သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်


နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို 
သူ့မိတ်ဆွေကမေးတယ် ...
 တစ်နေကုန်အလုပ်လည်းပင်ပန်းလာပြီးပြီ 
ရတဲ့လစာလေးကလည်းနည်းနည်း 
ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ ??? 

သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် ...
လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်မရဲ့အဖေဟာ 
သူစုထားတဲ့ငွေဘတ်၈သိန်း ကိုအဖိုးရဲ့
ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ် 
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က 
ကျွန်မရဲ့၁၀နှစ်စာစုမိထားတဲ့
ငွေ ဘတ်၂သန်း လည်း ကျမ ရဲ့
အဖေ့ကျန်းမာရေးအတွက်
 အကုန်ခံကုသခဲ့ရပြန်တယ် 

ကျွန်မတို့ ၂မျိုးဆက်လုံး (Generation) ဟာ
 ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေ
လုပ်ခဲ့ရတယ် ၊ ကျွန်မရဲ့သားသမီးတွေကို 
ကျွန်မလို ဒုက္ခမပေးချင်ဘူး 
မျိုးဆက်နံပါတ် ၃ ကိုလည်းဆေးရုံအတွက် 
ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင်
 ဒီနေ့ ကျွန်မကျန်းမာတုန်း မဖျားမနာတုန်း 
ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။ 

✔️ကျန်းမာရေးကိုဂရုစိုက်ကြပါ ...
✔️ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် 
စရိတ်ဘယ်လောက်ကြီးကြီး
 ဆေးရုံဆေးခန်းကုသစရိတ်
 ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ 

သင့်ကို ကျန်းမာရေးဂရုစိုက်ပါလို့လာပြောတဲ့ 
မိတ်ဆွေအပေါင်းသင်းတွေကိုကျေးဇူးတင်လိုက်ပါ 

လူတော်တော်များကျန်းမာရေးဂရုမစိုက်ဖို့
 ပေးလေ့ရှိတဲ့အကြောင်းပြချက်တွေက 
- စိတ်မဝင်စားဘူး
- မလိုအပ်သေးဘူး
- အချိန်မရှိဘူး 

သင့်ပိုက်ဆံအိပ်ထဲက ပိုက်ဆံကိုကုန်အောင် 
ဆရာဝန်စကား (၃)ခွန်းပဲပြောမှာပါ 
- သင့်ရဲ့ကျန်းမာရေးအရမ်းဆိုးဝါးနေပါပြီ
- ခင်ဗျားကံကောင်းသေးတယ် 
    ကုသလို့ရေသးလို့ 
- ဒါပေမယ့် " ပိုက်ဆံ ကုန်ကျစရိတ် "တော့များမယ်

သင့်ရဲ့နှစ် ၃၀လောက်စုထားတဲ့ငွေကို 
ဆရာဝန်က ၃မိနစ်အတွင်းအရယူသွားလိုက်ပါပြီ 

🍃ကျန်းမာရေးကိုဂရုစိုက်ကြပါ
🍃ခန္ဓာကိုယ်ရဲ့ကလီစာတွေဟာစျေးအရမ်း 
 ကြီးတယ်
🍃 အဲဒီ ကလီစာတွေက လွယ်လွယ်ကူကူ
      ရှာဝယ်လို့မရပါဘူး 

အသက်ငယ်သေးလို့ ကျန်းမာရေး
ကောင်းပါသေးတယ်ဆိုတာ အကြောင်းပြချက်ပါ ၊ 
ဒီနေ့သတင်းစာမျက်နှာတွေပေါ်မှာ 
ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးတဲ့လူဦးရေ
အရမ်းများပါတယ် 

" ကျန်းမာရေးကောင်းရင် 
အနာဂတ်အတွက်လုံခြုံရပါတယ် "

မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်.

Copy from.Dancing Leaves
#credit....
မေတ္တာဖြင့် မျက်၀န်း ( စကားဝါမြေ )

Post a Comment

Previous Post Next Post

Comments