လူသားတွေကို သားကောင်အဖြစ် နှစ်ခြိုက်စွာ စားသောက်လေ့ရှိကြတဲ့ တိရစ္ဆာန်များ
Wed, 29 Jun 2022 17:28 WITH
လူသားတွေကို အမဲလိုက်စရာ သားကောင်အဖြစ် သတ်မှတ်ထားကြပြီး လူသားစားရတာကို နှစ်ခြိုက်လေ့ရှိကြတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဖော်ပြပေးသွားချင်ပါတယ်။
၁။ ခြင်္သေ့
ပေါင် ၁,၀၀၀ အထိ အလေးချိန်ရှိတဲ့ တိရိစ္ဆာန်များကို အမဲလိုက်နိုင်တဲ့ ခြင်္သေ့တစ်ကောင်အနေနဲ့ လူကို အမဲလိုက် စားသောက်ဖို့ဆိုတာ လွယ်ကူလွန်းတဲ့ လုပ်ငန်းစဥ်ပါပဲ။
ခြင်္သေ့များဟာ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် လူ ၂၀ မှ ၂၅၀ ကြား သေဆုံးစေခဲ့ပြီး အာဖရိကနိုင်ငံ၊ တန်ဇန်းနီးယားမှာတော့ ခြင်္သေ့အကောင်ရေ အများဆုံး တွေ့ရှိနိုင်ပါတယ်။
၁၉၉၀ မှ ၂၀၀၄ ခုနှစ်အတွင်း ခြင်္သေ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၉၃ ဦး သေဆုံးခဲ့ရပြီး လူသားများဟာလည်း ခြင်္သေ့များ ကျက်စားရာနေရာများကို ပို၍ပို၍ ကျူးကျော်ဝင်ရောက်လာတာနဲ့အညီ ကျွန်ုပ်တို့ဟာလည်း ဒီကြောင်ကြီးများအတွက် ဟင်းတစ်ခွက်အဖြစ် ဆက်လက်ပြီးရှိနေဖို့ အလားအလာ ပိုတိုးလာပါတော့တယ်။
၂။ ကျား
အိန္ဒိယနိုင်ငံ တစ်နိုင်ငံတည်းရဲ့ လူဦးရေနဲ့ တွက်ကြည့်မယ်ဆိုရင်တောင် ၁၈၀၀ နဲ့ ၂၀၀၉ ခုနှစ် ကြားမှာ အနည်းဆုံး လူ ၃၇၃,၀၀၀ ဟာ ကျားတွေကြောင့် အသက်ဆုံးပါးခဲ့ရပါတယ်။
လူသားများဟာ သူတို့ရဲ့ အနှစ်သက်ဆုံး အစားအစာဖြစ်ပြီး အမဲလိုက်ရတာလည်း အတော်လေး လွယ်ကူသော သားကောင်ဖြစ်တာကြောင့် အထူးသဖြင့် လူတွေဟာ သက်ကြီးရွယ်အို (သို့) အားမပြည့်တဲ့ ကျားများအတွက် အဓိက ပစ်မှတ်များ ဖြစ်လာစေပါတယ်။
ကမ္ဘာအနှံ့က သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း လူသားများစွာကို သတ်ခဲ့တဲ့ ကျားများရဲ့ ပုံပြင်များဖြင့် ပြည့်နှက်နေပါတယ်။
