"ဥပေက္ခာဆိုတာပေးသူထက်
ယူတဲ့သူကသင်ပေးလိုက်တဲ့ပညာ''
ဘယ်သူဖြစ်ဖြစ် ခင်ပြီဆို
စိတ်ရင်းနဲ့ခင်လိုက်ရမှ...
ဘယ်သူ့ကိုမဆို သူ့နေရာမှာ
ကိုယ်သာဆိုတဲ့ ကိုယ်ချင်းစာတဲ့စိတ်လေးထားလိုက်ရမှ...
ဘယ်လိုအဆင့်အတန်းရှိရှိ(ကြီးကြီး၊ငယ်ငယ်)
ကိုယ့်ဘက်က မှားနေရင်
ပြန်တောင်းပန်လိုက်ရမှ...
ဒါပေမဲ့...
ဘယ်သူပဲဖြစ်နေပါစေ
ကိုယ့်ကိုဂရုမစိုက်ရင်
ကိုယ်ဘက်ကလဲဥပေက္ခာပြုဖို့အဆင့်သင့်ပဲ....
တဖက်သက်ကြီး ကိုယ့်ဘက်ကအမှားမရှိပဲ...
နောင်တတော့ရမနေဘူး...
သင်ခန်းစာတော့အရယူသွားလိုက်တယ်...
အဲ့ဒါက ဥပေက္ခာ နဲ့ထိုက်သူအတွက်
ဥပေက္ခာ ပေးတက်ပြီး...
မေတ္တာနဲ့ထိုက်သူကိုမေတ္တာပေးတက်လာခြင်းပဲ...
ဘဝမှာကိုယ်ကမှားနေရင်
သူတောင်းစားဖြစ်နေပါစေ
တောင်းပန်ဖို့ဝန်မလေးသလို...
အရှင်ဘုရင်ဖြစ်နေပါစေ...
ကိုယ့်ဘက်ကမှန်နေရင်...
ဂရုစိုက်နေမှာမဟုတ်ဘူး...
တောင်းပန်တတ်ခြင်းက...
ယဉ်ကျေးမှု တစ်ခုဆို...
ဂရုမစိုက်တတ်ခြင်းကလဲ
အနုပညာတစ်ခုပါပဲ....
လေးစားစွာဖြင့်
MayHsu(ရာမညမြေ)

Post a Comment