အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက် ပေါက်ကွဲသွားတဲ့အခါ

အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက်
ပေါက်ကွဲသွားတဲ့အခါ


ဒီလောက်လေးနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူးဆိုတဲ့
စကားတွေနဲ့
အပြစ်တွေ တင်တတ်ကြတယ် ။

အမြဲတမ်း နားလည်ပေးနေတဲ့လူတစ်ယောက်က
နားလည်မပေးတော့တဲ့အခါ
ဒီလောက်လေးတောင် နားလည်မပေးနိုင်ဘူးလားဆိုတဲ့
စကားတွေနဲ့
စကားနာထိုးတတ်ကြတယ် ။ 

ဘယ်အရာမဆို
အတိုင်းအတာ ဆိုတာရှိတယ်ဆိုတာမှန်း
လူတိုင်းက နားမလည်တတ်ကြဘူး 

သူတို့မှ မနာကျင်ဖူးရင်
သူတို့မှ မနစ်နာဖူးရင်
သူတို့ ဖြစ်တာမှ မဟုတ်ရင်
ဒဏ်ရာဆိုတာကို
သူ့တို့က ဟာသလို့ပဲ ထင်ကြတာ ။ 

#ကျေးကို

Post a Comment

Previous Post Next Post

Comments