သဘာဝရာသီချိန်မှိုတွေ ကြိုက်တတ်သူများအတွက်မဖြစ်မနေ ဒါလေး ဖတ်ထား ၊ မှတ်ထားသင့်

သဘာဝရာသီချိန်မှိုတွေ ကြိုက်တတ်သူများအတွက်မဖြစ်မနေ ဒါလေး ဖတ်ထား ၊ မှတ်ထားသင့်
Sat, 2 Jul 2022 13:46 WITH



မိုးတွင်းမို့ ဈေးများတွင် မှိုများပေါများနေသည်။ နယ်တွင်လဲ လှိုင်လှိုင်ပေါက်၍ မှိုရှာ ကြ၏။ မှိုကြိုက်တတ်ရင် ဒါလေးတော့ဖတ်လိုက်ပါ။

၁။ မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားလျှင် မစားကောင်းပါ။စားကောင်းသော မှိုများသည် ကြေမွ သွားခြင်း မရှိပါ။

၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်လိုက်ပါ မည်းသွားလျှင် မစားရပါ။စားကောင်းသောမှိုသည် ဆားထိရုံနှင့် မည်းသွားလေ့မရှိပါ။

၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လို့ သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။စားကောင်းသော မှိုမှာ အရောင် မပြောင်းပါ။

၅။ မှိုကို ဓားဖြင့်ဖြတ်သော အခါ ပြာနှမ်းသွားလျှင် မစားရပါ။
စားကောင်းသောမှိုမှာ မပြာနှမ်းပါ။

၆။ မှိုကို ဆားရည်တွင် စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။စားကောင်းသော မှိုမှာ မနက်ပါ။

၇။ အထူးသဖြင့် ခြေခြင်းပါသောမှိုများသည် မစားကောင်းပါ။
စားကောင်းသော မှိုမှာ ခြေခြင်းပါလေ့မရှိပါ။

မှိုနှင့် ရောစပ်မစားကောင်းသော အစာများ

၁။ ကြက်ဟင်းခါးသီး

၂။ ​ကြက်ဥ

၃။ ခံသီး

၄။ ငှက်ပျောသီး

၅။ နို့အမျိုးမျိုး

၆။ ဖောင်စီးကဏန်း

၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။

မီးဖွားပြီးစ အမျိုးသမီးများ အနေဖြင့် “မှိုတစ်နှစ် မျှစ်သုံးလ” မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။

မှိုဟင်း မစားသင့်သော အခြားသူများ

ခြေအေးရွေ့ အထက်သို့ အခိုးတက်ပြီးဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေ ကျိမ်းသော ရောဂါရှိသူများသည် မစားသင့်ပါ။

မှိုဆိပ်ဖြေနည်း

မှိုဆိပ်တက်၍ တောက်ခဲ့လျှင် ထန်းလျှက် စားပေးပါ။သံပုရာရည်ကို လျှက်ပေးပါ။မိုနတိုရွက်စိမ်းရည် ကို တိုက်ပေးပါ။

မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်ပါ။
ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါ။အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။

ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

မှိုနှင့်ဆေးဝါး

ဝါးရုံနက် (သို့မဟုတ်)ကြခတ်ဝါးရုံ ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူူပြီး ရေစင်စွာဆေးရွေ့ ထန်းလျှက် သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီးကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။

ဝါးမှိုဆိုရာတွင် ကြခတ်ဝါးမှို က ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစ္စည်းတို့ လုံးဝမထိရန် သတိပြုရမည်။

စားကောင်းသော မှိုများ

ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို (ခြေတို၊ ခြေရှည်)၊

ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊

မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊

မြက်ကြားမှို၊သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။

မစားကောင်းသော မှိုများ

ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသောမှိုများဖြစ်ကြသည်။

ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။

 

Credit

 

Zawgyi

 

 

သဘာဝရာသီခ်ိန္မွိုေတြ ႀကိဳက္တတ္သူမ်ားအတြက္မျဖစ္မေန ဒါေလး ဖတ္ထား ၊ မွတ္ထားသင့္

မိုးတြင္းမို႔ ေဈးမ်ားတြင္ မွိုမ်ားေပါမ်ားေနသည္။ နယ္တြင္လဲ လွိုင္လွိုင္ေပါက္၍ မွိုရွာ ၾက၏။ မွိုႀကိဳက္တတ္ရင္ ဒါေလးေတာ့ဖတ္လိုက္ပါ။

၁။ မွိုမ်ားရရွိေသာအခါ အရိုးကိုလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္ ေၾကမြသားလွ်င္ မစားေကာင္းပါ။စားေကာင္းေသာ မွိုမ်ားသည္ ေၾကမြ သြားျခင္း မရွိပါ။

၂။ မွိုေပၚသို႔ ဆားအနည္းငယ္ ျဖဴးၾကည့္လိုက္ပါ မည္းသြားလွ်င္ မစားရပါ။စားေကာင္းေသာမွိုသည္ ဆားထိ႐ုံႏွင့္ မည္းသြားေလ့မရွိပါ။

၃။ မွိုကိုလက္ျဖင့္ ဖ်စ္ၾကည့္လို႔ ေသြးေရာင္ေျပာင္းသြားလွ်င္ မစားေကာင္းပါ။စားေကာင္းေသာ မွိုမွာ အေရာင္ မေျပာင္းပါ။

