ထမင်းကြော်နည်းရဲ့ လျှို့ဝှက်ချက်...😋
==========================
ဆိုတာ ပုံမှန်ထက်မာအောင်ချက်ထားတဲ့ထမင်းကသာ ပိုမိုကောင်းစေတာပါ ယခုပုံထဲကလိုပေါ့ ကြော်တဲ့ ဘဲရီးကတော့ ရုပ်ဆိုးပါတယ် 😌 ဒါကထား....
.
အသုံးပြုတဲ့ ဒယ်ကလည်း သံဒယ်နဲ့သာ အကောင်း
ဆုံးပါ။ ထည့်ချင်တဲ့ သီးနှံတွေကို လှီးထား ရေဆေးရေစစ်ပြီး ရေနွေးဖျော ရေနွေးထဲကိုလည်း ဆားအနည်းငယ်ထည့်ရင် ပိုကောင်းပါတယ်။ ရေနွေးဆူဆူနဲ့
ဖျောပြီး ရေခဲရေ အေးအေးနဲ့ပါဝင်သီးနှံကို ပြန်စိမ်ပြီးဆေးလိုက်တာက ကြွပ်ဆတ်ဆတ်ဆိုတဲ့ ရသာကိုရတဲ့အပြင် ပုံမှန်ထက် သီးနှံတွေကပိုလှသွားစေတယ်။
.
ကဲဗျာ ထမင်းကြော်မယ်ပေါ့ ရိုးရိုးလေးပါပဲ
ဗမာထမင်းကြော်မယ်ဆို လဘက်နဲ့စိမ်းစားငပိအနည်းငယ်ပါတာကပိုကောင်းတယ်ဗျာ့ တရုတ်ထမင်းကြော်ဆို တရုတ်နံနံနဲ့ တရုတ်မဆလာပါဝင်တာမျိုးလောက်ပါ။ ပြောရရင်
ထူးမခြားနားပဲပေါ့ဗျာ။
.
ဒယ်ထဲဆီထည့် ဆီပူတော့ ကြက်သွန်ဖြူကို စင်းထားတာကိုထည့် ဓားပြားရိုက်တာနဲ့ စင်းတာဘာကွာလည်းမေး သတိထားမိရင် ရနံ့ကွာပါတယ် စင်းတာနဲ့ကြိတ်တာကွာသလိုမျိုး ထည့်ပြီးစကြော်ပြီပေါ့....... ကြက်သွန်ဖြူစင်းထားတာကစတာနော် 😊
.
ကြက်သွန်ဖြူလေး အရောင်ပြောင်းခါနီးရနံ့လေးမွှေးလာတော့ စားချင်တဲ့သားငါးပုဇွန်ထည့်ကြော်။ မီးလေးနည်းနည်းတင်ထား ကြက်ပြုတ်ရေလေးလောင်းပြီး အသားကိုထပ်ကြော် မီးလျော့ ထမင်းထည့် ရသာအတွက်က အိမ်မှာသုံးနေကြအတိုင်းရပါတယ်။ ခရုဆီနဲ့
ပဲငံပြာရည်လေးတော့ ပါရတာပေါ့။ ထမင်းထည့်ရသာထည့်ပြီးတာနဲ့ မီးကိုအပြင်းဆုံးနဲ့ကြော်လိုက်တာပါပဲ။
.
ထမင်းစေ့တစ်စေ့ချင်းရဲ့ အလှကိုသိချင်ရင် မျက်စိတစ်ဖက်ကို မှိတ် လက်တစ်ဖက်ကို အကွင်းလေးလုပ်ပြီး
မှန်ဘီလူး ကြည့်သလို မျက်စိတစ်ဖက်တည်းနဲ့ ထမင်းကြော်ကို ကြည့်ကြည့် အသားဖက်ကလေးတွေ
ကြက်ဥနဲ့ သီးနှံတွေထဲမှာ ကော့ပျံလန်နေအောင် လှနေတာ တွေ့ရမယ် 😊
.
ကော့ပျံလန်နေတဲ့ထမင်းကြော်ကို ဖိုကချကာနီးလေးမှာ မီးအကုန်လျော့ပြီးမှငရုတ်ကောင်းထည့်ပြီး ခလောက်ထားတဲ့ ကြက်ဥလေးတစ်လုံးလောက်ထည့်ပေးပြီး မီးအပြင်းဆုံးနဲ့ ကြော်လိုက်ရင်ရပါပြီ။
စားကောင်းကြပါစေ။ ဆေးဘက်ဝင်ပါစေ အာဟာရလည်း ဖြစ်ကြပါစေဗျာ။
😋😋
C. R. D

إرسال تعليق