တူရာတန်ရာပဲ မှန်းပါ
Sat, 2 Jul 2022 10:43 မြန်မာ မြင်ကွင်းစုံ
တစ်ခါက..ရာသီဥတုကြည်လင်သာယာတဲ့ နေ့လေးတစ်နေ့မှာ သိုးတစ်အုပ်ဟာ စားကျက်မြေမှာ အ စာစားရင်း၊ ဆော့ကစားရင်းနဲ့ အေး အေးလူလူရှိနေကြပါတယ်။ သိုးကျောင်းသားကတော့ အနားမှာ ရှိတဲ့ညောင်ပင်ရိပ်အောက်မှာ အနားယူအိပ်စက်နေပါ
တယ်။အဲ့ဒီအချိန်မှာပဲ သိန်းငှက်တစ်ကောင်ဟာ ကောင်းကင်ဆီကနေ တဟုန်ထိုးဆင်းလာပြီး သိုး ငယ်လေးတစ်ကောင်ကို မြဲမြံလှတဲ့ ခြေသည်းတွေနဲ့ အလစ် သုတ်ချီပြေးသွားတာ သိုးကလေးခမျာ အော်ချိန်တောင် မရလိုက်ပါဘူး။ အိပ်ပျော်နေတဲ့
သိုးကျောင်းသားတောင် ဘာမှတောင်မသိလိုက်ပါ ဘူး။ ဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရတာက သစ်ပင်ကြီးပေါ်မှာနားနေတဲ့ ကျီးကန်းပဲ ဖြစ်ပါတယ်။ကျီးကန်းဟာ လျင်မြန်သွက် လက်လှတဲ့ သိန်းငှက်ရဲ့သားကောင်ဖမ်းတဲ့နည်းဗျူဟာကို အင်
မ တန်မှ အားကျသွားပါတယ်။ သိန်းငှက်တောင် ဖမ်းနိုင်သေးရင် သူလည်း ဘာလို့မဖြစ်နိုင်ရမှာလဲလို့ တွေးလိုက်ပါတယ်။ ဒါနဲ့ သူလည်း သိန်းငှက်ရဲ့နည်းလမ်းကိုကျင့်သုံးပြီးသိုးဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ ချက်ချင်းပဲ ကျီးကန်းဟာသိုးအုပ်ထဲက သူ
ဖမ်းဖို့အကောင်ကို ရှာတော့ ကွေးနေတဲ့ ဦးချိုတွေရယ်၊ ထူ ထဲတဲ့အမွှေးတွေရယ်နဲ့ ကြီးမားတဲ့သိုးထီးကြီးတစ်ကောင်ကို ချက်ချင်းပဲ မျက်စိကျသွားတယ်။ ကျီးကန်းဟာ သိုးကြီးကိုကြည့်ပြီးစားချင်လွန်းလို့ သရေတောင်ကျလာပါတယ်။အဲ့ဒီနောက်
တော့ ကျီးကန်းဟာ သိုးထီးကြီးပေါ်ကို တိတ်ဆိတ်လျင်မြန်စွာ ထိုးဆင်းသွားတယ်။ ပြီးတော့ သိန်းငှက်လုပ်သွားတဲ့ပုံစံအတိုင်း သိုးရဲ့အမွှေးကို ဆုပ်ကိုင်ဖမ်းဆီးလိုက်တယ်။ “ ဒီ သိုးကြီး ကို ငါ့အသိုက်ဆီချီသွားမယ်” လို့ ကျီးကန်းက ရေရွတ်ရင်း အတောင်ပံ
တွေကို ဖြန့်ပြီး ပျံသန်းဖို့ အား ယူလိုက်တော့တယ်။ ဒါပေမဲ့ မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။ သိုးထီးက ကြီးမားလှတာကြောင့် ကျီး ကန်းရဲ့ အင်အားနဲ့ သယ်ယူဖို့ လေးလံလွန်းလှပါတယ်။ ကျီးကန်းဟာ ထပ်ခါထပ်ခါ ကြိုးစားပေမဲ့ မအောင်မြင်ပါဘူး။