မကြာသေးမီက အိန္ဒိယနိုင်ငံ မဟာရက်ရ်ှထရာပြည်နယ်က ကျားတစ်ကောင်ဟာ ၂ နှစ်တာကာလအတွင်း လူ ၁၃ ယောက်ကို စားသောက်ပြီးနောက် အသတ်ခံခဲ့ရပါတယ်။
၃။ မိကျောင်း
တိကျသေချာသော အချက်အလက်များကို ရယူရန် ခဲယဉ်းသော်ငြားလည်း မိကျောင်းများဟာ အခြားတိရာစ္ဆာန်တွေထက် လူသားများကို တိုက်ရိုက်တိုက်ခိုက်ပြီး သေဆုံးစေမှုတွေမှာ ပိုပြီး ပါဝင်ပတ်သက်နေပါတယ်။
အာဖရိကရှိ နိုင်းမိကျောင်းများဟာ အခြားမိကျောင်းများထက် ကြီးမားတဲ့ အရွယ်အစားရှိသလို လူသားတွေကို စားသောက်ရတာ ကြိုက်နှစ်သက်သူတွေလို့ နာမည်ကျော်ကြားပါတယ်။
ငါးဖမ်းခြင်း၊ ရေကူးခြင်း သို့မဟုတ် မြစ်များတွင် ဝေယျာဝစ္စလုပ်ချိန်တို့မှာ တိုက်ခိုက်ခံရလေ့ရှိပါတယ်။
၄။ ဝက်ဝံ
နှစ်စဉ် လူတွေကို ဝက်ဝံတိုက်ခိုက်မှုတွေဟာ ၄၀ ဝန်းကျင်လောက်သာ ရှိပြီး အများစုကတော့ အမဲလိုက် စားသောက်ဖို့အတွက် မဟုတ်ပဲ အကြောက်တရားကြောင့် ဒါမှမဟုတ် သားပေါက်လေးတွေကို ကာကွယ်လိုစိတ်ကြောင့် ဖြစ်ပါတယ်။
ဝင်ရိုးစွန်းဝက်ဝံများကတော့ လူတို့အတွက် အန္တရာယ်အရှိဆုံး မျိုးစိတ်ဖြစ်ပါတယ်။ ဝက်ဝံ အထီးကြီးများဟာတော့ အထူးသဖြင့် အုပ်စုငယ်များအတွင်းမှ လူများကို သူတို့ရဲ့နယ်မြေအတွင်းမှာ လုံးဝအမဲလိုက်ပြီး စားသောက်ပါလိမ့်မယ်။
၅။ Komoda Dragon
အင်ဒိုနီးရှားရှိ လူဦးရေကျဲပါးသော ကျွန်းအနည်းငယ်မှာတော့ ကိုမိုဒိုနဂါးများဟာ လူများကို အမဲလိုက်လေ့ရှိပြီး ကျွန်ုပ်တို့ကို သားကောင်အဖြစ် မှတ်ယူကြပါတယ်။
ချွန်ထက်သောအစွယ်များနှင့် အဆိပ်ရှိသော အိမ်မြှောင်ကြီးများဟာ ကျွဲကဲ့သို့ သန်မာသော တိရစ္ဆာန်များကို ချောင်းမြောင်းတိုက်ခိုက် နှိမ်နင်းနိုင်တာကြောင့် လူသားတွေကို အေးဆေးတိုက်ခိုက်ပြီး စားသောက်နိုင်ပါတယ်။
၆။ ငါးမန်း
ကျန်ငါးမန်းမျိုးစိတ်တွေက လူကိုရန်ပြုခဲပေမဲ့ ငါးမန်းဖြူကြီး၊ ကျားငါးမန်း၊ နွားငါးမန်း၊ ပင်လယ်ပြင်ဖြူငါးမန်းမျိုးစိတ် လေးမျိုးကတော့ လူသားများကို ရန်လို တိုက်ခိုက်တတ်ပြီး သားကောင်အဖြစ် အမဲလိုက်လေ့ရှိကြပါတယ်။
