Be who you are. ကိုယ့်ပုံစံအတိုင်းပဲနေပါ။

Be who you are.
ကိုယ့်ပုံစံအတိုင်းပဲနေပါ။


📍အင်္ဂလိပ်စာလည်းလေ့လာ၊ ဘဝနေထိုင်မှုအတွက် ဆင်ခြင်စဥ်းစားစရာလေးတွေလည်း ရစေချင်လို့ မှတ်ထား၊ စုထားတဲ့ စာတိုပေစလေးများကို ဘာသာပြန်ပေးလိုက်ပါတယ်။

You are  not everyone's cup of tea.
သင့်ကို လူတိုင်းကတော့ ကြိုက်မှာမဟုတ်ဘူး။

The world is filled with people who, no matter what you do, no matter how  you try, will simply not like you. 
သင်ဘာကိုပဲလုပ်လုပ်၊ ဘယ်လောက်ပဲကြိုးစားပါစေ သင့်ကိုမကြိုက်မယ့်လူတွေက လောကကြီးမှာ ဒုနဲ့ဒေးပဲ။

But the world is also filled with those who will love you fiercely. 
သို့သော် လောကကြီးမှာ သင့်ကို အလွန်ချစ်ကြသူတွေလည်း အပြည့်ပါပဲ။

The ones who love you: they are Your People.
သင့်ကိုချစ်ခင်ကြသူတွေဟာ သင့်ရဲ့လူတွေပေါ့။

Don't waste your finite time and heart trying to convince the people who aren't your people that you have value. They will miss it completely.
သင့်ကိုသဘောမကျသူတွေကို သင့်ရဲ့တန်ဖိုးကို သက်သေပြဖို့ ကိုယ့်ရဲ့ ရှားပါးတဲ့အချိန်နဲ့ စိတ်နှလုံးကို မဖြုန်းတီးပစ်ပါနဲ့။ သူတို့မြင်ကြမှာ မဟုတ်ဘူး။

They won't buy what you are selling. 
သင်လုပ်ပြသမျှ သူတို့ယုံမှာမဟုတ်ပါဘူး။

Don't try to convince them to walk your path with you
because you will only waste your time and your
emotional good health. 
သင်နဲ့အတူ သင်ယုံကြည်ရာလမ်း အတူလျှောက်လှမ်းဖို့လည်း သူတို့ကို စိတ်ဝင်စားလာအောင်မကြိုးစားနဲ့၊ ကိုယ့်အချိန်နဲ့ စိတ်ချမ်းသာမှုတွေပဲ အလဟဿ ဖြစ်သွားလိမ့်မယ်။

You are not for them and they are not for you. You are not their cup of tea and they are not yours.
သင်နဲ့ သူတို့နဲ့ဟာ တစ်ထပ်တည်းမကျနိုင်ပါဘူး။ သင့်ကို သူတို့က သဘောမကျသလို သင့်စိတ်ထဲလည်း သူတို့အပေါ်ဒီလိုပဲရှိမှာလေ။

Politely wave them aside and you move on as
well. 
သူတို့ကို ယဥ်ကျေးစွာနဲ့ပဲမသိကျိုးကျွန်ပြုလိုက်ကာ ကိုယ့်လမ်းကိုယ်ဆက်သွားပါလေ။

Seek to share your path with those who recognize and appreciate your gifts, who you are.
သင့်ရဲ့ တန်ဖိုးအစွမ်းအစတွေကို သိပြီး တန်ဖိုးထားတဲ့သူတွေနဲ့သာ သင့်ရဲ့ ဘဝခရီးမှာ အတူတကွသွားကြပါ။

Be who you are. You are not everyone's cup of tea and that is OK.
ကိုယ့်ပုံစံနဲ့သာ ကိုယ်နေပါ။ သင့်ကို လူတိုင်းကတော့ သဘောမကျနိုင်ဘူး၊ ဒါဟာလည်း ပြဿနာမဟုတ်ပါဘူး။

With love,
Dr.Soe Than

Post a Comment

Previous Post Next Post

Comments