#ဆီဆွေးချက်
ဆီသွေးကို ပဲဆံထက်ခြမ်းခွဲထောင်းထည့်ပြီး ကြက်သွန်နဲ့ကြော် အချဉ်ဟင်းနဲ့ဘက်
#ဆီနယ်ချက်
ဆီနယ်ကို ခရမ်းချဉ်သီးနဲ့ဆီပြန်ချက် မြေပဲဆံကြော် ပဲလှော်သုတ်လေးနဲ့တွဲစား
#နှမ်းဖတ်ချဉ်
ကြော်စား ရှောက်ရွက် ငြုတ်သီးစိမ်းလေးနဲ့သုတ်စား ရှယ်ကောင်း
#ဆီဆွေးဆိုတာက ပဲဆံလည်း မဟုတ်တော့ဘူး၊ ဆီလည်းမဖြစ်သေးဘူး၊ ကြားထဲက စပ်ကူးမတ်ကူး အနေအထားကိုခေါ်တာ။
#ဆီနယ်ဆိုတာကတော့ အိမ်မှာဆီကိုကိုယ်တိုင်ကြိတ်စားတဲ့သူတွေသိကြပါတယ်။ ကြိတ်ဆီကို အနယ်ထိုင်ပြီးရလာတဲ့ အောက်က အနယ်လေးတွေကိုပြောတာ။
ကြော်စားချက်စားရင် မွှေးနေတာ။
#နှမ်းဖတ်ချဉ်ဆိုတာကတော့
ဆီကြိတ်ပြီးရလာတဲ့ ကြက် ဝက် နွား ငါး အကုန်ကျွေးလို့ရတဲ့ ပဲ နှမ်း နပတ်တွေကို အချဉ်တည်ပွခိုင်းပြီး လူစားလို့ရအောင် စီမံထားတာပါလို့
#ကိုသက်
#Photos Credit

إرسال تعليق