Blockbuster ဆိုတာ

🔰Blockbuster ဆိုတာ တစ်ချိန်တုန်းက အင်မတန်မှ အောင်မြင်ခဲ့တဲ့ ဗွီဒီယို DVD ခွေဌားလုပ်ငန်းကြီးပေါ့။ 2004 ခုနှစ်မှာ ခွေဌားဆိုင်ပေါင်း ၉၀၉၄ ဆိုင်ရှိခဲ့တယ်။ ဝန်ထမ်းပေါင်း ၈၄၃၀၀ ကျော်ရှိခဲ့တယ်။ ဝန်ထမ်းပေါင်း ရှစ်သောင်းကျော်ဆိုတာ မနည်းဘူး။ ဝင်ငွေအနေနဲ့ 2010 တစ်နှစ်ထဲကိုပဲ ဒေါ်လာသန်းပေါင်း ၃၂၄၀ ( ၃.၂၄ ဘီလီယံ) အထိ ဝင်ငွေကောင်းခဲ့တဲ့လုပ်ငန်းဖြစ်ခဲ့တယ်။ 
ဗွီဒီယိုခွေဌားခ ကို ရက်ကြေးနဲ့ ကောက်ခံတယ်။ ခွေဌားပြီး တစ်ရက်လွန်သွားရင်လဲ ရက်လွန်ကြေးပေးရတယ်။ 


🔰Netflix ဆိုတဲ့ အင်တာနက်ကို အသုံးပြုပြီး ဗွီဒီယိုကြည့်လို့ရတဲ့ လုပ်ငန်းပေါ်လာတယ်။ အခကြေးငွေ ကောက်ခံတဲ့ပုံစံ က ကြိုက်သလောက်ကြည့် လစဉ်ကြေးပဲပေးဆိုတဲ့ပုံစံ နဲ့ကောက်ခံတယ်။ လစဉ်ကြေးကလဲ Blockbuster ဗွီဒီယိုခွေ (၁) ခွေစာလောက်ပဲကုန်ကျစားရိတ်ရှိတယ်။ ဒါပေမယ့် လူအများနဲ့သွားတယ်။ 2017 တစ်နှစ်တည်းမှာ ပဲ ကြည့်သူဦးရေ သန်း ၁၁၀ ရှိတယ်။ 

Blockbuster ခွေဌားဆိုင်တွေမှာ ခွေဌားသူတွေနည်းလာတယ်။ လိုက်မပြောင်းဘူး။ 2010 မှာ Blockbuster ဒေဝါလီခံသွားတယ်။ 

ကိုယ့်လုပ်ငန်းမှာ အခ ကြေးငွေ ကို ဘယ်လိုကာက်ခံသလဲ ဆိုတာ အရေးကြီးတယ်။ 

အခကြေးငွေကောက်ခံတဲ့ပုံစံလေးပြောင်းလိုက်တာနဲ့  လုပ်ငန်း ရဲ့ အရောင်းဝင်ငွေ နဲ့ အနာဂတ်ကိုပြောင်းလဲနိုင်စွမ်းရှိတယ်။ 

⭐ကောက်ခံနိုင်တဲ့ပုံစံ (၇) မျိုးရှိတယ်။ ⭐
        ***********************

✨၁။ *Auction* - လေလံပစ်ပြီး ရောင်းတာ။ ကောင်းတာက လိုအပ်ချက်အလိုက်၊ ရှားပါးမှုအလိုက် ဈေးကောင်းရနိုင်သလို ၊ဈေးကွက်လိုအပ်ချက် ကြီးရင် ကြီးသလို ဈေးဖြစ်နိုင်တယ်။ အားနည်းချက်က ပစ္စည်း က လိုအပ်ချက်အတိုင်း ဖြည့်ဆည်းဖို့မဖြစ်နိုင်ပဲ တစ်ကြိမ်တစ်ခါ သာ ရောင်းဖို့ပဲ ဖြစ်နိုင်တယ်။ 

