မဖြစ်နိုင်ဘူးဆိုတာမရှိဘူး နည်းလမ်းကအမြဲရှိတယ်
Sat, 2 Jul 2022 12:11 မြန်မာ မြင်ကွင်းစုံ
ဘုန်းကြီးကို ဘီး ဘယ်လိုရောင်းမလဲ..?
တစ်ခါတုန်းက Company အကြီးကြီးတစ်ခုမှာ Sales (အရောင်းဝန်ထမ်း) ရာထူးအတွက် အလုပ်လျှောက်တဲ့ ဝန်ထမ်း(၃)ဦးရှိခဲ့ပါတယ်။ သူတို့ ၃ ယောက်လုံးဟာ ရာထူးနေရာအတွက် သင့်တော်သူတွေမို့ အင်တာဗျူးမေးတဲ့သူက ခေါင်းခဲလာပါ
တယ်။ နောက်တော့ အကြံရပြီး သူတို့သုံးယောက်လုံးကို အလုပ်တစ်ခု စေခိုင်းခဲ့ပါတယ်။ ခိုင်းလိုက်တဲ့ အလုပ်ကတော့ တောင်ကုန်းပေါ်မှာရှိတဲ့ ဘုန်းကြီးတွေဆီကို ဘီးသွားရောင်းခိုင်းခြင်းပဲ ဖြစ်ပါတယ်။ ၃ရက်အချိန်ပေးလိုက်ပြီး အရောင်းရ
ဆုံးသူကို အလုပ်ခန့်မယ်လို့ ပြောလိုက်ပါတယ်။ ၃ရက်ကုန်ဆုံးသွားတဲ့ အခါမှာတော့ သူ(၃)ယောက်လုံး အင်တာဗျူးမေးတဲ့ဆီကို ပြန်ရောက်လာကြပါတယ်။ ပထမလူက “ကျွန်တော်ဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့ပါတယ်။ ဘုန်းကြီးဆူ
တာလဲ ခံလိုက်ရသေးတယ်ဗျာ။ ကျွန်တော်က သူ့ကိုလှောင်ပါတယ်ဆိုပြီး တော်တော်ဒေါသထွက်လာလို့ ကျွန် တော် စိတ်ပျက်လက်ပျက်နဲ့ လှည့်ပြန်လာရတယ်။ ပြန်တဲ့လမ်းမှာ ကိုရင်လေးတစ်ပါး ခေါင်းကိုတောက်လျှောက်ကုတ်နေတာတွေ့လို့ သူ့ကို ဘီးနဲ့
ကုတ်ရင် ဘယ်လောက်သက်သာမယ်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ အဲ့ဒီဘီးတစ်ချောင်းပဲ ရောင်းထွက်ခဲ့ပါတယ်” လို့ အင်တာဗျူးမေးသူကိုပြန်ပြောပြပါတယ်။ ဒုတိယလူက “မင်းတော်ပါတယ်ကွ၊ ဒါပေမယ့် ငါက ပိုတော်တယ်ကွ။ ငါက ဘီး၁၀ချောင်း
တောင် ရောင်းထွက်ခဲ့တယ်။” အင်တာဗျူးမေးတဲ့သူကလည်း “မင်းဘယ်လိုများရောင်းခဲ့တာလဲ?”လို့ စိတ်ဝင်တစားမေးတဲ့အခါမှာတော့ ဒုတိယလူက”တောင်ပေါ်က ဘုန်းကြီးကျောင်းကိုလာတဲ့ သူတွေဟာ လေတိုက်တဲ့ဒဏ်ကြောင့် ဆံပင်တွေ
ဖရိုဖရဲဖြစ်နေတာကို ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘုန်းကြီးတစ်ပါးကို ကပ်ပြီး အကယ်၍ ဘုန်းကြီးကျောင်းမှာဘီးသာရှိရင် လာရောက်သူတွေအနေနဲ့ သူတို့ကို သူတို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်နိုင်ပြီး ဘုန်းကြီး
တွေကိုရှိခိုးတဲ့ အခါမှာလည်း ပိုမိုလေးစားရာရောက်လိမ့်မယ် ဖြစ်ကြောင်းရှင်းပြလိုက်တယ်လေ။ ဒါနဲ့ဘုန်းကြီးလည်း ဘီး၁၀ချောင်းဝယ်ထားလိုက်တယ်။” လို့ အင်တာဗျူးမေးသူကို ရှင်းပြပါတယ်။တတိယလူက “သိပ်လည်း အလျင်မလိုကြပါနဲ့အုံး
