မလိုအပ်တဲ့ ဆက်ဆံရေးကို စွန့်လွှတ်ပါ
Sat, 16 Jul 2022 16:37 မြန်မာ မြင်ကွင်းစုံ
၁။ သူက ဆိတ်ကျောင်းသွားတယ်။ သင်က ထင်းခုတ်သွားတယ်။ သင်တို့နှစ်ယောက် တစ်ရက်လုံး ထိုင်စကားပြောနေကြတယ်။ သူ့ဆိတ်တွေ က မြတ်တွေစားလို့ ဝသွားပြီ၊ သင်ထင်းမရလိုက်ပါ။
သင်ခန်းစာ (၁) မလိုအပ်သော လူမှုဆက်ဆံရေးတွေကို စွန့်လွှတ်ပါ။၂။ ထင်းခုတ်တဲ့ လူနဲ့ ဆိတ်ကျောင်းတဲ့ လူနဲ့ တစ်နေ့လုံး စကား ပြောဖြစ် ပါတယ်။ အပြင်ပန်းက ကြည့်ရင် ထင်းခုတ်တဲ့ လူ ဘာမှ မရလိုက်ပါဘူး၊ ဒါ ပေမဲ့ စကားပြောတာ ကနေ တဆင့်
ဘယ်တောင်ကျောမှာ ထင်း ပေါတယ်၊ ဘယ်လမ်းကြောက လမ်းသာတယ်၊ ဘယ်နေရာက သွားရတာ ခက် တယ်၊ ဆူးပင်တွေ ချည်းချည်း စတဲ့ သတင်း တွေကို ထင်းခုတ်သူ ရလာခဲ့ ပါတယ်။ နောက်တရက်က စပြီး သူ ထင်း ကောင်းတွေ တော် တော်
များများ ရခဲ့ ပါတယ်။ သင်ခန်းစာ (၂) လူမှု ဆက်ဆံရေး ဟာ အရေးကြီး သလို လူမှန် ပေါင်းမိရင် လမ်းမှန် ပိုရောက် လွယ်တယ်။ ၃။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ သူငယ်ချင်း ဖြစ်သွားတယ်။ စကား အကြာကြီး
ပြော ဖြစ်တယ်။ သင် သူ့ဆီ ကနေ ဆိတ်ကျောင်းခြင်း အတတ်ပညာ တတ်မြောက် သွားတယ်။ သူ သင့်ဆီက ထင်းခုတ်တဲ့ ပညာ တတ်မြောက် သွားတယ်။ သင်ခန်းစာ (၃) နေရာတိုင်းမှာ သင်ယူစရာချည်းပါ။
၄။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်သူနဲ့ တရက်လုံး စကားပြော ဖြစ်တယ်။ သူ့ ဆိတ်အချို့ နဲ့ သင့်ထင်းနဲ့ လဲလှယ် ဖြစ်တယ်။ သင် ဆိတ် ပိုင်ဆိုင် သွားတယ်။ သူလည်း ထင်း
ပိုင်ဆိုင် သွားတယ်။ သင်ခန်းစာ (၄) တန်ဖိုးတူ ဖလှယ် ခြင်းပါ။ ဘယ်သူ့ကိုမှ အ ထင် မသေးပါနှင့်၊ လူတိုင်း သူ့တန်ဖိုးနဲ့ သူပါ။ ၅။ သင်က ထင်းခုတ်တယ်။ သူက ဆိတ် ကျောင်းတယ်။ သင်တို့ တရက်လုံး စကားပြော ဖြစ်တယ်။သူက ဆိတ်ဝယ်တဲ့ဖေါ
က်သည် ကို သင့်ကို မိတ်ဆက် ပေးတယ်။ သင်က ထင်းဝယ်တဲ့ ဖေါက်သည် သူ့ကို မိတ်ဆက် ပေးတယ်။ သင်တို့ နှစ်ဦး စလုံး အလုပ် ပိုပို တွင်ကျယ် လာပါတယ်။ သင်ခန်းစာ (၅) အရင်းအမြစ် စုဆောင်း တတ်ခြင်းဟာ စီးပွားရေး အတွက် အရေး
ကြီးသည်။ ၆။ သင်က ထင်းခုတ်တယ်။ သူက ဆိတ်ကျောင်းတယ်။ သင်တို့ တရက်လုံး စကားပြော ဖြစ်တယ်။ သင်တို့ ၂ ဦး ပူးပေါင်းပြီး ဆိတ်သား ကင်ဆိုင် တဆိုင်ကို ဖွင့်ဖို့ ကြိုးစား ကြတယ်။ သင်
အကောင်းမွန်ဆုံး ထင်းကို ရှာဖွေ နိုင်တယ်။ သူဆိတ်သားက သဘာဝ အသား ဖြစ်တယ်။ သင်တို့ အောင်မြင် သွားတယ်။ သင်ခန်းစာ (၆) ပြည့်စုံတဲ့ လူ မရှိပါ။ ပြည့်စုံတဲ့ အသင်းသာ ရှိပါသည်။
Credit – Aung Ko Latt
