ငါးပါးသီလနဲ့ သူခိုး
Sat, 16 Jul 2022 16:57 မြန်မာ မြင်ကွင်းစုံ
အလွန်ကို ဆင်းရဲသော လယ်သမားတယောက်သည် လယ်ကလည်း မဖြစ်၊ စပါးကလည်း မထွက်၊ အခွန် ကလည်း ဖိစီးလာ သောကြောင့် ကြံရာမရဖြစ်ကာ ခိုးမိလေသည်။သူနေသော နိုင်ငံကား သူများပစ္စည်းကို ခိုးလျှင်လည်း သေဒဏ် ကျခံရသည့် နိုင်ငံဖြစ်
နေသည်။ လယ် သမား ကံမကောင်းပါ။ တခါခိုး တခါမိသည်။ ထို့ကြောင့် သူ့ကို ကြိုးပေး သတ်ရမည် ဖြစ်သည်။သူခိုးကို လူအများစုံရာ ကွင်းထဲတွင် ကြိုး စင်ဖြင့် သတ်ရန် ခေါ်လာသူမှာ မြို့ဝန်ဖြစ်သည်။ လူသတ်ကွင်းကို ဘုရင်ကလည်း
ရောက်လာသည်။ ကြိုးစင်ပေါ် တက်ခါနီးတွင် လယ်သ မားက မြို့ဝန်ကို ပြောလေသည်။“ ကျွန်တော်မျိုး မသေမီ လျှို့ဝှက်ချက် တခု ပြောပြခဲ့ချင်ပါသည် ”“ ဘာများလဲ သူခိုးရယ် ”“ ကျွန်တော်မျိုး၏ လျှို့ဝှက်ချက်သည် အလွန် အရေးကြီးသောကြောင့် ဘုရင့်
ရှေ့မှောက်တွင် ပြောလျှင် ပိုကောင်းပါလိမ့်မည်။ ဘုရင်ကြီးကိုလည်း သိစေချင်သောကြောင့် ဖြစ်သည် ”“ ကောင်းပြီ … ငါမင်းကြီးကို သွားပြီး လျှောက်ထားကြည့်မယ် ”မြို့ဝန်က ဘုရင်ထံ ရောက်လာပြီး သူခိုးက လျှို့ဝှက်ချက်တခု ပြောပြီး
မှ သူ့ကို ကြိုးပေးရန် ပြောကြောင်း လျှောက်ထားလေသည်။ လျှို့ဝှက်ချက်ကို လူတိုင်း စိတ်ဝင်စားသည်။ ဘုရင်လည်း လူ ဖြစ်သည်။ ထို့ကြောင့်“ ရှေ့တော်မှောက် ခေါ်ခဲ့စမ်း ” ဟုဆိုသည်။“ ဟဲ့ သူခိုး… ပြောလော့… အဘယ်လျှို့ဝှက်
ချက်နည်း ”လယ်သ မားက သူ့ခါးပုံစထဲမှ သစ်စေ့တစေ့ကို ထုတ်လိုက်သည်။“ ဟောဒီ သစ်စေ့ဟာ မြေမြှုပ် ထားလိုက်လျှင် တညတည်းနှင့် အပင်ကြီးတပင် ဖြစ်လာပါ လိမ့်မည်။ သီးသော အသီးများကလည်း စားသူမှာ အသက်ရှည်ကာ အသက် တရာ
ကျော်တိုင်အောင် နေနိုင်ပါသည် ဘုရား”“ ဟုတ် ရဲ့လား သူဆင်းရဲ… သူခိုးစကား ယုံစားစရာ အကြောင်းမရှိ ”“ မယုံလည်း ကျွန်တော်မျိုးကို သတ်ပါတော့ဘုရား ”“ နေဦး… သင်ကိုယ် တိုင် စိုက်လော့… နောက်တနေ့ နံနက် ရောက်သည်နှင့် သင်ပြောသည့်
