ငွေရှာဖို့မပျင်းပါနဲ့ ❌

ငွေရှာဖို့မပျင်းပါနဲ့ ❌
🙅‍♂️🙅‍♂️🙅‍♂️🙅‍♂️🙅‍♂️🙅‍♂️🙅‍♂️


 ငွေရှာဖို့မပျင်းပါနဲ့
 ရွှေရှိ ငွေရှိမှ ဆွေမျိုးတော်ချင်တဲ့
 အမျိုးတုတွေ ရှိနေသေးတာမို့..။

 ငွေရှာဖို့မပျင်းပါနဲ့
 ကျွေးနိုင် မွေးနိုင်မှ
 ပေါင်းသင်းချင်တဲ့ မိတ်ဆွေအတုတွေရှိနေသေးတာမို့..။

 ငွေရှာဖို့မပျင်းပါနဲ့
 မင်းညံ မင်းအ တယ် မင်းတုံးတယ်ဆိုပြီး
 အပစ်ပေါင်းစုံပြောနေတဲ့ လူတွေကို
 ဒီငွေကပဲ မင်းတော်တယ်
 မင်းကောင်းတယ်ဆိုပြီးပြောလာအောင် လုပ်ပေးနိုင်တာမို့..။

 ငွေရှာဖို့မပျင်းပါနဲ့
 မင်းမှာ ငွေရှိမှ မင်းရဲ့မိဘနှစ်ပါး 
 အေးချမ်းစွာ အနားယူနိုင်မှာမို့..။

 ငွေရှာဖို့မပျင်းပါနဲ့
 မင်းမှာ ငွေရှိမှ မင်းရဲ့မိသားစု
 လူတွေ အနိမ္မခံ အပြောမခံရမှာမို့..။

 ငွေရှာဖို့မပျင်းပါနဲ့
 မင်းမှာငွေရှိမှ မင်းမှာအိမ်ကြီးအိမ်ကောင်းရှိမှ
 မင်းမှာ ကားအကောင်းစား ဆိုင်ကယ်အကောင်းစား ရှိမှ
 သူလိုအပ်သမျှ မင်းဖြည့်ဆည်းပေးနေမှ
 မင်းကိုအရမ်းချစ်ပြနေမယ့် လူတစ်ယောက်ရှိနေမှာမို့..။

 ငွေရှာဖို့လဲမပျင်းပါနဲ့
 ကတ်စေးလဲကုတ်မနေပါနဲ့
 ပေးသင့်တဲ့ လူကိုပေးလိုက်ပါ

 ကျွေးသင့်တဲ့ လူကိုကျွေးလိုက်ပါ
 သုံးသင့်တဲ့ နေရာမှာသုံးလိုက်ပါ
 ပိုက္ဆံကို အလကားဖြုံးတီးမပြစ်လိုက်ပါနဲ့မိတ်ဆွေ..။

 ငွေဆိုတာက လူတိုင်းကို ပြောင်းလဲစေနိုင်တဲ့ ခေတ်ကြီးမို့..။

#credit_to_the_original_creater_of_photo

Post a Comment

Previous Post Next Post

Comments