ဒီဇင်ဘာ .. သိပ်မကြာခင် နှစ်သစ်ရောက်တော့မယ်။ နှစ်သစ်မှာ ..

ဒီဇင်ဘာ .. သိပ်မကြာခင် နှစ်သစ်ရောက်တော့မယ်။ 
နှစ်သစ်မှာ .. 


ပန်းတိုင် ကိုမေ့ထားပြီး .. ရည်မှန်းချက် ကို ကြိုးစားပါ။ 

🚩ပန်းတိုင် ဆိုတာ ဒီနှစ် "စာအုပ် ၅၀ အုပ်" ဖတ်ပြီးဖို့။ 

⭐ရည်မှန်းချက်က "စာဖတ်သူ" တစ်ယောက် ဖြစ်လာစေဖို့။ 

ပန်းတိုင်ထားရင် .. အုပ် ၅၀ ပြည့်ဖို့ပဲ စိတ်လောနေမယ်။ နှစ်ကုန်လို့၄၉ အုပ်ဖတ်ပြီးရင်အောင် ကိုယ့်ကိုယ်ကို ကျေနပ်မိမှာမဟုတ်ဘူး။ 

ရည်မှန်းချက်ထားရင်.. မလောဘူး၊ စာဖတ်သူ တစ်ယောက်ဖြစ်ဖို့က နေ့တိုင်းဖတ်နေဖို့ပဲ လိုတယ်။ ၃၆၅ ရွက်ပဲ ဖတ်ပြီးလို့ အိုင်ဒီယာပေါင်း ၃၆၅ ခုပဲ ရဦးတော့ ကျေနပ်တယ်။ 

လက်တွေ့ဘဝမှာ .. 

စာအုပ်တစ်အုပ်ပြီးအောင်ဖတ်မယ် ဆိုတာထက် .. စာဖတ်သူတစ်ယောက်ဖြစ်လာစေရမယ် ဆိုတာ ပိုအလုပ်ဖြစ်တယ်။ တောင်းဆိုချက်မမြင့်ဘူး၊ နေ့တိုင်းလုပ်ဖို့ပဲ။ နေ့တိုင်းဖတ်နေဖို့ပဲ။ 

နေ့တိုင်း စာဖတ်သူတစ်ယောက်အတွက် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ဖတ်ပြီးတာပါပဲ။ 

ဆယ်တန်းအောင်ဖို့ စာကျက်တာ ထက်..  နေ့စဉ်စာကျက်သူ၊ စာဖတ်သူ တစ်ယောက်ဖြစ်ဖို့လိုတယ်။ 

ဒါကြောင့် process ကို ဂရုစိုက်။  လုပ်ဖြစ်အောင်လုပ်။ Result ရလဒ်တွေရလာလိမ့်မယ်။ 

ရလဒ်တွေပဲ ဂရုစိုက်နေရင် ... Process ပျက်သွားလိမ့်မယ်။ 

Process ပျက်သွားရင် ..  Target ပြည့်လို့ Result ရလဒ်ထွက်ရင်တောင် ပုံမကျ ပန်းမကျ ရလဒ်ပဲဖြစ်လိမ့်မယ်။ 

💠စာတစ်အုပ်ပြီးဖို့ထက် .. ငါ စာဖတ်သူ တစ်ယောက်ဖြစ်ရမယ် လို့ရည်မှန်းချက်ထားပါ။ 

💠ပေါင် ၃၀ လောက်ဝိတ်ကျရမယ် ဆိုတာထက်.. ငါ ကျန်းမာရေးလိုက်စားသူ တစ်ယောက်ဖြစ်ရမယ် လို့ရည်မှန်းချက်ထားပါ။ 

💠Target ပြည့်အောင် ရောင်းရမယ် ဆိုတာထက်.. ငါ အရောင်းသမားတစ်ယောက် ဖြစ်ရမယ် လို့ရည်မှန်းချက်ထားပါ။ 

💠ငါလုပ်တဲ့အလုပ် အောင်မြင်ရမယ် ဆိုတာထက်.. ငါ ဆိုတာအလျော့မပေးအလုပ်ကြိုးစားသူ တစ်ယောက်ဖြစ်ရမယ်လို့ရည်မှန်းချက်ထားပါ။ 

ရည်မှန်းချက် မှန်ရင်  ခံယူချက် (Identity) ကို ဖြစ်စေတယ်။ 

✔ အလုပ်ကြိုးစားသူသူ လို့ခံယူထားသူတစ်ယောက်အတွက် အလုပ်တွေ တစ်ခုပြီးတစ်ခု ကြိုးစားနေဦးမှာပါပဲ။ 

✔ အရောင်းသမား လို့ခံယူထားတဲ့လူတစ်ယောက်အတွက် တစ်ခုမဟုတ်တစ်ခုကို အမြဲ ရောင်းနေမှာ ပါပဲ။ 

✔ စာရေးဆရာ လို့ခံယူထားတဲ့လူတစ်ယောက်အတွက် တစ်ပုဒ်ပြီး တစ်ပုဒ် အမြဲ ရေးနေဦးမှာပါပဲ။ 

✔ စီးပွားရေးသမား လို့ခံယူထားတဲ့လူတစ်ယောက်အတွက် လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု လုပ်နေဦးမှာပါပဲ။ 

တစ်ခု ပြီး တစ်ခု ကြိုးစားနေသူတစ်ယောက် ဆိုမှ တော့ .. တစ်နေ့မဟုတ်တစ်နေ့ အောင်မြင်တာ မြေကြီးလက်ခတ်မလွဲ ပါပဲဗျာ။ ။ 

#မာသင်
In Search of Impactful Existence

Post a Comment

Previous Post Next Post

Comments