အတိုင်း မဟုတ်လျှင် သင့်ကိုသာမက သင့်မိသားစုကိုပါ အပြစ်ပေးမည်… နားလည်လား ”“ နားလည်ပါတယ် ဘုရား… သစ်စေ့ကို စိုက်ရန်အတွက် ဤနေရာတွင် ကျင်းသေးသေးလေးတခု လာတူးပေးပါ ဘု ရား ”ဘုရင်က“ ဟဲ့ စစ်သူကြီး သင့်ဓားနဲ့ ကျင်းတူးပေးလိုက် ” ဟု အမိန့်ပေးသည်။
စစ်သူကြီးက ဓားထုတ်က ကျင်းလေးတကျင်း တူးပေးသည်။“ ကဲ… စိုက်ပေတော့ ”“ ကျွန်တော်မျိုးက သစ်စေ့ပဲ ပေးမှာပါဘုရား… ကိုယ် တိုင်က သူခိုးဖြစ်နေသည့် အတွက် ငါးပါသီလကို ကျူးလွန် ဖောက်ဖျက်ထားသူ ဖြစ်နေပါသည်ဘုရား။
ငါးပါးသီလ မလုံသူမှာ ဤသစ်စေ့ကို စိုက်လည်း ဘာမျှ ဖြစ်လာမည် မဟုတ်ပါ။သို့ဖြစ်ရာ ငါးပါးသီလ လုံမည်ထင်ရသော စစ်သူကြီး ကိုယ်တိုင်ကို စိုက်ပါစေ ဘုရား။ တခုတော့ သတိပေးပါရစေ ဘုရား ဤသစ်စေ့သည် အသက်
ရှည်သီးကို သီးစေသည့် သစ်စေ့ ဖြစ်သလို၊ သီလ မလုံသည့်သူ စိုက်ပါကလည်း ချက်ချင်း လဲကျကာ သေဆုံးနိုင်ပါသည် ဘုရား ”“ ကိုင်း… ဒီလိုဆိုမှတော့ စစ်သူကြီး သူ့ဆီက သစ်စေ့ကို ယူကာ စိုက်ပျိုးစေဗျား ”စစ်သူ ကြီး အခက်တွေ့နေသည်။ စစ်စရိတ်ငွေ
တွေကို ခိုးထားသည့် အပြင်၊ စစ်လက်နက်တွေ ကိုလည်း အရည်အသွေး နိမ့်သည့် ပစ္စည်းများသွင်းရန် လာဘ်ယူထားသေးသည်။ လိမ်လည်း ပြောတတ်သူဖြစ် နေသေးသောကြောင့် သစ်စေ့ကို မယူဝံ့။ ထို့ကြောင့်“ ကျွန်တော်မျိုးမှာ သီလမလုံသောသူ
ဖြစ်သဖြင့် မယူဝံ့ကြောင်းပါ ”“ ကိုင်း ဒါဆို မြို့ဝန်ကိုယ်တိုင် စိုက်စေ ”မြို့ဝန်လည်း အခက်တွေ့နေပြီ။ မနေ့ကပဲ သူတပါးမယားကို ပြစ်မှားခဲ့သည်။ သူ့မယားလိုချင်သော ကြောင့် သူ့လင်ကို လှံနှင့် ထိုးရာတွင်လည်း ကိုယ်တိုင်ဖြစ်နေသည်။ ထို့ကြောင့်“
ကျွန်တော်မျိုးလည်း မစိုက်ဝံ့ပါ ဘုရား ”ဘုရင်က“ ခက်နေပါပေါ့လား… ကိုင်း… မိဖုရားကြီး လာလှည့် သစ်စေ့စိုက်ဗျား ”မိဖုရားကြီးကလည်း ပုဏ္ဏားတော်ကြီးနှင့် ဖောက်ပြန်နေသည်။“ သားတော်လာခဲ့ ”သားတော်ကလည်း တနိုင်ငံလုံးပစ္စည်း ငါ့ပစ္စည်း အဖြစ်
