ကင်းမွန်ဝက်သား သံပုရာပေါင်း

#ကင်းမွန်ဝက်သား သံပုရာပေါင်း


ကင်းမွန်ကို ရှာလကာရည်နှင့် စိမ်ထားပေးပါ။ ဝက်သားကို ကြက်သွန်မြိတ် ဆား သကြား ငရုတ်ကောင်း အချိုမှုန့် ခရုဆီ ထည့်ပြီး ကြိတ်ထားပေးပါ။ ကင်းမွန်ကိုယူ ကြိတ်ထားသောဝက်သားကိုအစာသွပ် ပေါင်းအိုးအလယ်ကန့်အသုံးပြုပြီး ၄၀မိနစ်ခန့်ပေါင်းပေးပါ။ သံပုရာရည် သကြား ကြက်သားမှုန့် ငံပြာရည် ပူတီနံရွက် လှီးထားသောငရုတ်သီး ထည့်ပြီး အချဉ်ဖျော်ပေးပါ။ ဆလပ်ရွက်ပေါ် ပေါင်းလို့ရလာတဲ့ ဝက်သားအစာသွပ်ထားသောကင်းမွန် အပေါ်မှ ဆမ်းကာ သံပုရာကွင်းနဲ့ အလှဆင်ပြီး စားနိုင်ပါပြီ။

Credit : မူရင်း
PT@credit

Post a Comment

أحدث أقدم

Comments