၅။ မွိုကို ဓားျဖင့္ျဖတ္ေသာ အခါ ျပာႏွမ္းသြားလွ်င္ မစားရပါ။
စားေကာင္းေသာမွိုမွာ မျပာႏွမ္းပါ။

၆။ မွိုကို ဆားရည္တြင္ စိမ္ၾကည့္ေသာအခါ နက္လာလွ်င္ မစားေကာင္းပါ။စားေကာင္းေသာ မွိုမွာ မနက္ပါ။

၇။ အထူးသျဖင့္ ေျချခင္းပါေသာမွိုမ်ားသည္ မစားေကာင္းပါ။
စားေကာင္းေသာ မွိုမွာ ေျချခင္းပါေလ့မရွိပါ။

မွိုႏွင့္ ေရာစပ္မစားေကာင္းေသာ အစာမ်ား

၁။ ၾကက္ဟင္းခါးသီး

၂။ ​ၾကက္ဥ

၃။ ခံသီး

၄။ ငွက္ေပ်ာသီး

၅။ နို႔အမ်ိဳးမ်ိဳး

၆။ ေဖာင္စီးကဏန္း

၇။ ယုန္သား စသည္တို႔ကို ေရာစပ္ေ႐ြ႕မစားရပါ။

မီးဖြားၿပီးစ အမ်ိဳးသမီးမ်ား အေနျဖင့္ “မွိုတစ္ႏွစ္ မွ်စ္သုံးလ” မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။

မွိုဟင္း မစားသင့္ေသာ အျခားသူမ်ား

ေျခေအးေ႐ြ႕ အထက္သို႔ အခိုးတက္ၿပီးျဖစ္တတ္ေသာ ႏွာပိတ္၊ ႏွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကိုက္ေရာဂါ၊ ေခါင္းဦးေရ က်ိမ္းေသာ ေရာဂါရွိသူမ်ားသည္ မစားသင့္ပါ။

မွိုဆိပ္ေျဖနည္း

မွိုဆိပ္တက္၍ ေတာက္ခဲ့လွ်င္ ထန္းလွ်က္ စားေပးပါ။သံပုရာရည္ကို လွ်က္ေပးပါ။မိုနတို႐ြက္စိမ္းရည္ ကို တိုက္ေပးပါ။

မရိုးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန႔္ ေသြးေ႐ြ႕တိုက္ပါ။
က်ီးအာျမစ္ကို ဆားႏွင့္ေသြး၍ လွ်ာကိုပြတ္ေပးပါ။အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။

ထန္းလွ်က္ျပဳတ္ရည္ ပူပူေႏြးေႏြးတိုက္ေပးပါကလည္း မွိုေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္နိုင္သည္။

မွိုႏွင့္ေဆးဝါး

ဝါး႐ုံနက္ (သို႔မဟုတ္)ၾကခတ္ဝါး႐ုံ ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္မွိုမ်ားကို ဖဲ့ယူူၿပီး ေရစင္စြာေဆးေ႐ြ႕ ထန္းလွ်က္ သို႔မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာအလုံးေလးမ်ား ျပဳလုပ္ၿပီးကေလးငယ္မ်ားကို ေကြၽးပါက ဝမ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႕ဝမ္းသြားေသာအခါ အေထြးလိုက္ က်ဆင္းပါသည္။

ဝါးမွိုဆိုရာတြင္ ၾကခတ္ဝါးမွို က ပိုေဆးဘက္ဝင္သည္။ သို႔ေသာ္ မွိုကို သံထည္ပစၥည္းတို႔ လုံးဝမထိရန္ သတိျပဳရမည္။

စားေကာင္းေသာ မွိုမ်ား

ေကာက္ရိုးမွို၊ မွိုၾကက္ေတာင္၊ ငွက္ေပ်ာမွို၊ ေတာင္ပို႔မွို (ေျခတို၊ ေျခရွည္)၊

ဖက္ဆြတ္မွို(မွိုျဖဴေလး) ၾကက္တူေ႐ြးမွို၊ မွိုသားပိုက္၊ မွိုဆန္ကြဲ၊ မွိုေက်ာက္ခဲ၊ မွိုေျခတံရွည္၊

မွိုနီ၊ မွိုျပင္းတြဲ၊ မွိုျဖဴ၊ မွိုအုန္းနက္၊ (မွို၏ထိပ္တြင္ နက္ေသာအကြက္ေလးရွိသည္။)၊

ျမက္ၾကားမွို၊သေျပမွို၊ ေျမပဲမွို၊ ဝါးမွို၊ ကိုင္းမွို၊ အင္မွို၊ ဆင္ေျခသည္းမွိုႏွင့္ သရက္မွို(မွိုေျခာက္မ်ားျပဳလုပ္သည္)၊စေသာမွိုမ်ားသည္ စားေကာင္းေသာမွိုမ်ားျဖစ္သည္။

မစားေကာင္းေသာ မွိုမ်ား

ၾကက္ခူမွို၊ မွိုကြန္ျခာ၊ ေခြးေလးမွို၊ ႏွင့္ ႏြားေျခးမွိုတို႔သည္ မစားေကာင္းေသာမွိုမ်ားျဖစ္ၾကသည္။

ထို႔အျပင္ အခ်ိဳ႕မွိုမ်ားမွာ စားေကာင္းေသာမွိုျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။

 

Credit

 

Post a Comment

أحدث أقدم

Comments