ဘဝသစ် စပါ

ဘဝသစ် စပါ 
=========


ပြန်မရတဲ့ အတိတ်တွေကို 
တမ်းတ မနေပါနဲ့
ဘဝသစ် စပါ။

ရင်နာစရာတွေ ကို ထွေးပွေ့မထားပါနဲ့ 
ဘဝသစ် စပါ။

နာကျင်စရာတွေကို ပစ်ထုတ်ပြီး
ဘဝသစ် စပါ။

မဖြစ်နိုင်တာတွေကို မမျှော်လင့်ပါနဲ့ 
ဘဝသစ် စပါ။

ဘဝသစ် စပါ
မဖြစ်နိုင်တာတွေ မရနိုင်တာတွေကို 
တောင်းတနေရင် ဘဝအပျက်ခံတော့မလို့လား...?

လောကကြီးကို အရှုံးပေးတော့မလို့လား...?

လောကဓံတရားကို ရင်ဆိုင်ဖို့
ကြောက်ရွံ့နေပြီးလား...?

အရာအားလုံးကို မေ့ထားပြီး
ဘဝသစ် စပါ။

မင်းလုပ်နိုင်ပါတယ်
နာကျင်စရာတွေ ကို မင်း မေ့နိုင်ပါတယ်။

အတိတ်တွေကိုလည်း
မင်း မေ့ပစ်နိုင်ပါတယ်
ခံစားမှု့တွေကိုလည်း
မင်း မျက်ကွယ်ပြုနိုင်ပါတယ်။

တစ်လောကလုံးက 
မင်းကို ပစ်ပယ်ထားရင်တောင်
မင်းကိုယ်မင်းတော့ ချစ်တက်ရမယ်။

မင်းဘဝကို ပြုပြင် ပြောင်းလဲတက်ရမယ်။
လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး
မှားမှန်သိလို့ နောက်ပြန်လှည့်ပြီး
ပြောင်လဲရမှာက မင်းတာဝန်ပဲ။

မှားခဲ့တဲ့ အမှားတွေကို ခေါက်ထားလိုက်ပါ
လမ်းမှန်လျှောက်ပြီး 
ဘဝအသစ် ပြန်စလိုက်ပါ။

ဘဝသစ် စပါ
မနက်ဖြန်က စလို့
မင်းဘဝကို အရင်ကထက်
ပိုပြီး ကောင်းမွန်အောင် နေပါ။

ငိုခဲ့တဲ့ အချိန်တွေ ကုန်လွန်ပြီမို့
ပျော်ရွှင်ရမဲ့ အလှည့်မှာ
ဘဝသစ် နဲ့ ဖြတ်သန်းပါ....။

    ဘဝသစ် ပြန်စပါ....။

#ℂ𝕣𝕖𝕕𝕚𝕥_𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝_𝕎𝕣𝕚𝕥𝕖𝕣

Post a Comment

Previous Post Next Post

Comments