Credit
Zawgyi
လူသားေတြကို သားေကာင္အျဖစ္ ႏွစ္ၿခိဳက္စြာ စားေသာက္ေလ့ရွိၾကတဲ့ တိရစာၦန္မ်ား
လူသားေတြကို အမဲလိုက္စရာ သားေကာင္အျဖစ္ သတ္မွတ္ထားၾကၿပီး လူသားစားရတာကို ႏွစ္ၿခိဳက္ေလ့ရွိၾကတဲ့ ေတာရိုင္းတိရစာၦန္ေတြကို ေဖာ္ျပေပးသြားခ်င္ပါတယ္။
၁။ ျခေသၤ့
ေပါင္ ၁,၀၀၀ အထိ အေလးခ်ိန္ရွိတဲ့ တိရိစာၦန္မ်ားကို အမဲလိုက္နိုင္တဲ့ ျခေသၤ့တစ္ေကာင္အေနနဲ႕ လူကို အမဲလိုက္ စားေသာက္ဖို႔ဆိုတာ လြယ္ကူလြန္းတဲ့ လုပ္ငန္းစဥ္ပါပဲ။
ျခေသၤ့မ်ားဟာ ကမာၻတစ္ဝွမ္းမွာ ႏွစ္စဥ္ လူ ၂၀ မွ ၂၅၀ ၾကား ေသဆုံးေစခဲ့ၿပီး အာဖရိကနိုင္ငံ၊ တန္ဇန္းနီးယားမွာေတာ့ ျခေသၤ့အေကာင္ေရ အမ်ားဆုံး ေတြ႕ရွိနိုင္ပါတယ္။
၁၉၉၀ မွ ၂၀၀၄ ခုႏွစ္အတြင္း ျခေသၤ့ေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ လူေပါင္း ၅၉၃ ဦး ေသဆုံးခဲ့ရၿပီး လူသားမ်ားဟာလည္း ျခေသၤ့မ်ား က်က္စားရာေနရာမ်ားကို ပို၍ပို၍ က်ဴးေက်ာ္ဝင္ေရာက္လာတာနဲ႕အညီ ကြၽန္ုပ္တို႔ဟာလည္း ဒီေၾကာင္ႀကီးမ်ားအတြက္ ဟင္းတစ္ခြက္အျဖစ္ ဆက္လက္ၿပီးရွိေနဖို႔ အလားအလာ ပိုတိုးလာပါေတာ့တယ္။
၂။ က်ား
အိႏၵိယနိုင္ငံ တစ္နိုင္ငံတည္းရဲ႕ လူဦးေရနဲ႕ တြက္ၾကည့္မယ္ဆိုရင္ေတာင္ ၁၈၀၀ နဲ႕ ၂၀၀၉ ခုႏွစ္ ၾကားမွာ အနည္းဆုံး လူ ၃၇၃,၀၀၀ ဟာ က်ားေတြေၾကာင့္ အသက္ဆုံးပါးခဲ့ရပါတယ္။
လူသားမ်ားဟာ သူတို႔ရဲ႕ အႏွစ္သက္ဆုံး အစားအစာျဖစ္ၿပီး အမဲလိုက္ရတာလည္း အေတာ္ေလး လြယ္ကူေသာ သားေကာင္ျဖစ္တာေၾကာင့္ အထူးသျဖင့္ လူေတြဟာ သက္ႀကီး႐ြယ္အို (သို႔) အားမျပည့္တဲ့ က်ားမ်ားအတြက္ အဓိက ပစ္မွတ္မ်ား ျဖစ္လာေစပါတယ္။
ကမာၻအႏွံ႕က သမိုင္းေၾကာင္းကို ၾကည့္မယ္ဆိုရင္လည္း လူသားမ်ားစြာကို သတ္ခဲ့တဲ့ က်ားမ်ားရဲ႕ ပုံျပင္မ်ားျဖင့္ ျပည့္ႏွက္ေနပါတယ္။
မၾကာေသးမီက အိႏၵိယနိုင္ငံ မဟာရက္ရ္ွထရာျပည္နယ္က က်ားတစ္ေကာင္ဟာ ၂ ႏွစ္တာကာလအတြင္း လူ ၁၃ ေယာက္ကို စားေသာက္ၿပီးေနာက္ အသတ္ခံခဲ့ရပါတယ္။
