ္ကို မထိန္းႏိုင္ခဲ့တာဗ်။စီးတီးမတ္ တစ္ခါသြားရင္ လိုတာေကာ မလိုတာေကာ ဝယ္။ တစ္ခါ ရွင္းရင္ ႏွစ္သိန္းသုံးသိန္း။ ၿပီးရင္ ဘာမွလည္း အဖတ္ မတင္ဘူး။

ကားေတြ ဝယ္ေနတဲ့သူေတြ၊ စီးတီးမတ္သြားတဲ့လူေတြကို ေျပာတာ မဟုတ္ဘူးေနာ္။ ကိုယ့္ဟာကို ဝင္ေငြနဲ႔ ထြက္ေငြ မမြ္တာကို သတိမထားမိတာကို ဥပမာ ေျပာျပတာပါ။ဒီလိုနဲ႔ လုပ္ငန္းေတြ ရႈံးၿပီး ဝင္ေငြေတြ ရပ္သြားတဲ့အခ်ိန္မွာလည္း

အသုံးအျဖဳန္းကေတာ့ မရပ္ႏိုင္ေသးဘူး။ ဘယ္အခ်ိန္မွ ရပ္လဲဆိုေတာ့ ၿမဲၾသားမြပဲ ရပ္ေတာ့တာ။ဝင္ေငြ ထြက္ေငြ မမွ်တရင္လည္း ဆင္းရဲသင့္တဲ့ လူစာရင္းထဲ ထိပ္ဆဳံးက ပါေနၿပီဗ်။ ေငြရွာဖို႔ အေရးႀကီးေပမယ့္ ရွာလာတဲ့ေငြကို ထိန္းသိမ္းတတ္ဖို႔က ပိုၿပီး အေရးႀကီးပါတယ္။

ရတာ တစ္လဆယ္သိန္းဆို ဆယ္သိန္းလုံး သုံးမပစ္သင့္ဘူး ဆိုတာ လူတိုင္းသိေပမယ့္ လိုက္နာဖို႔က်ေတာ့ ခက္ခဲတယ္။ ဆယ္သိန္းဝင္လို႔ ငါးသိန္းသုံးၿပီး ငါးသိန္းစုႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့။

အခုဒီစာဖတ္ေနတဲ့သူေတြကို ကြၽန္ေတာ္ ေျပာခ်င္ပါတယ္ ဝင္ေငြေတြကို အကုႏၼသုံးပါနဲ။့ မလိုအပ္တာေတြ သိပ္မဝယ္ပါနဲ႔။ ေနာက္ပိုင္းဆို ေငြရွာရ ပိုခက္ခဲႏိုင္ပါတယ္။ ေငြစုပါ။ စုလာတဲ့ေငြကို ရင္းႏွီးျမႇဳပ္ႏွံပါ။

ကြၽန္ေတာ္ ဝင္ေငြထြက္ေငြ မမွ်လို႔ မြဲဖူးလို႔ ေစတနာနဲ႔ ေရးတာပါ။ ကြၽန္ေတာ္မွ မဟုတၻဴး ငယ္သူငယ္ခ်င္းတစ္ေယာက္လည္း ဒီလိုပဲ။ သူအဆင္ေျပေနတဲ့အခ်ိန္ ဘဏ္ထဲမွာ သိန္းႏွစ္ေသာင္းေက်ာ္ရွိတယ္။

သူကက်ေတာ့ ေလာင္းကစားလုပ္တာ။ ျမဝတီဘက္ ကာစီႏို သြားေဆာ့တာ အခုဆို ေနစရာ အိမ္ေတာင္ မရွိေတာ့လို႔ သူမ်ားအိမ္ ကပ္ေနေနရၿပီ။ ဝင္ေငြထြက္ေငြ မခ်ိန္တတ္တဲ့အျပင္ ေလာင္းကစားပါ ၿငိသြားေတာ့ ဆင္းရဲသင့္တဲ့ လူစာရင္းထဲ ပါသြားတာေပါ့။

အရင္က ကိုယ္အသုံးမက်ခဲ့ေၾကာင္း ကိုယ္က်ရႈံးခဲ့ေၾကာင္း ေရးရတာ သိပ္ေတာ့ သက္ေတာင့္သက္သာ မရွိလွေပမယ့္ ကိုယ္ေတြ သတိမထားခဲ့လို႔ ၿမဲခဲ့ဖူးသလို ဘယ္သူ႔ကိုမွ ထပ္မျဖစ္ေစခ်င္လို့ ဒီစာကို ေရးေပးတာပါ။

အခု ယိုေပါက္ေတြ ပိတ္လိုက္လို႔ အရင္ထက္ ပိုအဆင္ေျပေနပါၿပီ။ ဆင္းရဲသင့္တဲ့သူက ဆင္းရဲေနဦးမွာမို႔လို႔ ဝင္ေငြနဲ႔ ထြက္ေငြ အၿမဲတမ္းခ်ိန္ဆ အသုံးျပဳႏိုင္ၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။

Post a Comment

أحدث أقدم

Comments