Certain ဆိုတိုင်း သေချာတာလား

Certain ဆိုတိုင်း သေချာတာလား


Certain (adjective) ဟာ sure, positive သေချာသော၊ ကျိန်းသေသော ဆိုတဲ့အဓိပ္ပာယ်ဆိုတာကို အားလုံးသိကြမှာပါ။

📍It is certain that my father will buy me a new car.
အဖေ ငါ့ကို ကားအသစ်ဝယ်ပေးမှာ သေချာပါတယ်။

📍The food is terrible. One thing is certain - I will never come back to this restaurant.
အစားအသောက်ကလည်း ဆိုးလိုက်တာ။ သေချာတာတစ်ခုကတော့ ငါ ဒီစားသောက်ဆိုင်မှာ နောက်ဘယ်တော့မှ လာမစားတော့ဘူး။

📍You should make certain that every student understands the questions.
ကျောင်းသားတိုင်း မေးခွန်းတွေကို နားလည်အောင် သေသေချာချာလုပ်ပါ။

သို့သော် certain မြင်တိုင်း သေချာတယ်လို့ ဘာသာပြန်လို့မရပြန်ဘူး။
certain မှာ အတိအကျ ပွင့်ပွင့်လင်းလင်းမပြောချင်လို့ some ဆိုတဲ့သဘောနဲ့ မရေမရာပြောတဲ့ အဓိပ္ပာယ်လည်းရှိသေးတယ်။ အကြောင်းပြချက်ကို ပေးတော့ပေးတယ်၊ သို့သော် ဘာ့ကြောင့်လို့တော့ အတိအကျမပြောတာမျိုး။ အောက်က နမူနာဝါကျလေးတွေကို ဖတ်ကြည့်ပါ။

📍We have certain reasons for our decision, which have to remain confidential.
ငါတို့ ဒီလိုဆုံးဖြတ်လိုက်ရတာ အကြောင်းရှိပါတယ်၊ သို့သော် ဒီအကြောင်းပြချက်တွေကို ထုတ်ပြောလို့မဖြစ်ပါ။
ဆိုတော့ကာ certain reasons ဟာ ဒီဝါကျထဲမှာ တိကျသေချာသော အကြောင်းပြချက်များလို့ အဓိပ္ပာယ် မယူရပါဘူး။ some reasons လို့သာ ယူရပါတယ်။ ဖွင့်မပြောပြချင်တဲ့ အကြောင်းပြချက်တွေဆိုတဲ့သဘော။

📍I'm afraid that certain members of the committee disagreed with your proposal.
ကော်မတီအဖွဲ့ဝင်အချို့က မင်းရဲ့အဆိုပြုချက်ကို သဘောမတူကြပါဘူး။ 
ဒီမှာလည်း certain members ဆိုတာ ဘယ်သူရယ်လို့ အတိအကျမပြောဘူး။

နောက်အသုံးတစ်ခုရှိသေးတယ်။ a certain something (noun) ဆိုတာပဲ။ ဒါကိုလည်း တိကျသောလို့ ဘာသာမပြန်ရဘူး။ "ဘာမှန်းမသိ၊ ဘယ်လိုပြောရမှန်းမသိ၊ ဘာရယ်လို့ အတိအကျပြောရခက်တဲ့" စသည့် အဓိပ္ပာယ်တွေ ရပါတယ်။ နမူနာဝါကျလေးဖတ်ကြည့်ပါ။

📍The new singer's voice has a certain appeal, but I'm not sure what it is.
အဆိုတော်အသစ်လေးရဲ့ အသံဟာ နားထောင်သူကို ဖမ်းစားစေနိုင်/စွဲသွားစေနိုင်တဲ့ အစွမ်းရှိတယ်၊ ဘာလဲလို့တော့ အတိအကျပြောဖို့ခက်သား။
ဟုတ်ပြီနော်၊ a certain appeal, a certain quality ကောင်းတော့ကောင်းတယ်၊ ဘာရယ်လို့ ပြောပြဖို့တော့ခက်တယ် ဆိုတာမျိုး။

ဒါ့ကြောင့်မို့ certain ဟာ "သေချာသော"ဆိုတဲ့ အဓိပ္ပာယ်အပြင် အသေအချာမပြောတဲ့ အဓိပ္ပာယ်ပါရှိတယ် ဆိုတာလေးကို သတိထားမိအောင် ဒီ post လေးကို ရေးလိုက်ရပါတယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

Previous Post Next Post

Comments