2023 စကားလက်ဆောင်

2023 စကားလက်ဆောင်
   



၁။ အတိတ်က အဆိပ်တွေကို ထုတ်ခဲ့ပါ။ 
    (လူတိုင်းက အမှားနဲ့ မကင်းကြဘူး။) 

၂။ ပစ္စုပ္ပန်မှာ တန်ဖိုးရှိစွာ ရှင်သန်ပါ။
    (ယခုလက်ရှိအချိန်က အသေချာဆုံးနဲ့  
    တန်ဖိုးအရှိဆုံးပဲ။) 

၃။ မိဘတွေကို အရင်ကထက် ပိုချစ်ပါ။
    (မရှိတော့ရင် အစားထိုးလို့ မရဘူး။) 

၄။ ပျော်ရွှင်ရီမောဖို့ မမေ့ပါနဲ့။ 
    (ဒုက္ခမိုးတွေက ကိုယ်တစ်ယောက်ထဲကိုမှ
    ကွက်ရွာချတတ်တဲ့ ကွက်ကြားမိုး မဟုတ်ဘူး။) 

၅။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ကျေနပ်စွာ လက်ခံပါ။
    (သူက သူ/ ကိုယ်က ကိုယ်ပါပဲ။) 

၆။ နဂိုအပူထက် အပိုအပူတွေ မယူမိပါစေနဲ့။ 
   (ဘဝက တိုတောင်းလွန်းတယ်။) 

၇။ ကုသိုလ်ပြုဖို့ အချိန်ပေးပါ။ 
    (ကုသိုလ်က နုပျိုစေတယ်။) 

၈။ စာဖတ်ပြီး ကမ္ဘာပတ်(ခရီးထွက်)ပါ။  
    (သက်မဲ့အရာတွေထဲမှာ စာပေက သစ္စာအရှိဆုံးပဲ။) 

၉။ လူတွေရှေ့မှာ သိပ်မပွင့်လင်းပါနဲ့။ 
    (ကွယ်ရာကျ မဲ့ကာပြတဲ့သူတွေက များတယ်။) 

၁၀။ ကိုယ့်အကြောင်း ကိုယ်သိအောင်လုပ်ပါ။
      (များသောအားဖြင့် လူတွေက သူများအကြောင်းပဲ  သိအောင် ကြိုးစားပြီး ကိုယ့်အကြောင်းကို ဘာမှ မသိပဲ ကြွေလွင့်သေဆုံးသွားကြတာ များတယ်။) 

ကဲ!!
ခေတ်ကာလက ရောဂါတွေပို အသက်တွေတိုလာပြီ၊ 
ဘယ်လောက်နေရမလဲမသိတဲ့ နောက်ဆုံးလက်ကျန်
နေ့ရက်လေးတွေမှာ ဘယ်သူကိုမှ မထိခိုက်ဘဲ 
ကိုယ်လိုချင်တာကို ရနေသလိုမျိုး ဘဝကို လွတ်လပ်
ပေါ့ပါးပျော်ရွှင်စွာနဲ့ ရီမောနေထိုင်သွားကြရအောင်။ 

Credit:

Post a Comment

Previous Post Next Post

Comments