၃။ မိေက်ာင္း
တိက်ေသခ်ာေသာ အခ်က္အလက္မ်ားကို ရယူရန္ ခဲယဥ္းေသာ္ျငားလည္း မိေက်ာင္းမ်ားဟာ အျခားတိရာစာၦန္ေတြထက္ လူသားမ်ားကို တိုက္ရိုက္တိုက္ခိုက္ၿပီး ေသဆုံးေစမႈေတြမွာ ပိုၿပီး ပါဝင္ပတ္သက္ေနပါတယ္။
အာဖရိကရွိ နိုင္းမိေက်ာင္းမ်ားဟာ အျခားမိေက်ာင္းမ်ားထက္ ႀကီးမားတဲ့ အ႐ြယ္အစားရွိသလို လူသားေတြကို စားေသာက္ရတာ ႀကိဳက္ႏွစ္သက္သူေတြလို႔ နာမည္ေက်ာ္ၾကားပါတယ္။
ငါးဖမ္းျခင္း၊ ေရကူးျခင္း သို႔မဟုတ္ ျမစ္မ်ားတြင္ ေဝယ်ာဝစၥလုပ္ခ်ိန္တို႔မွာ တိုက္ခိုက္ခံရေလ့ရွိပါတယ္။
၄။ ဝက္ဝံ
ႏွစ္စဥ္ လူေတြကို ဝက္ဝံတိုက္ခိုက္မႈေတြဟာ ၄၀ ဝန္းက်င္ေလာက္သာ ရွိၿပီး အမ်ားစုကေတာ့ အမဲလိုက္ စားေသာက္ဖို႔အတြက္ မဟုတ္ပဲ အေၾကာက္တရားေၾကာင့္ ဒါမွမဟုတ္ သားေပါက္ေလးေတြကို ကာကြယ္လိုစိတ္ေၾကာင့္ ျဖစ္ပါတယ္။
ဝင္ရိုးစြန္းဝက္ဝံမ်ားကေတာ့ လူတို႔အတြက္ အႏၲရာယ္အရွိဆုံး မ်ိဳးစိတ္ျဖစ္ပါတယ္။ ဝက္ဝံ အထီးႀကီးမ်ားဟာေတာ့ အထူးသျဖင့္ အုပ္စုငယ္မ်ားအတြင္းမွ လူမ်ားကို သူတို႔ရဲ႕နယ္ေျမအတြင္းမွာ လုံးဝအမဲလိုက္ၿပီး စားေသာက္ပါလိမ့္မယ္။
၅။ Komoda Dragon
အင္ဒိုနီးရွားရွိ လူဦးေရက်ဲပါးေသာ ကြၽန္းအနည္းငယ္မွာေတာ့ ကိုမိုဒိုနဂါးမ်ားဟာ လူမ်ားကို အမဲလိုက္ေလ့ရွိၿပီး ကြၽန္ုပ္တို႔ကို သားေကာင္အျဖစ္ မွတ္ယူၾကပါတယ္။
ခြၽန္ထက္ေသာအစြယ္မ်ားႏွင့္ အဆိပ္ရွိေသာ အိမ္ျမႇောင္ႀကီးမ်ားဟာ ကြၽဲကဲ့သို႔ သန္မာေသာ တိရစာၦန္မ်ားကို ေခ်ာင္းေျမာင္းတိုက္ခိုက္ ႏွိမ္နင္းနိုင္တာေၾကာင့္ လူသားေတြကို ေအးေဆးတိုက္ခိုက္ၿပီး စားေသာက္နိုင္ပါတယ္။
၆။ ငါးမန္း
က်န္ငါးမန္းမ်ိဳးစိတ္ေတြက လူကိုရန္ျပဳခဲေပမဲ့ ငါးမန္းျဖဴႀကီး၊ က်ားငါးမန္း၊ ႏြားငါးမန္း၊ ပင္လယ္ျပင္ျဖဴငါးမန္းမ်ိဳးစိတ္ ေလးမ်ိဳးကေတာ့ လူသားမ်ားကို ရန္လို တိုက္ခိုက္တတ္ၿပီး သားေကာင္အျဖစ္ အမဲလိုက္ေလ့ရွိၾကပါတယ္။
Credit







إرسال تعليق