ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကား

🔰 ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ပြသထားတဲ့ Louvre ပြတိုက် ထဲမှာ ပန်းချီကားပေါင်း (၃၅ ၀၀၀) ရှိတယ်။ ခရစ်တော်မပေါ်မီ ၆ ရာစု က စပြီး ၁၉ ရာစု ထိ ရှေးဟောင်းအီဂျစ်လက်ရာ၊ ရှေးဟောင်းဥ ရောပ ပန်းချီလက်ရာမျိုးစုံ ကို ခန်းမကြီး (၈) ခု ခွဲပြီးပြသထားတယ်။ 


🔰ထူးခြားတာက အခန်းကြီး (1) ခန်းထဲမှာ ..တစ်ခန်းတည်းမှာပဲ လူတွေပြည့်နေတယ်။ လာရောက်ကြည့်ရူ့သူအများစု က ၂၁ x ၃၀ လက်မ သာရှိပြီး ကျည်ဆံမဖောက်နိုင်တဲ့မှန်ထူထူရဲ့နောက်မှာ ထဲ့ထားတဲ့ "မိုနာလီဇာ အပြုံး" ဆိုတဲ့ ပန်းချီကားရှေ့ မှာ တိုးဝှေ့ပြီး အလုအယက် ဓာတ်ပုံရိုက်နေကြတယ်။ 

🔰ပြတိုက်ထဲမှာ ဒီလောက်များတဲ့ ပန်းချီကားတွေ ရှိတာ ...  လက်ရာမြောက်တဲ့ ပန်းချီကားတွေလဲအများကြီးပဲ၊ ရှေးဟောင်းကျတဲ့ ပန်းချီကားတွေလဲအများကြီးပဲ၊ သေသေချာချာ အနီးကပ်ကြည့်လို့ရတဲ့ ပန်းချီအနုပညာတွေလဲအများကြီး ရှိလျက်နဲ့ 
ဘာဖြစ်လို့ ဒီလို မှန်ထူထူထဲမှာ ထဲ့ထားပြီး သေချာတောင်မမြင်ရတဲ့ "မိုနာလီဇာ" ပန်းချီကားရှေ့မှာ တိုးဝှေ့ကြည့်နေကြတာလဲ ❓

အကောင်းဆုံး လက်ရာဖြစ်နေလို့လား❓ ( သေချာတောင်မြင်ရတာမဟုတ်ဘူးလေ၊ ပြတိုက်ထဲမှာ အခြားလက်ရာကောင်းတွေအများကြီးရှိမှာ သေချာပါတယ်)

ဈေးကြီးတဲ့လက်ရာဖြစ်နေလို့လား❓ (ဒေါ်လာသန်း 860 တန်တယ်ဆိုပေမယ့် Code of Hammurabi လို အခြားဈေးကြီးတဲ့ ရှေးဟောင်းလက်ရာတွေအများကြီးရှိပါတယ် )

ရေးဆွဲသူကြောင့်လား❓  ( Da Vinci ဒါဗင်ချီ က အခြားပန်းချီကားတွေကိုလဲ ရေးဆွဲခဲ့ပါတယ် The Virgin and Child နဲ့The last Supper လို အခြားပန်းချီကားတွေအပါအဝင်ပေါ့ )

သေချာတာတစ်ခုကတော့ ကျန်တဲ့ပန်းချီကားတွေကို ကျွန်တော်တို့မသိဘူး ၊ မိုနာလီဇာ အပြုံး ဆိုတာကတော့ ကျောင်းမှာကတည်းက သင်ရတဲ့အတွက် ကျွန်တော်တို့အားလုံးသိနေကြတယ်။ 

⭐လူအများသိခြင်း ဆိုတာ တန်ဖိုး ကို ဖြစ်စေတယ်။ ⭐

ဒါကိုပဲ ကျွန်တော် မာသင်က  "မိုနာလီဇာအပြုံး ရိုက်ခတ်မှု" Mona Lisa Smile Effect လို့အမည်ပေးထားတယ်။ 

စီးပွားရေးမှာ လဲ "မိုနာလီဇာ"ရဲ့ အပြုံးက ရိုက်ခတ်မှု ရှိတယ်။ 

ဘယ်လိုရိုက်ခတ်သလဲ ဆိုတော့.. 