ခိုးယူသိမ်းပိုက်ထားသူ ဖြစ်နေသည်။ဟိုရှောင် သည်ရှောင် ထွက်ပြေးသူတွေပြေး ဖြစ်ကုန်သည်။လယ်သမားက ဆိုသည်“ အရှင်မင်းကြီး … အရှင်မင်းကြီးသည်ကား တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူ ဖြစ်သောကြောင့် အရှင်မင်းကြီးသာ
ဤသစ်စေ့ကို စိုက်ပျိုးရန် အသင့်လျော်ဆုံးသူဖြစ်ပါလိမ့်မယ်ဘု ရား… စိုက်တော်မူပါ ”ဘုရင်အခက်ကြုံနေပြီ။ ထီးနန်းကို မတရားသိမ်းပိုက်ထားသည်။ ပြည်သူတွေကိုသတ်ချင်တိုင်း သတ်သည်။ မင်းဘ ဏ္ဍာ ငါ့ဟာမှတ်ကာ တိုင်းပြည်ဘဏ္ဍာထဲမှ ခိုး
ထားသည်ကလည်း ထားစရာနေရာပင် မရှိ။ လိမ်ပြီး အမိန့်တွေ ထုတ်နေသည်ကလည်း ထီး နန်း တက်လာကတည်းကဖြစ်သည်။ထို့ကြောင့် ဘုရင်က လယ်သမား လှမ်းပေးနေသော သစ်စေ့ကို မယူဝံ့“ ဟဲ့ မြို့ဝန် ”“ ဘုရား ”“ နင့်ကောင်ကို မြန်မြန်
လွှတ်လိုက်တော့ ”လယ်သမား တောင်းဆိုမှုက သူ့ခမည်းတော်နှင့် မယ်တော်တွေအဆင့်အထိ ရောက်လာလျှင် ဟု တွေးကာ ဘုရင်က နန်းတော်ထဲကို မြန်မြန်ဝင်သည်။
Credit ~တင်ညွန့်
Zawgyi ဖြင့်ဖတ်ပါ
အၾလႏၠို ဆင္းရဲေသာ လယ္သမားတေယာက္သည္ လယ္ကလည္း မျဖစ္၊ စပါးကလည္း မထြက္၊ အခြန္ ကလည္း ဖိစီးလာ ေသာေၾကာင့္ ႀကံရာမရျဖစ္ကာ ခိုးမိေလသည္။သူေနေသာ ႏိုင္ငံကား သူမ်ားပစၥည္းကို ခိုးလွ်င္လည္း ေသဒဏ္ က်ခံရသည့္ ႏိုင္ငံျဖစ္
ေနသည္။ လယ္ သမား ကံမေကာင္းပါ။ တခါခိုး တခါမိသည္။ ထို႔ေၾကာင့္ သူ႔ကို ႀကိဳးေပး သတ္ရမည္ ျဖစ္သည္။သူခိုးကို လူအမ္ားစုံရာ ကြင္းထဲတြင္ ႀကိဳး စင္ျဖင့္ သတ္ရန္ ေခၚလာသူမွာ ၿမိဳ႕ဝန္ျဖစ္သည္။ လူသတ္ကြင္းကို ဘုရင္ကလည္း
ေရာက္လာသည္။ ႀကိဳးစင္ေပၚ တက္ခါနီးတြင္ လယ္သ မားက ၿမိဳ႕ဝန္ကို ေျပာေလသည္။ ကြၽန္ေတာ္မ်ိဳး ေမသမီ လွ်ိဳ႕ဝွက္ခ်က္ တခု ေျပာျပခဲ့ခ်င္ပါသည္ ဘာမ္ားလဲ သူခိုးရယ္ ကြၽန္ေတာ္မ်ိဳး၏ လွ်ိဳ႕ဝွက္ခ်က္သည္ အလြန္ အေရးႀကီးေသာေၾကာင့္ ဘုရင့္