Zawgyi ဖြင့်ဖတ်ပါ
၁။ သူက ဆိတ္ေက်ာင္းသြားတယ္။ သင္က ထင္းခုတ္သြားတယ္။ သင္တို႔ႏွစ္ေယာက္ တစ္ရက္လုံး ထိုင္စကားေျပာေနၾကတယ္။ သူ႔ဆိတ္ေတြ က ျမတ္ေတြစားလို႔ ဝသြားၿပီ၊ သင္ထင္းမရလိုက္ပါ။
သင္ခန္းစာ (၁) မလိုအပ္ေသာ လူမႈဆက္ဆံေရးေတြကို စြန႔္လႊတ္ပါ။၂။ ထင္းခုတ္တဲ့ လူနဲ႔ ဆိတ္ေက်ာင္းတဲ့ လူနဲ႔ တစ္ေန႔လုံး စကား ေျပာျဖစ္ ပါတယ္။ အျပင္ပန္းက ၾကည့္ရင္ ထင္းခုတ္တဲ့ လူ ဘာမြ မရလိုက္ပါဘူး၊ ဒါ ေပမဲ့ စကားေျပာတာ ေကန တဆင့္
ဘယ္ေတာင္ေက်ာမွာ ထင္း ေပါတယ္၊ ဘယ္လမ္းေၾကာက လမ္းသာတယ္၊ ဘယ္ေနရာက ၾသားရတာ ခက္ တယ္၊ ဆူးပင္ေတြ ခ်ည္းခ်ည္း စတဲ့ သတင္း ေတြကို ထင္းခုတ္သူ ရလာခဲ့ ပါတယ္။ ေနာက္တရက္က စၿပီး သူ ထင္း ေကာင္းေတြ ေတာ္ ေတာ္
မ္ားမ္ား ရခဲ့ ပါတယ္။ သင္ခန္းစာ (၂) လူမႈ ဆက္ဆံေရး ဟာ အေရးႀကီး သလို လူမွန္ ေပါင္းမိရင္ လမ္းမွန္ ပိုေရာက္ လြယ္တယ္။ ၃။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ေက်ာင္းတယ္။ သင္တို႔ သူငယ္ခ်င္း ျဖစ္သြားတယ္။ စကား အၾကာႀကီး
ေျပာ ျဖစ္တယ္။ သင္ သူ႔ဆီ ေကန ဆိတ္ေက်ာင္းျခင္း အတတၸညာ တတ္ေျမာက္ သြားတယ္။ သူ သင့္ဆီက ထင္းခုတ္တဲ့ ပညာ တတ္ေျမာက္ သြားတယ္။ သင္ခန္းစာ (၃) ေနရာတိုင္းမွာ သင္ယူစရာခ်ည္းပါ။
၄။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ေက်ာင္းတယ္။ သင္သူနဲ႔ တရကႅဳံး စကားေျပာ ျဖစ္တယ္။ သူ႔ ဆိတ္အခ်ိဳ႕ နဲ႔ သင့္ထင္းနဲ႔ လဲလွယ္ ျဖစ္တယ္။ သင္ ဆိတ္ ပိုင္ဆိုင္ သြားတယ္။ သူလည္း ထင္း
ပိုင္ဆိုင္ သြားတယ္။ သင္ခန္းစာ (၄) တႏၹိုးတူ ဖလွယ္ ျခင္းပါ။ ဘယ္သူ႔ကိုမွ အ ထင္ မေသးပါႏွင့္၊ လူတိုင္း သူ႔တန္ဖိုးနဲ႔ သူပါ။ ၅။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ ေက်ာင္းတယ္။ သင္တို႔ တရကႅဳံး စကားေျပာ ျဖစ္တယ္။သူက ဆိတ္ဝယ္တဲ့ေဖါ
က္သည္ ကို သင့္ကို မိတ္ဆက္ ေပးတယ္။ သင္က ထင္းဝယ္တဲ့ ေဖါက္သည္ သူ႔ကို မိတ္ဆက္ ေပးတယ္။ သင္တို႔ ႏွစ္ဦး စလုံး အလုပ္ ပိုပို တြင္က်ယ္ လာပါတယ္။ သင္ခန္းစာ (၅) အရင္းအျမစ္ စုေဆာင္း တတ္ျခင္းဟာ စီးပြားေရး အတြက္ ေအရး
ႀကီးသည္။ ၆။ သင္က ထင္းခုတ္တယ္။ သူက ဆိတ္ေက်ာင္းတယ္။ သင္တို႔ တရကႅဳံး စကားေျပာ ျဖစ္တယ္။ သင္တို႔ ၂ ဦး ပူးေပါင္းၿပီး ဆိတ္သား ကင္ဆိုင္ တဆိုင္ကို ဖြင့္ဖို႔ ႀကိဳးစား ၾကတယ္။ သင္
အေကာင္းမြန္ဆုံး ထင္းကို ရွာေဖြ ႏိုင္တယ္။ သူဆိတ္သားက သဘာဝ အသား ျဖစ္တယ္။ သင္တို႔ ေအာင္ျမင္ သြားတယ္။ သင္ခန္းစာ (၆) ျပည့္စုံတဲ့ လူ မ႐ြိပါ။ ျပည့္စုံတဲ့ အသင္းသာ ရွိပါသည္။
Credit Aung Ko Latt

إرسال تعليق