ဗျ၊ သူတို့၂ယောက်လုံးထက်ပိုရောင်းခဲ့တဲ့ ကျွန်တော်ရှိပါသေးတယ်” လို့ ဆိုလာပါတယ်။ အင်တာဗျူးမေးသူကလည်း စိတ် ဝင်စားလာပြီး “မင်း ဘယ်နှစ်ချောင်းတောင်ရောင်းနိုင်ခဲ့တာလဲ”လို့ မေးတော့ တတိယလူက “အချောင်း ၁၀၀၀ ရောင်း
နိုင်ခဲ့ပါတယ်”လို့ ဆိုလာပါတယ်။ အင်တာဗျူးမေးသူလည်း အံ့သြသွားပြီး “အားပါးပါး..မင်းဘယ်လိုများ အဲ့လောက်တောင် ရောင်းရအောင် လုပ်ခဲ့တာလဲ”ကွလို့ မေးလာပါတယ်။ တတိယလူက “ကျွန်တော် အရင်ဆုံးတောင်ကုန်းပေါ်က
ဘုန်းကြီးကျောင်းတွေထဲက အကြီးဆုံး ဘုန်းကြီး ကျောင်းကိုရွေးလိုက်ပါတယ်။ နောက်တော့ ကျောင်းထိုင်ဘုန်းကြီးနဲ့တွေ့ပြီး လူပေါင်းများစွာကို အေးချမ်းမှုပေးတဲ့အတွက်ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ကျောင်းထိုင်ဘုန်းကြီးက သဘောကောင်းတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူလည်းသူ့ဆီလာရောက်တဲ့သူတွေကို ဘယ်လိုမျိုးကျေးဇူးတင်ကြောင်း ပြသရမှန်းမသိဖြစ်နေကြောင်း ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်းပြသဖို့အကောင်း
ဆုံး နည်းလမ်းက ဗုဒ္ဓရဲ့အဆုံးအမတွေပါတဲ့ လက်ဆောင်ပစ္စည်းတစ်မျိုးမျိုးပေးတာကောင်းမည်ဖြစ်ကြောင်း၊ နေ့တိုင်းအသုံးပြုတဲ့ ပစ္စည်းမျိုးဖြစ်ရင် ပိုကောင်းကြောင်း ပြန်လည်ရှင်းပြလိုက်ပါတယ်။ နောက်တော့ ကျွန်တော် သစ်သားထွင်းပြီး
ဗုဒ္ဓအဆုံးအမတွေရေးထားတဲ့ ဘီးတစ်ချောင်းကို ဘုန်း ကြီးကို ထုတ်ပြလိုက်ပါတယ်။ လူတွေဟာ ဘီးကို နေ့တိုင်းအသုံးပြုပြီး ဒီဘီးကိုမြင်တိုင်း ဗုဒ္ဓအဆုံးအမတွေကို သတိရနေမည်ဖြစ် ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးလည်း
သဘောကျပြီး ဘီး၁၀၀၀ မှာယူခဲ့ပါတယ်။”လို့ အင်တာဗျူးမေးသူကို ပြန်ပြောပြခဲ့ပါတယ်။ အခြား၂ယောက်ထဲက တစ်ယောက်က “မင်းကံကောင်းသွားတာပါကွာ”လို့ ပြောတဲ့အချိန်မှာတော့ အင်တာဗျူးမေးသူက “မဟုတ်ဘူး။ သူ
ကံကောင်းတာမဟုတ်ဘူး။ သူက အစတည်းက Planရှိတာ။ အဲ့ဒါကြောင့် စာသားထွင်းထားတဲ့ဘီးကို သူယူသွားတာပေါ့။ အကယ် ၍ အဲ့ဒီဘုန်းကြီးကျောင်းက မလိုချင်ရင်တောင် အခြားကျောင်းတစ်ခုက လိုချင်မှာအသေအချာပဲ” လို့