ကျောပေါ်မှာ ကျီးကန်းရောက်နေမှန်းသိသွားတဲ့ သိုးထီးဟာ အလွန်စိတ်ဆိုးသွားတယ်။ငါ့ကိုယ်ပေါ်က အခုချက်ချင်းဖယ်စမ်း ” လို့ အော်ပြီး ကျီးကန်းကို ခါချဖို့ သိုးထီးက ကြိုးစား တယ်။အခြေအနေမကောင်းမှန်းသိသွားတဲ့ ကျီးကန်းဟာ သိုးထီးကို
ထားခဲ့ပြီး ပျံပြေးဖို့ ကြိုးစားလိုက် ပါတယ်။ ဒါပေမဲ့ သူ့ခြေသည်းတွေက သိုးထီးရဲ့ထူထဲလှတဲ့အမွှေးအမျှင်တွေကြားထဲမှာ ငြိနေပါပြီ။ ကျီးကန်းက အတောင်ပံတွေကို ဖြန့်ပြီး အားသွန်ခွန်စိုက်ကြိုးစားလေ၊ ခြေသည်းတွေက သိုးမွှေးထဲ ပိုနစ်ဝင်သွားလေ
ပါပဲ။“ ကယ်ကြပါဦး ” လို့ ကျီးကန်းက ကြောက်လန့် တကြားနဲ့ အော်တယ်။ ဒေါသပိုထွက်လာတဲ့ သိုးထီးဟာ အော်ဟစ်ပြီး သစ်ပင်ကြီးကို ပတ်ပြေးပါတော့တယ်။ ဆူညံနေတဲ့အသံတွေကြောင့် သိုး ကျောင်းသားကလည်း လန့်နိုးလာတယ်။ ပျံသန်းဖို့
ကြိုးစားနေတာ မအောင်မြင်ဘဲ အော်ဟစ်နေတဲ့ ကျီးကန်းနဲ့ ပတ်ပြေးနေတဲ့ သိုးထီးကို တွေ့တဲ့အခါမှာ သိုးကျောင်းသားက အခြေအနေကို သဘောပေါက်သွားပြီး ဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။ ရယ်လို့အားရတော့မှပဲ
သိုးကျောင်းသားက သိုးထီးကို ရပ်တန့်ခိုင်းလိုက်တယ်။ ပြီးတော့ ကျီးကန်းကို လက်တစ်ဖက်ကကိုင်၊ တစ်ဖက်က ကတ်ကြေးကိုင်ပြီး သိုးမွှေးနဲ့ကျီးခြေသည်းငြိနေတာကို သေချာညှပ်ပေးတယ်။“ ဟေး… ကျီးကန်းလေး မင်းဘယ်လိုလုပ်လိုက်တာလဲ” လို့
သိုးကျောင်းသားက ရယ်မောပြီး မေးတယ်။ ကျီးကန်းခမျာရှက်လွန်းလို့ မျက်နှာကို ဖွက်ထားတယ်။ အခုချိန်မှာ ကျီးကန်းရင်ထဲ အပြင်း ပြဆုံးဆန္ဒကတော့ သိုးကျောင်းသားလက်ထဲကနေ ထွက်ပြေးဖို့ပါပဲ။သိုးကျောင်းသားကတော့ ရယ်ရင်း
နဲ့ပဲ ကျီးကန်းကို လွှတ်ပေးလိုက်ပါတယ်။ မလွှတ်ခင်မှာ “ မင်းလည်း သိန်းငှက်တွေလိုဖြစ်ချင်ရင် မင်းခန္ဓာကိုယ်အရွယ်အစားနဲ့ ကိုက်ညီတဲ့တိရစ္ဆာန်ကိုသာ ချီသင့်တယ်ကွ ” လို့ အကြံပေးလိုက်ပါသေးတယ်။ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကို ထည့်မတွက်
