ဘယ်သူ့မှမလိုပဲကိုယ့်ဘာသာ ရှင်သန်ကြည့်❤💛🤍
ပင်ပန်းတဲ့အခါ အိပ်ရာခင်းကိုပွေ့ဖက်
မပျော်ရွှင်တဲ့အခါ သဘာဝနှင့်လက်ထပ်
ပတ်ဝန်းကျင်ကို နမ်းရှိုက်
အဖော်မဲ့တဲ့အခါ စာအုပ်တွေကို ဆုပ်ကိုင်
နှစ်သက်တာတွေ ဖမ်းဆုပ်
နာကျင်တဲ့အခါ မေ့လျော့တတ်မှုနှင့် အချိန်
ဖြုန်း အသစ်စတင်ခြင်းတွေ လက်ခံ
ကြောက်ရွံ့တဲ့အခါ အသံကို ကျယ်လောင်
မသိစိတ်ကို ရဲရင့်
ဒေါသထွက်တဲ့အခါ အပြုံးကို ကွေးမတ်
အပြစ်တင်ခြင်းကို ဖြေဖျောက်
တစ်ကယ်တော့ ဘဝဆိုတာ ခရီးရှည်တစ်ခု
ဒီထဲမှာ ကိုယ်နဲ့ရင်ဘတ်ချင်းနီးသူတွေ
အနည်းနဲ့အများတော့ ရှိနိုင်ပေမဲ့
တစ်ကယ်တမ်းလက်တွေ့မှာ ကိုယ်နဲ့ခရီး
လမ်း အဆုံးထိတူတူသွားမယ်ဆိုပြီးတော့
ဘယ်သူမှအာမခံချက်မရှိသလို
ကိုယ့်ဘေးမှာ နားထောင်မှုကောင်းတဲ့ နားတစ်စုံဆိုတာ ရေရှည်ရှိဖို့မလွယ်ပါဘူး။
ဒါ့ကြောင့် သင်မှတ်ထားဖို့က ကိုယ့်ဘေးမှာ ဘယ်သူမှမရှိတဲ့အခါ ကိုယ့်ဘာသာပဲ
လှပစွာရှင်သန်ပါ။
ဘယ်သူမှ မလိုအပ်ပါစေနဲ့။
oo chay (8.11.18)
( ဦးချေရဲ့သင်ဖတ်ဖို့ စာအုပ်မှ တစ်ချို့
ကို ကူးယူဖော်ပြသည်)

Post a Comment