ပြောလာပါတယ်။ တတိယလူက “ဒါတင်မကသေးဘူးဗျ။ နောက်နေ့ ကျွန်တော်ပြန်သွားပြီး အဆင်ပြေရဲ့လား သွားမေးတဲ့အချိန်မှာဘုန်းကြီးက သူ့ကျောင်းကိုလာတဲ့သူတွေဟာ ဒီဘီးအကြောင်း ဆွေမျိုး သားချင်း၊ သူငယ်ချင်းတွေကို ပြောပြပြီး ဒီ
ဘီးသတင်းဟာ နာမည်ကြီးနေပြီဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းလာသူတွေလည်း ပိုမိုများပြားလာကြောင်း၊လူတိုင်းကလည်း ဘီးအကြောင်းပဲမေးနေကြောင်း၊ တစ်လအတွင်း ဘီးတွေကုန်သွားတော့မှာမို့ နောက် ထပ် ထပ်ပြီးမှာမည်ဖြစ်ကြောင်း ကျွန်
တော့်ကို ပြောခဲ့ပါသေးတယ်”လို့ ပြောပြလာပါတယ်။ င်ခန်းစာယူသင့်သည်များ – အလုပ်လျှောက်သူ အားလုံးဟာ မတူညီတဲ့ အရည်အချင်းကို ပြသခဲ့ပါတယ်။ ပထမလူက ဝယ်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ခြင်းဆိုတဲ့
အခြေခံအ ကျဆုံး အချက်ကို အသုံးချနိုင်ခဲ့ပါတယ်။ ခေါင်းကုတ်နေတဲ့ကိုရင်လေးကိုပဲ ရောင်းချနိုင်ခဲ့ပါတယ်။ ဒုတိယလူကတော့ ပထမလူထက် အ ဆင့်နည်းနည်းမြင့်ပါတယ်။ ဘုန်းကြီးက ဘီးမလိုတာကို သူသိပါတယ်။ ဒါပေမယ့် ဘုန်းကြီးအတွက်
ဘီးက အခြားတစ်နေရာရာမှာ ဘယ်လိုအသုံးဝင်နိုင်ကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။တတိယလူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ တစ်ခါတည်းတောင်မဟုတ်ဘူး၊ ထပ်ခါထပ်ခါရောင်းရမယ့် အနေအထားကို သူ
ဖန်တီးနိုင်ခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ ဖြစ်စဉ်မှာ ဘုန်းကြီး၊ လာရောက်သောဧည့် သည်များ၊သူကိုယ်တိုင်၊ အင်တာဗျူးသူ စတဲ့သူတွေအားလုံးကို ကောင်းကျိုးပေးနိုင်ခဲ့ပါတယ်။ မိမိရဲ့ဖောက်သည်ကို ဘယ်တော့မှ တစ်ခါသုံးဖောက်သည်အဖြစ် မ
ကြည့်သင့်ပါဘူး။ စေတနာပါပါ ကြိုတင်ပြင်ဆင်မှုရှိရှိနဲ့ မိမိရဲ့ဖောက်သည်အပြင် ထိုဖောက်သည်ရဲ့ အသိုင်းအဝိုင်း တစ်ခုလုံး အကျိုးရှိမယ့် အလုပ်မျိုးလုပ်နိုင်ရင် မိမိလည်း စိတ်ချမ်းသာနိုင်မည်ဖြစ်ကြောင်းကို သူက ပြသခဲ့ပါတယ်။ မိမိရဲ့ ကျိုး
ကျေးဇူး တစ်ခုတည်းနဲ့ စတင်လို့မရပါဘူး။ မိမိပစ္စည်း အသုံးပြုသူရဲ့ အသုံးဝင်မှု၊ စိတ်ချမ်းသာမှုတွေကို ထည့်တွက်သင့်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အမြဲနည်းလမ်းရှိတယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားဖို့တော့ လိုအပ်ပါတယ်။
Credit – မိုးရှင်း (I.M.T)
Zawgyi ဖြင့်ဖတ်ပါ
ဘုန္းႀကီးကို ဘီး ဘယ္လိုေရာင္းမလဲ..?