ဘဲ တခြားသူလုပ်တိုင်း လိုက်လုပ်တာဟာ မိုက် ရူးရဲဆန်ရာကျပါလားဆိုတာ သင် ခန်းစာ ရလိုက်တဲ့ ကျီးကန်းကတော့ ရှက်ရွံ့စွာနဲ့ အဝေးကြီးကို တရှိန် ထိုး ပျံသန်းသွားတော့တယ်။
Credit – မူရင်း
Zawgyi ဖြင့်ဖတ်ပါ
တစ္ခါက..ရာသီဥတုၾကည္လင္သာယာတဲ့ ေန႔ေလးတစ္ေန႔မွာ သိုးတစ္အုပ္ဟာ စားက်က္ေျမမွာ အ စာစားရင္း၊ ေဆာ့ကစားရင္းနဲ႔ ေအး ေအးလူလူရွိေနၾကပါတယ္။ သိုးေက်ာင္းသားကေတာ့ အနားမြာ ရွိတဲ့ေညာင္ပင္ရိပ္ေအာက္မွာ အနားယူအိပ္စက္ေနပါ
တယ္။အဲ့ဒီအခ်ိန္မွာပဲ သိန္းငွက္တစ္ေကာင္ဟာ ေကာင္းကင္ဆီကေန တဟုန္ထိုးဆင္းလာၿပီး သိုး ငယ္ေလးတစ္ေကာင္ကို ၿမဲၿမံလွတဲ့ ေျခသည္းေတြနဲ႔ အလစ္ သုတ္ခ်ီေျပးသြားတာ သိုးေကလးခမ္ာ ေအာ္ခ်ိန္ေတာင္ မရလိုက္ပါဘူး။ အိပ္ေပ်ာ္ေနတဲ့
သိုးေက်ာင္းသားေတာင္ ဘာမွေတာင္မသိလိုက္ပါ ဘူး။ ဒီအျဖစ္အပ်က္ကို အစအဆုံးျမင္လိုက္ရတာက သစ္ပင္ႀကီးေပၚမွာနားေနတဲ့ က်ီးကန္းပဲ ျဖစ္ပါတယ္။က်ီးကန္းဟာ လ်င္ျမန္သြက္ လက္လွတဲ့ သိန္းငွက္ရဲ႕သားေကာင္ဖမ္းတဲ့နည္းဗ်ဴဟာကို အင္
မ တန္မွ အားက်သြားပါတယ္။ သိန္းငွက္ေတာင္ ဖမ္းႏိုင္ေသးရင္ သူလည္း ဘာလို႔မျဖစ္ႏိုင္ရမွာလဲလို႔ ေတြးလိုက္ပါတယ္။ ဒါနဲ႔ သူလည္း သိန္းငွက္ရဲ႕နည္းလမ္းကိုက်င့္သုံးၿပီးသိုးဖမ္းဖို႔ ဆုံးျဖတ္လိုက္တယ္။ ခ်က္ခ်င္းပဲ က်ီးကန္းဟာသိုးအုပ္ထဲက သူ
ဖမ္းဖို႔အေကာင္ကို ရွာေတာ့ ေကြးေနတဲ့ ဦးခ်ိဳေတြရယ္၊ ထူ ထဲတဲ့အေမႊးေတြရယ္နဲ႔ ႀကီးမားတဲ့သိုးထီးႀကီးတစ္ေကာင္ကို ခ်က္ခ်င္းပဲ မ်က္စိက်သြားတယ္။ က်ီးကန္းဟာ သိုးႀကီးကိုၾကည့္ၿပီးစားခ်င္လြန္းလို႔ သေရေတာင္က်လာပါတယ္။အဲ့ဒီေနာက္
ေတာ့ က်ီးကန္းဟာ သိုးထီးႀကီးေပၚကို တိတ္ဆိတ္လ်င္ျမန္စြာ ထိုးဆင္းသြားတယ္။ ၿပီးေတာ့ သိန္းငွက္လုပ္သြားတဲ့ပုံစံအတိုင္း သိုးရဲ႕အေမႊးကို ဆုပ္ကိုင္ဖမ္းဆီးလိုက္တယ္။ ဒီ သိုးႀကီး ကို ငါ့အသိုက္ဆီခ်ီသြားမယ္ လို႔ က်ီးကန္းက ေရ႐ြတ္ရင္း အေတာင္ပံ
ေတြကို ျဖန႔္ၿပီး ပ်ံသန္းဖို႔ အား ယူလိုက္ေတာ့တယ္။ ဒါေပမဲ့ ေမွ်ာ္လင့္သလိုျဖစ္မလာခဲ့ပါဘူး။ သိုးထီးက ႀကီးမားလွတာေၾကာင့္ က်ီး ကန္းရဲ႕ အင္အားနဲ႔ သယ္ယူဖို႔ ေလးလံလြန္းလွပါတယ္။ က်ီးကန္းဟာ ထပ္ခါထပ္ခါ ႀကိဳးစားေပမဲ့ မေအာင္ျမင္ပါဘူး။