ေရွ႕ေမွာက္တြင္ ေျပာလွ်င္ ပိုေကာင္းပါလိမ့္မည္။ ဘုရင္ႀကီးကိုလည္း သိေစခ်င္ေသာေၾကာင့္ ျဖစ္သည္ ေကာင္းၿပီ ငါမင္းႀကီးကို သြားၿပီး ေလွ်ာက္ထားၾကည့္မယ္ ၿမိဳ႕ဝန္က ဘုရင္ထံ ေရာက္လာၿပီး သူခိုးက လွ်ိဳ႕ဝွက္ခ်က္တခု ေျပာၿပီး
မြ သူ႔ကို ႀကိဳးေပးရန္ ေျပာေၾကာင္း ေလွ်ာက္ထားေလသည္။ လွ်ိဳ႕ဝွက္ခ်က္ကို လူတိုင္း စိတ္ဝင္စားသည္။ ဘုရင္လည္း လူ ျဖစ္သည္။ ထို႔ေၾကာင့္ ေရွ႕ေတာ္ေမွာက္ ေခၚခဲ့စမ္း ဟုဆိုသည္။ ဟဲ့ သူခိုး ေျပာေလာ့ အဘယ္လွ်ိဳ႕ဝွက္
ခ်က္နည္း လယ္သ မားက သူ႔ခါးပုံစထဲမွ သစ္ေစ့တေစ့ကို ထုတ္လိုက္သည္။ ေဟာဒီ သစ္ေစ့ဟာ ေျမျမႇဳပ္ ထားလိုက္လွ်င္ တညတည္းႏွင့္ အပင္ႀကီးတပင္ ျဖစ္လာပါ လိမ့္မည္။ သီးေသာ အသီးမ်ားကလည္း စားသူမြာ အသက္ရွည္ကာ အသက္ တရာ
ေက်ာ္တိုင္ေအာင္ ေနႏိုင္ပါသည္ ဘုရား ဟုတ္ ရဲ႕လား သူဆင္းရဲ သူခိုးစကား ယုံစားစရာ အေၾကာင္းမရွိ မယုံလည္း ကြၽန္ေတာ္မ်ိဳးကို သတ္ပါေတာ့ဘုရား ေနဦး သင္ကိုယ္ တိုင္ စိုက္ေလာ့ ေနာက္တေန႔ နံနက္ ေရာက္သည္ႏွင့္ သင္ေျပာသည့္
အတိုင္း မဟုတ္လွ်င္ သင့္ကိုသာမက သင့္မိသားစုကိုပါ အျပစ္ေပးမည္ နားလည္လား နားလည္ပါတယ္ ဘုရား သစ္ေစ့ကို စိုက္ရန္အတြက္ ဤေနရာတြင္ က်င္းေသးေသးေလးတခု လာတူးေပးပါ ဘု ရား ဘုရင္က ဟဲ့ စစ္သူႀကီး သင့္ဓားနဲ႔ က်င္းတူးေပးလိုက္ ဟု အမိန႔္ေပးသည္။
စစ္သူႀကီးက ဓားထုတၠ က်င္းေလးတက်င္း တူးေပးသည္။ ကဲ စိုက္ေပေတာ့ ကြၽန္ေတာ္မ်ိဳးက သစ္ေစ့ပဲ ေပးမွာပါဘုရား ကိုယ္ တိုင္က သူခိုးျဖစ္ေနသည့္ အတြက္ ငါးပါသီလကို က်ဴးလြန္ ေဖာက္ဖ်က္ထားသူ ျဖစ္ေနပါသည္ဘုရား။
ငါးပါးသီလ မလုံသူမြာ ဤသစ္ေစ့ကို စိုက္လည္း ဘာမြ္ ျဖစ္လာမည္ မဟုတ္ပါ။သို႔ျဖစ္ရာ ငါးပါးသီလ လုံမည္ထင္ရေသာ စစ္သူႀကီး ကိုယ္တိုင္ကို စိုက္ပါေစ ဘုရား။ တခုေတာ့ သတိေပးပါရေစ ဘုရား ဤသစ္ေစ့သည္ အသက္
ရွည္သီးကို သီးေစသည့္ သစ္ေစ့ ျဖစ္သလို၊ သီလ မလုံသည့္သူ စိုက္ပါကလည္း ခ်က္ခ်င္း လဲက္ကာ ေသဆုံးႏိုင္ပါသည္ ဘုရား ကိုင္း ဒီလိုဆိုေမြတာ့ စစ္သူႀကီး သူ႔ဆီက သစ္ေစ့ကို ယူကာ စိုက္ပ်ိဳးေစဗ်ား စစ္သဴ ႀကီး အခက္ေတြ႕ေနသည္။ စစ္စရိတ္ေငြ
