ချစ်နေရင်းနဲ့ သိပ်မုန်းတဲ့ အရသာကို
တစ်ပြိုင်နက် ခံစားဖူးကြလား ???
သိပ်ချစ်လွန်းလို့ လက်တွဲခဲ့တာမို့
စွန့်လွှတ်နိုင်တဲ့စိတ်မရှိသလို
ကိုယ့်ကို အမျိုးမျိုး စိတ်ဆင်းရဲစေတတ်ခဲ့လို့လည်း
သိပ်မုန်းပါတယ် ။
တစ်ခါတစ်ခါ အရမ်းချစ်လို့ အပြစ်မမြင်ရက်ပေမဲ့
တစ်ခါတစ်ခါ သိပ်မုန်းလွန်းလို့ စွန့်ပစ်ချင်ခဲ့တယ် ။
ဒါကိုမှ ထွက်မပြေးနိုင်ဘဲ
ဝဋ်ကြွေးရှိလို့ ခံရတယ်ဆိုတဲ့ စိတ်နဲ့
ကံကို ပုံချပြီး နေပြနေရတာပါပဲ ။
ကိုယ် ညံ့ဖျင်းတာ ကိုယ် ရှုံးတာကို
မဆိုင်တဲ့ အကြောင်းအရာတွေပေါ် ပုံချပြီး
ဝန်ခံပြနေတာနဲ့ အတူတူပါပဲ ။
စိတ်နဲ့နှစ်ပြီး ချစ်ပြခဲ့လို့ ထင်ပါတယ် ။
စိတ်ဆင်းရဲမှုတွေပဲ ပေးခဲ့တယ် ။
စိတ်နဲ့နှစ်ပြီး ချစ်ခဲ့လွန်းလို့ ထင်ပါတယ် ။
အရမ်းကိုပဲ နာကျင်ရတယ် ။
အရမ်းချစ်ပြတဲ့အခါ တန်ဖိုးမဲ့သွားတဲ့ အချစ်အတွက်
ဥပေက္ခာတွေနဲ့ စျေးဖြတ်သွားကြတယ် ။
အလွယ်တကူ မချစ်တတ်လို့
အလွယ်တကူ မုန်းဖို့ မကြိုးစားတဲ့သူကိုမှ
အချိန်တန်ရင် ပစ်ချသွားမယ်ဆိုတဲ့အတွေးနဲ့
အချစ်ဆိုတဲ့ စကားကို ဖွဲ့ဖွဲ့နွဲ့နွဲ့ သီဆိုချက်တွေသုံးပြီးနှလုံးသားကို ဘာလို့များ မြူဆွယ်ဖြားယောင်း
လိမ်ညာတောင်းဆိုရက်ခဲ့သလဲကွယ် ???
ဒါပေမဲ့လည်း နှလုံးသားနဲ့ရင်းပြီး ချစ်ခဲ့ပေးပြီးပြီပဲ
မုန်းလို့ စွန့်ပစ်နိုင်တဲ့ အတွေးမရှိသေးတာမို့
ချိုချိုခါးခါး ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာမို့
ရှင်သန်နေသ၍ ဆက်လို့ချစ်နေမယ် ။
ဒါကြောင့် ....
ချစ်လည်းချစ်တယ် မုန်းလည်းမုန်းတယ်ဆိုတဲ့စိတ်နဲ့
ဆုပ်လို့ပဲ စူးစူး စားလို့ပဲ ရူးရူး အရသာထူးပြီး
ချစ်လျက်နဲ့ ဆက်၍ မုန်းနေပါဦးမည်ကွယ် .....
#မယ်စော

Post a Comment