ေက်ာေပၚမွာ က်ီးကန္းေရာက္ေနမွန္းသိသြားတဲ့ သိုးထီးဟာ အလြန္စိတ္ဆိုးသြားတယ္။ငါ့ကိုယ္ေပၚက အခုခ်က္ခ်င္းဖယ္စမ္း လို႔ ေအာ္ၿပီး က်ီးကန္းကို ခါခ်ဖို႔ သိုးထီးက ႀကိဳးစား တယ္။အေျခအေနမေကာင္းမွန္းသိသြားတဲ့ က်ီးကန္းဟာ သိုးထီးကို
ထားခဲ့ၿပီး ပ်ံေျပးဖို႔ ႀကိဳးစားလိုက္ ပါတယ္။ ဒါေပမဲ့ သူ႔ေျခသည္းေတြက သိုးထီးရဲ႕ထူထဲလွတဲ့အေမႊးအမွ်င္ေတြၾကားထဲမွာ ၿငိေနပါၿပီ။ က်ီးကန္းက အေတာင္ပံေတြကို ျဖန႔္ၿပီး အားသြန္ခြန္စိုက္ႀကိဳးစားေလ၊ ေျခသည္းေတြက သိုးေမႊးထဲ ပိုနစ္ဝင္သြားေလ
ပါပဲ။ ကယ္ၾကပါဦး လို႔ က်ီးကန္းက ေၾကာက္လန႔္ တၾကားနဲ႔ ေအာ္တယ္။ ေဒါသပိုထြက္လာတဲ့ သိုးထီးဟာ ေအာ္ဟစ္ၿပီး သစ္ပင္ႀကီးကို ပတ္ေျပးပါေတာ့တယ္။ ဆူညံေနတဲ့အသံေတြေၾကာင့္ သိုး ေက်ာင္းသားကလည္း လန႔္ႏိုးလာတယ္။ ပ်ံသန္းဖို႔
ႀကိဳးစားေနတာ မေအာင္ျမင္ဘဲ ေအာ္ဟစ္ေနတဲ့ က်ီးကန္းနဲ႔ ပတ္ေျပးေနတဲ့ သိုးထီးကို ေတြ႕တဲ့အခါမွာ သိုးေက်ာင္းသားက အေျခအေနကို သေဘာေပါက္သြားၿပီး ဟက္ဟက္ပက္ပက္ ရယ္ေမာေတာ့တယ္။ ရယ္လို႔အားရေတာ့မွပဲ
သိုးေက်ာင္းသားက သိုးထီးကို ရပ္တန႔္ခိုင္းလိုက္တယ္။ ၿပီးေတာ့ က်ီးကန္းကို လက္တစ္ဖက္ကကိုင္၊ တစၹကၠ ကတ္ေၾကးကိုင္ၿပီး သိုးေမႊးနဲ႔က်ီးေျခသည္းၿငိေနတာကို ေသခ်ာညႇပ္ေပးတယ္။ ေဟး က်ီးကန္းေလး မင္းဘယ္လိုလုပ္လိုက္တာလဲ လို႔
သိုးေက်ာင္းသားက ရယ္ေမာၿပီး ေမးတယ္။ က်ီးကန္းခမ်ာရွက္လြန္းလို႔ မ်က္ႏွာကို ဖြက္ထားတယ္။ အခုခ်ိန္မွာ က်ီးကန္းရင္ထဲ အျပင္း ျပဆုံးဆႏၵကေတာ့ သိုးေက်ာင္းသားလက္ထဲကေန ထြက္ေျပးဖို႔ပါပဲ။သိုးေက်ာင္းသားကေတာ့ ရယ္ရင္း
နဲ႔ပဲ က်ီးကန္းကို လႊတ္ေပးလိုက္ပါတယ္။ မလႊတ္ခင္မွာ မင္းလည္း သိန္းငွက္ေတြလိုျဖစ္ခ်င္ရင္ မင္းခႏၶာကိုယ္အ႐ြယ္အစားနဲ႔ ကိုက္ညီတဲ့တိရစာၦန္ကိုသာ ခ်ီသင့္တယ္ကြ လို႔ အႀကံေပးလိုက္ပါေသးတယ္။ကိုယ့္ဘဝ၊ ကိုယ့္အေျခအေနကို ထည့္မတြက္
ဘဲ တျခားသူလုပ္တိုင္း လိုကႅဳပၱာဟာ မိုက္ ႐ူးရဲဆန္ရာက်ပါလားဆိုတာ သင္ ခန္းစာ ရလိုက္တဲ့ က်ီးကန္းကေတာ့ ရွက္႐ြံ႕စြာနဲ႔ အေဝးႀကီးကို တရွိန္ ထိုး ပ်ံသန္းသြားေတာ့တယ္။
Credit မူရင္း

إرسال تعليق