ေတြကို ခိုးထားသည့္ အျပင္၊ စစ္လက္နက္ေတြ ကိုလည္း အရည္အေသြး နိမ့္သည့္ ပစၥည္းမ်ားသြင္းရန္ လာဘ္ယူထားေသးသည္။ လိမ္လည္း ေျပာတတ္သူျဖစ္ ေနေသးေသာေၾကာင့္ သစ္ေစ့ကို မယူဝံ့။ ထို႔ေၾကာင့္ ကြၽန္ေတာ္မ်ိဳးမွာ သီလမလုံေသာသူ
ျဖစ္သျဖင့္ မယူဝံ့ေၾကာင္းပါ ကိုင္း ဒါဆို ၿမိဳ႕ဝန္ကိုယ္တိုင္ စိုက္ေစ ၿမိဳ႕ဝန္လည္း အခက္ေတြ႕ေနၿပီ။ မေန႔ကပဲ သူတပါးမယားကို ျပစ္မွားခဲ့သည္။ သူ႔မယားလိုခ်င္ေသာ ေၾကာင့္ သူ႔လင္ကို လွံႏွင့္ ထိုးရာတြင္လည္း ကိုယ္တိုင္ျဖစ္ေနသည္။ ထို႔ေၾကာင့္
ကြၽန္ေတာ္မ်ိဳးလည္း မစိုက္ဝံ့ပါ ဘုရား ဘုရင္က ခက္ေနပါေပါ့လား ကိုင္း မိဖုရားႀကီး လာလွည့္ သစ္ေစ့စိုက္ဗ်ား မိဖုရားႀကီးကလည္း ပုဏၰားေတာ္ႀကီးႏွင့္ ေဖာက္ျပန္ေနသည္။ သားေတာ္လာခဲ့ သားေတာ္ကလည္း တႏိုင္ငံလုံးပစၥည္း ငါ့ပစၥည္း အျဖစ္
ခိုးယူသိမ္းပိုက္ထားသူ ျဖစ္ေနသည္။ဟိုေရွာင္ သည္ေရွာင္ ထြက္ေျပးသူေတြေျပး ျဖစ္ကုန္သည္။လယ္သမားက ဆိုသည္ အရွင္မင္းႀကီး အရွင္မင္းႀကီးသည္ကား တိုင္းျပည္အုပ္ခ်ဳပ္ မင္းလုပ္ေနသူ ျဖစ္ေသာေၾကာင့္ အရွင္မင္းႀကီးသာ
ဤသစ္ေစ့ကို စိုက္ပ်ိဳးရန္ အသင့္ေလ်ာ္ဆုံးသူျဖစ္ပါလိမ့္မယ္ဘု ရား စိုက္ေတာ္မူပါ ဘုရင္အခက္ႀကဳံေနၿပီ။ ထီးနန္းကို မတရားသိမ္းပိုက္ထားသည္။ ျပည္သူေတြကိုသတ္ခ်င္တိုင္း သတ္သည္။ မင္းဘ ႑ာ ငါ့ဟာမြတၠာ တိုင္းျပည္ဘ႑ာထဲမွ ခိုး
ထားသည္ကလည္း ထားစရာေနရာပင္ မ႐ြိ။ လိမ္ၿပီး အမိန႔္ေတြ ထုတ္ေနသည္ကလည္း ထီး နန္း တက္လာကတည္းကျဖစ္သည္။ထို႔ေၾကာင့္ ဘုရင္က လယ္သမား လွမ္းေပးေနေသာ သစ္ေစ့ကို မယူဝံ့ ဟဲ့ ၿမိဳ႕ဝန္ ဘုရား နင့္ေကာင္ကို ျမန္ျမန္
လႊတ္လိုက္ေတာ့ လယ္သမား ေတာင္းဆိုမႈက သူ႔ခမည္းေတာ္ႏွင့္ မယ္ေတာ္ေတြအဆင့္အထိ ေရာက္လာလွ်င္ ဟု ေတြးကာ ဘုရင္က နန္းေတာ္ထဲကို ျမန္ျမန္ဝင္သည္။
Credit ~တင္ၫြန႔္

إرسال تعليق