တစ်ခါတစ်ရံ မှာ ..

💠ကိုယ့်ထုတ်ကုန်ရောင်းအားမတက်တာ .. ကွာလတီမကောင်းလို့မဟုတ်ဘူး၊....လူသိ မများသေးလို့။ 

💠ကိုယ့်ဆိုင်မှာ လူမရှိတာ.. စားမကောင်းလို့မဟုတ်ဘူး၊
လူသိ မများသေးလို့။ 

💠ကိုယ့်ဖန်တီးမှု ကို လူမကြည့်တာ .. လက်ရာမကောင်းလို့မဟုတ်ဘူး၊ .....လူသိ မများသေးလို့။ 

လူသိ များအောင် "ဘရန်းမားကက်တင်း" လုပ်ဖို့လိုတယ်။ 

👉 ဆိုင်ခန်းအပြင်အဆင်မှာပဲ ပိုက်ဆံတွေထဲ့ပြီး ဘရန်းမားကက်တင်း မလုပ်ရင် ..ခင်ဗျား ကို မိုနာလီဇာ က ပြုံးကြည့်နေတယ်။😁

👉 ထုတ်ကုန်ထဲမှာ ပိုက်ဆံတွေအများကြီးထဲ့ပြီး ဘရန်းမားကက်တင်း မလုပ်ရင်..ခင်ဗျား ကို မိုနာလီဇာ က ပြုံးကြည့်နေတယ်။ 😁

👉  လုပ်ငန်းထဲမှာ ပိုက်ဆံတွေအများကြီးရင်းထားပြီး ဘရန်းမားကက်တင်း မလုပ်ရင်.. 

ခင်ဗျားကို ..  ကျွန်တော် "မာသင်" ပြုံးကြည့်နေတယ်..😁

ဘာဖြစ်လို့လဲ ဆိုတော့ .. "ဘရန်းမားကက်တင်း" ဆိုတဲ့စာအုပ်ကို ကျွန်တော် ရေးထားလို့။ 

ဘရန်းမားကက်တင်း စာအုပ် တောင် မိုနာလီဇာ အပြုံးကြောင့် ရောင်းရလွန်းလို့ထုတ်ဝေမှုတောင် (၆) ကြိမ်ရှိသွားပြီ။ 

ခုမှ ထွက်တာ.. သိပ်မကျန်တော့ဘူး။

နောက်ကျရင်တော့ .. မရတော့ဘူး။ 

ရောင်းတာ မဟုတ်ဘူး၊ ပြောပြတာ။ 

မှာယူမယ်ဆိုရင် .. မကုန်ခင် လက်ဦးအောင် ခုပဲ မက်ဆေ့ပေးပို့ဆက်သွယ်ပါ။ 

ဒီနေ့မှာရင်  မနက်ဖြန်ပို့ပေးမယ်။ 

မဝယ်လဲ ရတယ်... လုပ်ငန်းထဲမှာတော့ ပိုက်ဆံတွေအများကြီးရင်းထားပြီး .. ဒီစာအုပ်ဖိုးလေးမှ မရင်းရင် "မိုနာလီဇာအပြုံး" က ခင်ဗျားကို ခြောက်လှန့်နေလိမ့်မယ်။  ။ 😁ဟဲဟဲ
..မကြောက်တတ်ရင် မန့်မှာကြည့်ပါ👇

#မာသင်
#ဘရန်းမားကက်တင်းစာအုပ် (၆ကြိမ်မြောက်)

Post a Comment

Previous Post Next Post

Comments