ကြက်သံပုရာပေါင်း

#ကြက်သံပုရာပေါင်း


အရင်ဆုံးကြက်သားကိုတစ်ကောင်လုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။ ပြီးမှ ဂျင်းကိုထောင်းရလာတဲ့အရည်ကို ကြက်သားနေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်းနေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။ ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ကြက်သားကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။

ကြက်သားရပြီဆို ဆယ်ပြီး အအေးခံ။ ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင်ထောင်း ( မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်စိုး၍မထည့်တော့ပါဖူး ) ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ် (သို့) ကြက်ပေါင်းတုန်းက ထွက်လာတဲ့ အသားဓာတ်အချိုရည်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။ ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် သမအောင်မွှေ။ ဆော့စ်ရပြီဆို ကြက်သားပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။ စားချင်စရာ #ရှုးရှဲကြက်သံပုရာပေါင်းလေးရပါပြီ။ 

ထန်းလျက်မကြိုက်ရင် သကြားအစားထိုးသုံးလို့ရတယ်နော် fri တို့ရေ…

{ မိမိဘာသာမူရင်းစာသားများအား ပြုပြင်ခြင်း CopyယူLinkပြုလုပ် စီးပွားရှာခြင်းသည်းခံပါ }

Credit : Ma May Moe Phyu
Credit : pose&post

Post a Comment

أحدث أقدم

Comments