တစ္ခါတုန္းက Company အႀကီးႀကီးတစ္ခုမွာ Sales (အေရာင္းဝန္ထမ္း) ရာထူးအတြက္ အလုပ္ေလွ်ာက္တဲ့ ဝန္ထမ္း(၃)ဦးရွိခဲ့ပါတယ္။ သူတို႔ ၃ ေယာက္လုံးဟာ ရာထူးေနရာအတြက္ သင့္ေတာ္သူေတြမို႔ အင္တာဗ်ဴးေမးတဲ့သူက ေခါင္းခဲလာပါ
တယ္။ ေနာက္ေတာ့ အႀကံရၿပီး သူတို႔သုံးေယာက္လုံးကို အလုပၱစၡဳ ေစခိုင္းခဲ့ပါတယ္။ ခိုင္းလိုက္တဲ့ အလုေပၠတာ့ ေတာင္ကုန္းေပၚမွာရွိတဲ့ ဘုန္းႀကီးေတြဆီကို ဘီးသြားေရာင္းခိုင္းျခင္းပဲ ျဖစ္ပါတယ္။ ၃ရက္အခ်ိန္ေပးလိုက္ၿပီး အေရာင္းရ
ဆုံးသူကို အလုပ္ခန႔္မယ္လို႔ ေျပာလိုက္ပါတယ္။ ၃ရကၠဳႏ္ဆဳံးၾသားတဲ့ အခါမွာေတာ့ သူ(၃)ေယာက္လုံး အင္တာဗ်ဴးေမးတဲ့ဆီကို ျပန္ေရာက္လာၾကပါတယ္။ ပထမလူက ကြၽန္ေတာ္ဘီးတစ္ေခ်ာင္းပဲ ေရာင္းထြက္ခဲ့ပါတယ္။ ဘုန္းႀကီးဆူ
တာလဲ ခံလိုက္ရေသးတယ္ဗ်ာ။ ကြၽန္ေတာ္က သူ႔ကိုေလွာင္ပါတယ္ဆိုၿပီး ေတာ္ေတာ္ေဒါသထြက္လာလို႔ ကြၽန္ ေတာ္ စိတ္ပ်က္လက္ပ်က္နဲ႔ လွည့္ျပန္လာရတယ္။ ျပန္တဲ့လမ္းမွာ ကိုရင္ေလးတစ္ပါး ေခါင္းကိုေတာက္ေလွ်ာက္ကုတ္ေနတာေတြ႕လို႔ သူ႔ကို ဘီးနဲ႔
ကုတ္ရင္ ဘယ္ေလာက္သက္သာမယ္ျဖစ္ေၾကာင္းရွင္းျပခဲ့ပါတယ္။ အဲ့ဒီဘီးတစ္ေခ်ာင္းပဲ ေရာင္းထြက္ခဲ့ပါတယ္ လို႔ အင္တာဗ်ဴးေမးသူကိုျပန္ေျပာျပပါတယ္။ ဒုတိယလူက မင္းေတာ္ပါတယ္ကြ၊ ဒါေပမယ့္ ငါက ပိုေတာ္တယ္ကြ။ ငါက ဘီး၁၀ေခ်ာင္း
ေတာင္ ေရာင္းထြက္ခဲ့တယ္။ အင္တာဗ်ဴးေမးတဲ့သူကလည္း မင္းဘယ္လိုမ်ားေရာင္းခဲ့တာလဲ?လို႔ စိတ္ဝင္တစားေမးတဲ့အခါမွာေတာ့ ဒုတိယလူကေတာင္ေပၚက ဘုန္းႀကီးေက်ာင္းကိုလာတဲ့ သူေတြဟာ ေလတိုက္တဲ့ဒဏ္ေၾကာင့္ ဆံပင္ေတြ
