ဘယ်အရာမှ မမြဲပါဘူး

ဘယ်အရာမှ မမြဲပါဘူး
 ~❀❀ ❀ ❀❀~


ကိုယ့်ဆီက ထွက်သွားချင်သူကိုလည်း
ဆွဲထားခွင့် မရှိသလို...
တားဆီးပိုင်ခွင့် ဆိုတာလည်းမရှိပါဘူး။

လူတစ်ယောက်ကို ချစ်မိပြီဆိုရင်
သူ့စိတ်ကိုလည်း ချစ်တတ်ရတယ်
သူ့စိတ်ကို ချစ်တတ်မှ သူ့အကြိုက် သူ့စရိုက်ကို နားလည်လာမှာပါ။

သူ့စရိုက်နဲ့ သူ့ဗီဇကိုနားလည်လာတဲ့အခါ
သူ့ဘဝနဲ့ကိုယ့်ဘဝ ထပ်တူကျဖို့ မဖြစ်နိူင်ရင်
မလွန်ခင်က စွန့်လွှတ်သင့်တာစွန့်လွှတ်တတ်ရတယ် 
မစွန့်လွှတ်နိူင်သေးရင် ခွင့်လွှတ်ပေးပြီး နားလည်မှုတွေ ထားတတ်ဖို့က လိုသေးတယ်။ 

ခွင့်လွှတ်ခြင်းတွေပေးပြီး ကိုယ့်ရဲ့စိတ်ကို
ကိုယ်နှိမ့်စက်သလို မပြတ်မသားနဲ့ ဝဋ်ကြွေးဆိုပြီး ခေါင်းစဉ်မတပ်ပါနဲ့။
အချစ်ဆိုတာ များများချစ်လေ များများပူလောင်လေပါပဲ။

လမ်းခွဲ ခြင်းဆိုတာ ကံကြမ္မာနဲ့မဆိုင်ဘူး 
တစ်ဖက်လူရဲ့ သစ္စာစောင့်ထိန်းမှုနဲ့ပဲဆိုင်ပါတယ် ။
ကိုယ့်ဘက်က ပြတ်သားနိူင်သူ ဖြစ်ဖို့က နောင်မှရတဲ့ နောင်တထက်တော့ ပိုအလေးသာပါတယ် ။

ချစ်တဲ့သူတိုင်း သစ္စာရှိပါစေ
သစ္စာရှိသူတိုင်း တွဲလက်ခိုင်မြဲပါစေ
တွဲတဲ့လက်တိုင်း လူသားဆန်ပါစေ
လူလူချင်းစာနာစိတ်လေးနဲ့ ကိုယ်ချင်းစာတတ်ပါစေ။
မေတ္တာတရား နဲ့ အေးချမ်းပါစေ ။

#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧

Post a Comment

Previous Post Next Post

Comments