သူများဦးညွှတ်တိုင်း သင် တော်နေလို့မဟုတ်ဘူး

သူများဦးညွှတ်တိုင်း သင် တော်နေလို့မဟုတ်ဘူး
Sat, 2 Jul 2022 14:14 မြန်မာ မြင်ကွင်းစုံ


ဘုရင်ကြီးတစ်ပါးဟာ သူ၏ မြေးတော်နဲ့အတူ လမ်းလျှောက်ထွက်လာခဲ့တယ်။လမ်းမှာ သူတောင်းစားတစ်ဦးက ဘုရင်ကြီးကိုတွေ့တော့ ခါးညွှတ်အလေးပြုတယ်။ ဘုရင်ကြီးကလည်း ချက်ချင်းပြန် ခါးညွှတ်အလေးပြုတယ်။ ဘုရင်ကြီး





ညွှတ်တဲ့ခါး သူတောင်းစားထက်တောင် ပိုနိမ့်နေသေးလို့မြေးဖြစ်သူက နားမလည်ဖြစ်ပြီးမေးတယ်။”ဘိုးဘိုး.. သူက သူတောင်းစားတစ်ဦးပဲ.. ဘာလို့ ခါးကို ဒီလောက်ညွှတ်ပြီး ပြန်အ လေးပြုရသလဲ”လို့မေးတဲ့အခါ ဘုရင်ကြီးက..







“သူတောင်းစားတစ်ဦးက ဘုရင်တစ်ပါး ထက်တောင် ပိုယဉ်ကျေးတာကို ငါလက်မခံနိုင်ဘူး”လို့ သူရဲ့ မြေးတော်ကို ပြန်ပြောလိုက်ပါတယ်။ သင်ခန်းစာ – တခြားသူ သင့်ကိုလေးစားတာဟာ သင်တော်လို့ ထူးကဲလို့မဟုတ်ဘူး။ တခြားသူ သင့်ကိုလေးစား





တာဟာ သူတို့တော်လို့ ထူးကဲလို့ဖြစ်တယ်။ထက်မြက်ထူးချွန်သူတွေက လူတိုင်းကိုလေးစားတယ်။ယဉ်ကျေးခြင်း၊ လေးစားခြင်းဆိုတာ သင့်အဆင့်အတန်း၊ သင့်အသိ ဉာဏ်အနိမ့်အမြင့်ရဲ့ သင်္ကေတဖြစ်တယ်။





Credit ~မူရင်း

Zawgyi ဖြင့်ဖတ်ပါ



ဘုရင္ႀကီးတစ္ပါးဟာ သူ၏ ေျမးေတာ္နဲ႔အတူ လမ္းေလွ်ာက္ထြက္လာခဲ့တယ္။လမ္းမွာ သူေတာင္းစားတစ္ဦးက ဘုရင္ႀကီးကိုေတြ႕ေတာ့ ခါးၫႊတ္အေလးျပဳတယ္။ ဘုရင္ႀကီးကလည္း ခ်က္ခ်င္းျပန္ ခါးၫႊတ္အေလးျပဳတယ္။ ဘုရင္ႀကီး





ၫႊတ္တဲ့ခါး သူေတာင္းစားထက္ေတာင္ ပိုနိမ့္ေနေသးလို႔ေျမးျဖစ္သူက နားမလည္ျဖစ္ၿပီးေမးတယ္။ဘိုးဘိုး.. သူက သူေတာင္းစားတစ္ဦးပဲ.. ဘာလို႔ ခါးကို ဒီေလာက္ၫႊတ္ၿပီး ျပန္အ ေလးျပဳရသလဲလို႔ေမးတဲ့အခါ ဘုရင္ႀကီးက..





သူေတာင္းစားတစ္ဦးက ဘုရင္တစ္ပါး ထက္ေတာင္ ပိုယဥ္ေက်းတာကို ငါလက္မခံႏိုင္ဘူးလို႔ သူရဲ႕ ေျမးေတာ္ကို ျပန္ေျပာလိုက္ပါတယ္။ သင္ခန္းစာ တ်ခားသူ သင့္ကိုေလးစားတာဟာ သင္ေတာ္လို႔ ထူးကဲလို႔မဟုတ္ဘူး။ တ်ခားသူ သင့္ကိုေလးစား





တာဟာ သူတို႔ေတာ္လို႔ ထူးကဲလို႔ျဖစ္တယ္။ထက္ျမက္ထူးခြၽန္သူေတြက လူတိုင္းကိုေလးစားတယ္။ယဥ္ေက်းျခင္း၊ ေလးစားျခင္းဆိုတာ သင့္အဆင့္အတန္း၊ သင့္အသိ ဉာဏ္အနိမ့္အျမင့္ရဲ႕ သေကၤတျဖစ္တယ္။

Credit ~မူရင္း

Post a Comment

أحدث أقدم

Comments