ဖ႐ိုဖရဲျဖစ္ေနတာကို ကြၽန္ေတာ္ သတိထားမိခဲ့ပါတယ္။ ဒါနဲ႔ ကြၽန္ေတာ္လည္း ဘုန္းႀကီးတစ္ပါးကို ကပ္ၿပီး အကယ္၍ ဘုန္းႀကီးေက်ာင္းမွာဘီးသာရွိရင္ လာေရာက္သူေတြအေနနဲ႔ သူတို႔ကို သူတို႔ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္လုပ္ႏိုင္ၿပီး ဘုန္းႀကီး
ေတြကိုရွိခိုးတဲ့ အခါမွာလည္း ပိုမိုေလးစားရာေရာက္လိမ့္မယ္ ျဖစ္ေၾကာင္းရွင္းျပလိုက္တယ္ေလ။ ဒါနဲ႔ဘုန္းႀကီးလည္း ဘီး၁၀ေခ်ာင္းဝယ္ထားလိုက္တယ္။ လို႔ အင္တာဗ်ဴးေမးသူကို ရွင္းျပပါတယ္။တတိယလူက သိပ္လည္း အလ်င္မလိုၾကပါနဲ႔အုံး
ဗ္၊ သူတို႔၂ေယာက္လုံးထက္ပိုေရာင္းခဲ့တဲ့ ကြၽန္ေတာ္ရွိပါေသးတယ္ လို႔ ဆိုလာပါတယ္။ အင္တာဗ်ဴးေမးသူကလည္း စိတ္ ဝင္စားလာၿပီး မင္း ဘယ္ႏွစ္ေခ်ာင္းေတာင္ေရာင္းႏိုင္ခဲ့တာလဲလို႔ ေမးေတာ့ တတိယလူက အေခ်ာင္း ၁၀၀၀ ေရာင္း
ႏိုင္ခဲ့ပါတယ္လို႔ ဆိုလာပါတယ္။ အင္တာဗ်ဴးေမးသူလည္း အံ့ၾသသြားၿပီး အားပါးပါး..မင္းဘယ္လိုမ်ား အဲ့ေလာက္ေတာင္ ေရာင္းရေအာင္ လုပ္ခဲ့တာလဲကြလို႔ ေမးလာပါတယ္။ တတိယလူက ကြၽန္ေတာ္ အရင္ဆုံးေတာင္ကုန္းေပၚက
ဘုန္းႀကီးေက်ာင္းေတြထဲက အႀကီးဆုံး ဘုန္းႀကီး ေက်ာင္းကိုေ႐ြးလိုက္ပါတယ္။ ေနာက္ေတာ့ ေက်ာင္းထိုင္ဘုန္းႀကီးနဲ႔ေတြ႕ၿပီး လူေပါင္းမ်ားစြာကို ေအးခ်မ္းမႈေပးတဲ့အတြက္ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။
ေက်ာင္းထိုင္ဘုန္းႀကီးက သေဘာေကာင္းတဲ့ ဘုန္းႀကီးတစ္ပါးျဖစ္ၿပီး သူလည္းသူ႔ဆီလာေရာက္တဲ့သူေတြကို ဘယ္လိုမ်ိဳးေက်းဇူးတင္ေၾကာင္း ျပသရမွန္းမသိျဖစ္ေနေၾကာင္း ကြၽန္ေတာ့္ကိုေျပာျပခဲ့ပါတယ္။ ေက်းဇူးတင္ေၾကာင္းျပသဖို႔အေကာင္း
