ဆရာ မပြရင်ငပိဖုတ်​တောင်နည်းမကျဘူးဆိုတာတကယ်မှန်ပါတယ် ၊ကြက်သား​​ကြော်

ဆရာ မပြရင်ငပိဖုတ်​တောင်နည်းမကျဘူးဆိုတာတကယ်မှန်ပါတယ် ၊ကြက်သား​​ကြော်တယ်ဆိုတာဘာမှထူးဆန်းတာလဲမဟုတ်,ခက်ခဲတာလဲမဟုတ်ဘူး​ဆို​ပေမယ့် ခုလိုပုံကျပန်းကျမွမွချိုချိုအိအိ​လေးဖြစ်ဖို့​တော့စ​ကေးလိုပါတယ်၊စားချက်အဖွဲ့ကြီးနဲ့​တွေ့မှခုလိုပုံ​လေး​ကြော်တတ်တာမို့ပြန်မျှ​ဝေတာပါရှင်


          အ​ရေးကြီးဆုံးက၆၀သားအရွယ်ဗမာကြက်နုနု​လေးရဖို့ပါ၊ကျမတို့နယ်မှာ​တော့ဗမာကြက်က​စျေးကြီးပေမယ့်ရှားရှားပါးပါးမဟုတ်ပါဘူး၊အချိန်မ​ရွေးဝယ်လို့ရသလိုကြက်နီမနဲ့လဲညာ​ရောင်း​လေ့မရှိပါဘူး၊​ခြေ​ထောက်နှုတ်သီးအမဲနဲ့ဗမာကြက်ရှိသလိုခြေ​​ထောက်အဝါ​ရောင်လဲရှိပါတယ်​၊တ​ကောင်လုံးကို၄ပိုင်းဘဲပိုင်းပြီး​ရေ​ဆေးသန့်စင်ပါတယ်၊ ပြီးရင်ချိုငန်အရသာသွင်းပါမယ်၊နနွမ်းအနည်းငယ်ထည့်နယ်ပြီး၁နာရီ​လောက်နှပ်ထားပါတယ်၊ဒယ်ပိုင်းမှာ​ရေအနည်းငယ်ထည့်ပြီးဆူလာရင်ကြက်သားတုံးများထည့်ပါ၊အဖုံးအုပ်ပြီးရေခန်းတဲ့အထိတည်ပါမယ်၊ပြီးလျှင်ဆီပူအိုးတည်ပါမယ်၊ပဲဆီကိုဘဲသုံးပါတယ်၊ဆီများများ​လေး​တော့ထည့်ရပါမယ်​နော်၊ဆီကျက်လျှင်ကြက်သား၃တုံး​လောက်ဆီ မီးအနည်းငယ်ပြင်းပြင်း​လေးနဲ့​ကြော်ပါမယ်၊နီရဲလာလျှင်တဖက်လှန်​ကြော်ပါ၊ကြက်သားတုံးမှဆီမြှုပ်​လေးများမ​​ပျောက်ခင်စားပါကအရသာအ​ကောင်းဆုံးမို့ကျမက​တော့ထမင်းပွဲပြင်ခါနီးမှ​ကြော်ပါတယ်၊ကြက်သားအရည်ခွံနီကြွပ်ပြီးအတွင်းသားနူးအိကာ သား​တော်​မောင်​တွေစကားနဲ့​ပြောရရင်အရမ်းjuicyဖြစ်ပါတယ်၊အရသာအ​ကောင်းဆုံး​တွေကိုသာ​ပေးချင်တာကမိသားစုအ​ပေါ်ထားတဲ့ကျမတို့အိမ်ရှင်မ​တွေရဲ့စေတနာ​မေတ္တာ​တွေဘဲမဟုတ်ပါလားရှင်🤗

Post a Comment

أحدث أقدم

Comments