ခေါက်ဆွဲကြိုက်တဲ့သူတွေအတွက် စားလို့အရမ်းကောင်းတဲ့😋😋
#ဆီချက်ခေါက်ဆွဲလုပ်နည်း😋😋
ကြက်သားဆီချက်ခေါက်ဆွဲ{🍝🍝}
#ပါ၀င်ပစ္စည်းများ....
(၁) ခေါက်ဆွဲ
(၂) ကြက်သား
(၃) ဆီ
(၄) ကြက်သွန်ဖြူ
(၅) အရသာမှုန့်
(၆) ပဲငံပြာရည် {အနောက်ရည်}
(၇) ကြက်သွန်မြိတ်
(၈) ငရုတ်ကောင်းမှုန့်
#ပြုလုပ်နည်း.....
(၁) ကြက်သားပြုတ်ပြီးပါးပါးလှီးထားပါ။
(၂) ကြက်သွန်ဖြူကိုမီးအေးအေးဖြင့် ဆီချက် ချက်ပြီး ကြက်သွန်ဖြူများဆယ်ထားပါ။
(၃) လှီးထားသောကြက်သားများကိုဆီချက်အနည်းငယ်နဲ့ (၃)မိနစ်ခန့်လှိမ်းပေးပါ။
(၄) ပြီးလျှင် ခေါက်ဆွဲကိုရေနွေးဆူဆူနဲ့ ပြုတ်ပြီးဆယ်ယူပါ။
(၅) ခေါက်ဆွဲပူနေချိန်မှာ အရသာမှုန့် ၊ ပဲငံပြာရည်အနည်းငယ်၊ လှိမ့်ထားသောကြက်သား၊ဆီချက်တို့နဲ့ ရောနယ်ပေးပါ။
{ပူနေချိန်နယ်ပေးခြင်းက ခေါက်ဆွဲသားကိုပိုအိစေပြီးအရသာ ကိုပို၀င်စေပါတယ်။
(၆) ရရှိလာသောခေါက်ဆွဲပေါ်သို့ကြက်သွန်ဖြူ ဆီချက်၊ကြက်သွန်မြိတ် ၊ ငရုတ်ကောင်းအနည်းငယ်ဖြူးပါ။
ဒါဆို ရင် ကြက်သားဆီချက်နံ့လေးနဲ့ မွှေးပျံနူးအိနေသော ဆီချက်ခေါက်ဆွဲလေးကို သုံးဆောင်လို့ရပါပြီရှင့်....
အဆင်ပြေကြပါစေ။
Credit မူရင်း
..........အိမ်ချက် ဆီချက်ခေါက်ဆွဲလုပ်နည်း
မေးထားသူတွေအတွက်🍝🍝
#ပါဝင်တာတွေက
ကြက်သား
ကြက်အရေခွံ
ကြက်သွန်ဖြူ
ကြက်သွန်မိတ်
ကြက်သားမှုန့်
ပဲငံပြာရည်အကြည်
ငရုတ်ကောင်းမှုန့်
ခေါက်ဆွဲအစို(သို့)ခေါက်ဆွဲအခြောက်
ဆီ
#ပြုလုပ်နည်း
ကြက်အရေခွံကို ရေဆေးပြီး အရာသာနယ်ပါ
ဒယ်အိုးတည်ပြီးကြက်အရေခွံတွေထည့်ပြီး လှိမ့်ပေးပါ၊ကြက်အရေခွံတွေကြွပ်လာတဲ့အထိ လှိမ့်ပေးပါ
သူ့ဘာသာ ကြက်အဆီတွေ ထွက်လာပါလိမ့်မယ်
ဆီပေါက်တတ်တာကိုတော့ သတိထားပါ
ကြက်သားကို ရေဆေးပြီး ဆား၊အချိုမှုန့်၊ငံပြာရည်နဲ့နယ်ပြီးကြက်သွန်ဖြူ၊ဂျင်းဓားပြားရိုက်ပြီး အသားနူးအောင်ပြုတ်ထားပါ၊ နူးရင်တော့ အသားလေးတွေ ထွင်ထားပါ
ကြက်သွန်ဖြူကို ထောင်းပါ ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ပါ၊မီးမကျွင်းအောင် သတိထားပါ ကြက်သွန်ဖြူဆီချက်ရပါပြီ
ခေါက်ဆွဲအစိုကို သုံးမယ်ဆို ရေနွေးဆူတဲ့အထဲကို ခေါက်ဆွဲထည့်ပြီး ပြန်ဆယ်ပါ
ခေါက်ဆွဲအခြောက်သုံးရင်တော့ ခေါက်ဆွဲကိုပြုတ်ပပြီး ရေဆေးလိုက်ပါ
#ပြင်ဆင်နည်း
ခေါက်ဆွဲထည့်ပါ၊ကြက်သားမျှင်ထည့်ပါ၊ကြက်အခွံဆီ၊ကြက်သွန်ဖြူဆီချက်၊ကြက်သားမှူန့်၊ပဲငံပြာရည်အကြည်၊ငရုတ်ကောင်းမှုန့်၊ကြက်သွန်မိတ်၊ကြက်သားမှုန့်၁ဇွန့်ထည့်ပြီး မွှေလိုက်ပါ
ဒါဆို အရသာရှိတဲ့ အိမ်လုပ်ကြက်သားဆီချက်ခေါက်ဆွဲလေးရပါပြီနော်
ကြက်သားအပြင် ဝက်သား၊ဘဲသားတို့နဲ့လည်း ဒီနည်းအတိုင်းလုပ်စားလို့ရပါတယ်
ကြက်အရေခွံကို ကြက်သားဆိုင်မှာဝယ်လို့ရသလို၊ကြက်သားဝယ်ရင် အရေခွံထားတွေဆုပ်ထားပြီးလည်း လုပ်လို့ရပါတယ်
တကယ်လို့ အရေခွံမရှိလည်း ကြက်သွန်ဖြူဆီချက်လေးနဲ့ပဲ စားလည်းကောင်းပါတယ်နော်
#ဆီချက်ခေါက်ဆွဲလုပ်နည်း
#ကြက်သားဆီချက်ခေါက်ဆွဲလုပ်နည်း
#Credit

إرسال تعليق