✨၂။ *Fixed  Price* - ဘူဗေး လိုပေါ့။ ဘယ်လောက်စားစား၊ ဘယ်လောက်သုံးသုံး ပုံသေ ကုန်ကျစားရိတ်ရှိမယ်။ သုံးစွဲမှု များတဲ့ စားသုံးသူတွေ အတွက်တန်တယ် ဆိုတဲ့ ခံစားမှု မျိုးရစေတယ်။ သုံးစွဲမှု ကို မြင့်တက်စေတယ်။ အလဟသ ဖြစ်မှု တွေ လဲ များနိုင်တယ်။ 

✨၃။ *Pay as you go* - ကျသလောက်ရှင်းပေါ့။ Amazon AWS, Salesforce စသည့်  လုပ်ငန်းကြီးတွေ လုပ်ကြတယ်။ စားသုံးသူဘက်ကကြည့်ရင် သဘာဝကျဆုံး လို့ပြောလို့ရတယ်။ 

✨၄။ *Licensing* - တစ်ခါတည်း ပုဒ်ပြတ် ဈေးနှုန်း ကောက်ခံတာမျိုးမဟုတ်ပဲ သုံးစွဲတဲ့သူရှိရင် ရှိသလောက် ကို Royalty fee ပေးနိုင်တဲ့ လိုင်စင် ချပေးတာမျိုးပေါ့။ အသုံးပြုသူများမှ ဖြစ်မယ်။ ဒါမှလဲ ဝင်ငွေ ရနိုင်မယ်ပေါ့။ 

✨၅။ *Performance-based* - ဥပမာ Google က Pay-per-click ကို လုပ်လိုက်သလိုမျိုးပေါ့။ ကြော်ငြာလောက မှာ တစ်ခါကြော်ငြာရင်ဘယ်လောက်ဆိုပြီး ကြည့်သူရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ကုန်ကျစားရိတ်ကို တောင်းကြတယ်။ Google က ကြည့်တဲ့သူထဲက တစ်ယောက်ပဲ နိပ်ရင် တစ်ယောက်စာကိုပဲ ပေးပါဆိုပြီး လုပ်လိုက်တယ်။ နောက်ထပ်ဥပမာ က ရှေ့နေ လောက မှာ လုပ်ကြသလိုပေါ့ No Win No Fee အမှုမနိုင်ရင် ပိုက်ဆံ မပေးနဲ့ဆိုသလိုမျိုးပေါ့။ 

✨၆။ *Razor and blade* - ဥပမာ.. Razor မှာ အမြတ်မယူထားပဲ Blade ဝယ်တဲ့နေရာမှာ ပဲ အမြတ်ယူထားပြီးရေရှည်ရောင်းသလိုပေါ့။ Telecom တွေလုပ်တယ်။ Printer ကုမ္မဏီတွေလုပ်တယ်။ paypal ဆိုရင် initial မှာ အရှုံးခံပြီးတောင် အကောင့်ဖွင့်ရင် $5 ပေးပြီး လုပ်တယ်။ 

✨၇။ *Subscription* - ဥပမာ Dropbox , Netflix  ဒီနောက်ပိုင်းမှ ပေါ်လာတဲ့ ပုံစံမျိုးပေါ့။ နှစ်ဦးနှစ်ဘက်လုံးအတွက်ကောင်းတယ်။ စားသုံးသူအတွက်လဲ ကုန်ကျစားရိတ်ကို ထိန်းချုပ်နိုင်တယ်။ လုပ်ငန်းဘက်ကလဲ ဝင်ငွေ ခန့်မှန်းနိုင်တယ်။ 

ဘယ်လိုပုံစံက အကောင်းဆုံး ရယ်လို့မရှိဘူး။ အကောင်းအဆိုး၊ အကျိုးအပြစ် ရယ်လို့ပုံစံတိုင်းမှာ ရှိတယ်။ 

ကိုယ့်လုပ်ငန်း က ဘယ်လိုပုံစံ နဲ့သွားမလဲ ၊ ကောက်ခံမလဲ ဆိုတာကို လုပ်ငန်းရှင် တစ်ယောက်အနေနဲ သေချာဆုံးဖြတ်ဖို့လိုတယ်။ 

မဟုတ်ရင် .. အဲဒီ ပထမ ခြေလှမ်းက စပြီး မှားရင် .. သွားပြီပဲ။ 

#မာသင်
In Search of Impactful Existence

Post a Comment

Previous Post Next Post

Comments