ဆုံး နည္းလမ္းက ဗုဒၶရဲ႕အဆုံးအမေတြပါတဲ့ လက္ေဆာင္ပစၥည္းတစ္မ်ိဳးမ်ိဳးေပးတာေကာင္းမည္ျဖစ္ေၾကာင္း၊ ေန႔တိုင္းအသုံးျပဳတဲ့ ပစၥည္းမ်ိဳးျဖစ္ရင္ ပိုေကာင္းေၾကာင္း ျပန္လည္ရွင္းျပလိုက္ပါတယ္။ ေနာက္ေတာ့ ကြၽန္ေတာ္ သစ္သားထြင္းၿပီး
ဗုဒၶအဆုံးအမေတြေရးထားတဲ့ ဘီးတစ္ေခ်ာင္းကို ဘုန္း ႀကီးကို ထုတ္ျပလိုက္ပါတယ္။ လူေတြဟာ ဘီးကို ေန႔တိုင္းအသုံးျပဳၿပီး ဒီဘီးကိုျမင္တိုင္း ဗုဒၶအဆုံးအမေတြကို သတိရေနမည္ျဖစ္ ေၾကာင္း ရွင္းျပခဲ့ပါတယ္။ ေက်ာင္းထိုင္ဘုန္းႀကီးလည္း
သေဘာက်ၿပီး ဘီး၁၀၀၀ မွာယူခဲ့ပါတယ္။လို႔ အင္တာဗ်ဴးေမးသူကို ျပန္ေျပာျပခဲ့ပါတယ္။ အျခား၂ေယာက္ထဲက တစ္ေယာက္က မင္းကံေကာင္းသြားတာပါကြာလို႔ ေျပာတဲ့အခ်ိန္မွာေတာ့ အင္တာဗ်ဴးေမးသူက မဟုတၻဴး။ သူ
ကံေကာင္းတာမဟုတ္ဘူး။ သူက အစတည္းက Plan႐ြိတာ။ အဲ့ဒါေၾကာင့္ စာသားထြင္းထားတဲ့ဘီးကို သူယူသြားတာေပါ့။ အကယ္ ၍ အဲ့ဒီဘုန္းႀကီးေက်ာင္းက မလိုခ်င္ရင္ေတာင္ အျခားေက်ာင္းတစ္ခုက လိုခ်င္မွာအေသအခ်ာပဲ လို႔
ေျပာလာပါတယ္။ တတိယလူက ဒါတင္မကေသးဘူးဗ်။ ေနာက္ေန႔ ကြၽန္ေတာ္ျပန္သြားၿပီး အဆင္ေျပရဲ႕လား သြားေမးတဲ့အခ်ိန္မွာဘုန္းႀကီးက သူ႔ေက်ာင္းကိုလာတဲ့သူေတြဟာ ဒီဘီးအေၾကာင္း ေဆြမ်ိဳး သားခ်င္း၊ သူငယ္ခ်င္းေတြကို ေျပာျပၿပီး ဒီ
ဘီးသတင္းဟာ နာမည္ႀကီးေနၿပီျဖစ္ေၾကာင္း၊ ဘုန္းႀကီးေက်ာင္းလာသူေတြလည္း ပိုမိုမ်ားျပားလာေၾကာင္း၊လူတိုင္းကလည္း ဘီးအေၾကာင္းပဲေမးေနေၾကာင္း၊ တစ္လအတြင္း ဘီးေတြကုန္သြားေတာ့မွာမို႔ ေနာက္ ထပ္ ထပ္ၿပီးမွာမည္ျဖစ္ေၾကာင္း ကြၽန္
