အခုခေတ် 16 17 ဝန်းကျင်မိန်းကလေးတချို့က ရိုင်းတာကို ဂေါ်တယ်ထင်နေကြတယ်

အခုခေတ် 16 17 ဝန်းကျင်မိန်းကလေးတချို့က ရိုင်းတာကို ဂေါ်တယ်ထင်နေကြတယ်


ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားတာ ဘယ်ယောက်ျားလေးကမှ ကိုယ့်ကို တန်ဖိုးထားမှာ မဟုတ်ဖူး

အနားအားပေးတဲ့သူရှိကောင်းရှိလိမ့်မယ်
ဝိုင်းပြီး ပင့်ပေးနေတဲ့သူ ရှိကောင်းရှိလိမ့်မယ်

ကိုယ်ပေါင်းတဲ့ တခြားသူတွေကလဲ  အရမ်းဂေါ်နေတယ်လို့ တလွဲတွေးနေတဲ့သူတွေ ဖြစ်လိမ့်မယ် 

အောက်လုံးတွေပြောနေတဲ့ မိန်းကလေး 'တချို့' ကို အလွယ်ရမယ်လို့ ယောကျာ်းတိုင်းသိတယ်

ဘာရရ စားမယ်ဆိုတဲ့ကောင်တွေလောက်ပဲ ရလိမ့်မယ် ဒါကိုဆရာကျ တယ်ထင်နေရင်တော့မှားလိမ့်မယ်

သုတ်ကြောင်တွေကလွဲရင်ဘယ်သူမအထင်မကြီးဘူး 
ရုပ်ကလေးတွေနဲ့မှမလိုက်ကိုယ့်သိက္ခာကိုချနင်းနေတာကိုမမြင်ဘူး

အထာကျတယ် ဟုတ်လား
Sorry ပါလမ်းဘေးမှာပန်းရောင်းနေတဲ့ကလေးတောင်ယဉ်ကျေးမှုကို နားလည်တယ်
ကိုယ့်တန်ဖိုးကိုယ်သိပါ

ကိုယ့်အဖေ ကိုယ့်အမေ သိက္ခာ ပြန်စဉ်းစားတတ်ရင် အဖြေက ရှင်းရှင်းလေး...?

အတုယူမှားရင် ပြင်ပါ
ကိုယ့်ထက်ရင့်ကျက်တဲ့သူတွေနဲ့ ပေါင်းပါ
အရိုင်းအစိုင်းတောတဲကနေအပြင်အလင်းကိုထွက်ကြည့်ပါ
ကိုယ့်တန်ဖိုးကိုယ်နားလည်တတ်ပါစေ
နောင်တဆိုတာ နောက်ကျသွားရင် ဒီစော်က လွယ်လွယ်လေးပါကွာဆိုတဲ့ဆိုတဲ့ စကားက နာမည်နောက်တွဲလုံးဖြစ်သွားလိမ့်မယ် 

မုန်းလဲမတတ်နိုင်ဘူးဗျာ 
တချို့မိန်းကလေးတွေကို ပြင်စေချင်တာ အမှန်ပဲ။ 

Credit.
#ခွန်အားဖြစ်စေသောစာများ

Post a Comment

Previous Post Next Post

Comments