ေတာ့္ကို ေျပာခဲ့ပါေသးတယ္လို႔ ေျပာျပလာပါတယ္။ င္ခန္းစာယူသင့္သည္မ်ား အလုပ္ေလွ်ာက္သူ အားလုံးဟာ မတူညီတဲ့ အရည္အခ်င္းကို ျပသခဲ့ပါတယ္။ ပထမလူက ဝယ္သူရဲ႕ လိုအပၡ္ကၠို ျဖည့္ဆည္းေပးႏိုင္ ျခင္းဆိုတဲ့
အေျခခံအ က္ဆုံး အခ္ကၠို အသုံးခ်ႏိုင္ခဲ့ပါတယ္။ ေခါင္းကုတ္ေနတဲ့ကိုရင္ေလးကိုပဲ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ ဒုတိယလူေကတာ့ ပထမလူထက္ အ ဆင့္နည္းနည္းျမင့္ပါတယ္။ ဘုန္းႀကီးက ဘီးမလိုတာကို သူသိပါတယ္။ ဒါေပမယ့္ ဘုန္းႀကီးအတြက္
ဘီးက အျခားတစ္ေနရာရာမွာ ဘယ္လိုအသုံးဝင္ႏိုင္ေၾကာင္း ေထာက္ျပႏိုင္ခဲ့ပါတယ္။တတိယလူကေတာ့ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ျပသခဲ့ပါတယ္။ တစ္ခါတည္းေတာင္မဟုတ္ဘူး၊ ထပ္ခါထပ္ခါေရာင္းရမယ့္ ေအနအထားကို သူ
ဖန္တီးႏိုင္ခဲ့ပါတယ္။ သူလုပ္ခဲ့တဲ့ ျဖစ္စဥ္မွာ ဘုန္းႀကီး၊ လာေရာက္ေသာဧည့္ သည္မ်ား၊သူကိုယ္တိုင္၊ အင္တာဗ်ဴးသူ စတဲ့သူေတြအားလုံးကို ေကာင္းက်ိဳးေပးႏိုင္ခဲ့ပါတယ္။ မိမိရဲ႕ေဖာက္သည္ကို ဘယ္ေတာ့မွ တစ္ခါသုံးေဖာက္သည္အျဖစ္ မ
ၾကည့္သင့္ပါဘူး။ ေစတနာပါပါ ႀကိဳတင္ျပင္ဆင္မႈရွိရွိနဲ႔ မိမိရဲ႕ေဖာက္သည္အျပင္ ထိုေဖာက္သည္ရဲ႕ အသိုင္းအဝိုင္း တစၡဳလုံး အက်ိဳးရွိမယ့္ အလုပ္မ်ိဳးလုပ္ႏိုင္ရင္ မိမိလည္း စိတ္ခ်မ္းသာႏိုင္မည္ျဖစ္ေၾကာင္းကို သူက ျပသခဲ့ပါတယ္။ မိမိရဲ႕ က်ိဳး
ေက်းဇူး တစ္ခုတည္းနဲ႔ စတင္လို႔မရပါဘူး။ မိမိပစၥည္း အသုံးျပဳသူရဲ႕ အသုံးဝင္မႈ၊ စိတ္ခ်မ္းသာမႈေတြကို ထည့္တြက္သင့္ပါတယ္။ မျဖစ္ႏိုင္ဘူးဆိုတာမရွိဘူး။ အၿမဲနည္းလမ္းရွိတယ္။ ေခါင္းေအးေအးနဲ႔ စဥ္းစားဖို႔ေတာ့ လိုအပ္ပါတယ္။
Credit မိုးရွင္း (I.M.T)

إرسال تعليق